ယနေ့ကစားမည့် ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယန်းဘွိုင်းစ် – မန်ယူ(မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် ည ၁၁း၁၅ နာရီ)
မန်ယူအတွက် ပထမဆုံး ပွဲထွက်ကစားခဲ့တဲ့ပွဲမှာ စီရော်နယ်လ်ဒို သွင်းဂိုး (၂)ဂိုးရတာက နှစ်ဦးနှစ်ဖက်အတွက် ကောင်းတယ်။ စီရော်နယ်လ်ဒိုအတွက် ယုံကြည်မှု ပိုရှိသွားစေသလို၊ အသင်းကိုလည်း အရှိန်အဝါပိုကြီးသွားစေတယ်။ ဒီရာသီ မန်ယူ ရဲ့ ချန်ပီယံလိဂ်အလားအလာက အရင်နှစ်တွေထက် အများကြီးပိုသာပါတယ်။ ယန်းဘွိုင်းစ်ကလည်း အခက်အခဲမရှိတဲ့အသင်းမျိုးဖြစ်လို့ မန်ယူ သေချာပေါက်နိုင်ပွဲယူမယ်။

ဆီဗီလာ – ဆာလ်ဇ်ဘာ့ဂ်(မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် ည ၁၁း၁၅ နာရီ)
ဆာလ်ဇ်ဘာ့ဂ်က ဒီဘက်နှစ်တွေမှာ စောင့်ကြည့်ရမယ့်အသင်း ဖြစ်လာတယ်။ ပြည်တွင်းလိဂ်မှာတော့ သိသိသာသာ လွှမ်းမိုးထားပြီး ဥရောပမှာလည်း အသင်းကောင်းတစ်သင်းဆိုတာကို သက်သေပြနေတယ်။ ဆီဗီလာအတွက် ခက်ခဲမယ့်ပြိုင်ဘက်၊ ပြိုင်ဘက်ကောင်းတစ်သင်းဖြစ်လိမ့်မယ်။ ဆာလ်ဇ်ဘာ့ဂ်ရဲ့တိုက်စစ်ကစားပုံနဲ့ ဆီဗီလာရဲ့ကျစ်လျစ်တဲ့ခံစစ်နဲ့ တန်ပြန်တိုက်စစ်ကို စောင့်ကြည့်ရမယ်။ ဆီဗီလာကို ကြိုက်တယ်။

myan789

ဘာစီလိုနာ – ဘိုင်ယန်မြူးနစ်(မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၅ ရက် နံနက် ၁း၃၀ နာရီ)
နာဂယ်စ်မန်းရဲ့ဘိုင်ယန်မြူးနစ်က အစောပိုင်းမှာ အထိုင်မကျသလိုပုံစံမျိုးမြင်ရပေမဲ့ နောက်ပိုင်းမှာတော့ တော်တော်လေးအားကောင်းလာတာကို တွေ့ရတယ်။ လီဝန်ဒေါစကီးက ဂိုးတွေသွင်းနေဆဲဖြစ်သလို၊ တိုက်စစ်ပိုင်းမှာ ကစားနေတဲ့ ကစား သမားတွေအားလုံး ဂိုးသွင်းစွမ်းရည်ရှိတယ်။ အသင်းလိုက်ဟန်ချက်ညီပြီး မာကျောတယ်။ စိတ်ပိုင်းဆိုင်ရာယုံကြည်မှုလည်း မြင့်မားတယ်။ ဘာစီလိုနာက မနှစ်ကထက် သိသိသာသာအားပျော့သွားတယ်။ လာလီဂါမှာ ကစားပုံမဆိုးပေမဲ့ အရင်လို အရှိန် အဝါမရှိတော့တာ သိသာတယ်။ ဥရောပမှာ ပိုပြီးရုန်းကန်ရနိုင်တယ်။ အထူးသဖြင့် ဘိုင်ယန်မြူးနစ်လိုအသင်းမျိုးကို ယှဉ်နိုင်ဖို့ခက်ပါတယ်။ ဘာစီလိုနာကွင်းဆိုပေမဲ့ ဘိုင်ယန်ကိုပဲ ကြိုက်တ

ဒိုင်နမိုကိဗ် – ဘင်ဖီကာ(မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၅ ရက် နံနက် ၁း၃၀ နာရီ)
ဒိုင်နမိုကိဗ်က ချန်ပီယံလိဂ်မှာ ပေါ်တစ်လှည့်၊ ပျောက်တစ်ခါဖြစ်နေတယ်။ ဘင်ဖီကာရဲ့အတွေ့အကြုံနဲ့ ခြေစွမ်းက ဒိုင်နမိုကိဗ်ထက် သာတယ်။ ဒါပေမဲ့ ခြေစွမ်းချင်း အရမ်းကွာနေတာမျိုးတော့ မဟုတ်ဘူး။ လက်ရှိရလဒ်ပိုင်းကိုကြည့်ရင် နှစ်သင်းစလုံး အားကောင်းနေကြတာတွေ့ရတယ်။ ဘင်ဖီကာ ပိုကောင်းပေမဲ့ ဒိုင်နမိုကိဗ်ကွင်းဖြစ်နေလို့ နှစ်သင်းစလုံး အခွင့်အရေး ရှိပါတယ်။ အိမ်ရှင်ကိုတော့ ပိုသဘောကျတယ်။

ဗီလာရီးယဲလ် – အတ္တလန်တာ(မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၅ ရက် နံနက် ၁း၃၀ နာရီ)
မနှစ်ကခြေစွမ်းအတိုင်းသာဆိုရင် အတ္တလန်တာက ပိုအန္တရာယ်ကြီးပြီး ပိုအားကောင်းတဲ့အသင်းဖြစ်တယ်။ ဒါပေမဲ့ ဒီရာသီ အတ္တလန်တာရဲ့အနေအထားက စိတ်ပျက်စရာပါ။ ဂတ်စ်ပါရီနီက အသင်းကို အမြင့်ပျံနိုင်အောင် သေသေချာချာတည်ဆောက်ခဲ့ပြီးမှ လွယ်လွယ်လေး ပြန်ဖျက်လိုက်သလို ဖြစ်သွားတယ်။ ဗီလာရီးယဲလ်က ပြည်တွင်းလိဂ်မှာ အခြေအနေမကောင်းပါဘူး။ ဒါပေမဲ့ ဒီပွဲတော့ ဗီလာရီးယဲလ်ကို ကြိုက်တယ်။

လိုင်လီ – ဝုလ်ဖ်ဘတ်(မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၅ ရက် နံနက် ၁း၃၀ နာရီ)
မနှစ်က အင်အားကြီး PSG ကို ကျော်ပြီး အမှတ်ပေးချန်ပီယံဖြစ်ခဲ့တဲ့ အသင်းတစ်သင်းအနေနဲ့ လိုင်လီရဲ့ လက်ရှိအနေအထားက အထင်ကြီးစရာပါ။ အဓိက ကစားသမားတွေကိုလည်း ဆက်ထိန်းထားနိုင်တာတွေ့ရတယ်။ ဝုလ်ဖ်ဘတ်ကလည်း ဂျာမနီမှာ အသင်းကောင်းတွေကိုကျော်ပြီး အဆင့် (၄) ရခဲ့တယ်။ ဒါပေမဲ့ တစ်ဦးချင်းစွမ်းရည်နဲ့ မြန်နှုန်းပိုမြင့်တဲ့ လိုင်လီကို ပိုကြိုက်တယ်။

ချယ်လ်ဆီး – ဇင်းနစ်(မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၅ ရက် နံနက် ၁း၃၀ နာရီ)
ချယ်လ်ဆီးက အသင်းကြီးတစ်သင်းလို ယုံကြည်မှုမျိုးဖြစ်သွားပြီ။ လက်ရှိချန်ပီယံအသင်းတစ်သင်းအနေနဲ့ ပိုမိုရင့်ကျက်လာတဲ့ခြေစွမ်းကို မြင်တွေ့ရမယ်လို့ ယူဆရတယ်။ အသင်းရဲ့အင်အားကလည်း တော်တော်လေးတောင့်တင်းပြီး ရှေ့၊ လယ်၊ နောက် နေရာစုံမှာ ကစားသမား (၂)ဦးစီလောက်ရှိနေတဲ့ အသင်းပါ။ အသင်းကို နည်းဗျူဟာပိုင်း စိတ်ကြိုက်ပြင်ဆင်နိုင်သလို၊ ပွဲပန်းမှာလည်း မပူရဘူး။ ချယ်လ်ဆီး အနိုင်သေချာပါတယ်။

မာလ်မို – ဂျူဗင်တပ်စ်(မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၅ ရက် နံနက် ၁း၃၀ နာရီ)
အယ်လီဂရီရဲ့ ဂျူဗင်တပ်စ်က သိပ်အားရစရာမရှိဘူး။ ပြည်တွင်းလိဂ်မှာလည်း နှစ်ပွဲဆက် ရှုံးပွဲတွေ့ပြီး ဖိအားများနေတယ်။ အသင်းအင်အားက မဆိုးဘူးဆိုပေမဲ့ အဓိက ကစားသမားတွေရဲ့ အကောင်းဆုံးပုံစံကို မတွေ့ရဘူး။ လူငယ်တွေကလည်း အသင်းကို အားကောင်းအောင် မလုပ်နိုင်သေးဘူး။ ဘာပဲဖြစ်ဖြစ် မာလ်မိုလိုအသင်းမျိုးကိုတော့ ကွင်းမရွေးဘဲ နိုင်သင့်ပါတယ်။ ဂိုးတော့ မပြတ်နိုင်ဘူးလို့ထင်တယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular