မြန်မာ့လက်ရွေးစင်အသင်း သမိုင်းတစ်လျှောက် စံချိန်တင်ဂိုးအပြတ်ဆုံးရှုံးနိမ့်မှုဖြင့် ဂျပန်ကို ရှုံးနိမ့်ခဲ့

ဂျပန် ၁၀-၀ မြန်မာ

၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲ ဒုတိယအဆင့်အုပ်စု လက်ကျန်ပွဲအဖြစ် ဂျပန်နှင့် မြန်မာအသင်းတို့ မေ ၂၈ ရက် (ယနေ့) ညနေပိုင်းက ဂျပန်နိုင်ငံ၌ ယှဉ်ပြိုင်ကစားရာ ဂျပန်အသင်းက (၁၀-၀) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့ကြောင်း သိရသည်။

myan789

ယခုပွဲရလဒ်မှာ မြန်မာအသင်းအတွက် သမိုင်းတစ်လျှောက် ဂိုးအပြတ်ဆုံးရှုံးပွဲဖြစ်ခဲ့ပြီး ယခင်က ကူဝိတ် ၉-၀ မြန်မာပွဲမှာ ဂိုးအပြတ်ဆုံးဖြစ်ခဲ့သော်လည်း ယင်းစံချိန်ကိုချိုးကာ အဆိုးရွားဆုံးရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

၂၀၁၅ စက်တင်ဘာ ၃ ရက်က ကစားသည့် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် မြန်မာအသင်းသည် ကူဝိတ်အသင်းကို (၉-၀) ဂိုးဖြင့် အရေးနိမ့်ထားခြင်းဖြစ်ပြီး (၆)နှစ်ဝန်းကျင်အကြာတွင် စံချိန်သစ်တင်ကာ အဆိုးရွားဆုံးရှုံးပွဲနှင့် ထပ်မံရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

မြန်မာအသင်းသည် ဂျပန်အသင်းကို ယှဉ်ကစားနိုင်ခြင်းမရှိဘဲ ဂိုးပြတ်အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်း၏ ပွဲထွက်လူစာရင်းတွင် ဆန်းဆက်နိုင် (ဂိုး)၊ ဇော်ရဲထွန်း၊ ရဲမင်းသူ၊ စိုးမိုးကျော်၊ ဒေးဗစ်ဒန်း၊ မောင်မောင်ဝင်း၊ လွင်မိုးအောင်၊ ရန်နိုင်ဦး၊ မောင်မောင်လွင်၊ ထက်ဖြိုးဝေ၊ ဝင်းနိုင်ထွန်းတို့ ပါဝင်ခဲ့ပြီး ဒုတိယပိုင်းတွင် ကစားသမားများ လဲလှယ်ကစားခဲ့သည်။

ဂျပန်အသင်းသည် ပွဲစကတည်းက တစ်ဖက်သတ်ဖိကစားကာ ပထမပိုင်းတွင် (၄)ဂိုး၊ ဒုတိယပိုင်းတွင် (၆)ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။

ဂျပန်အသင်းအတွက် အနိုင်ဂိုးများကို မီနာမီနို (၈ မိနစ်၊ ၆၆ မိနစ်)၊ အိုဆာကို (၂၂ မိနစ်၊ ၃၀ မိနစ် Pen၊ ၃၆ မိနစ်၊ ၅၀ မိနစ်၊ ၈၈ မိနစ်)၊ မိုရီတာ (၅၇ မိနစ်)၊ ကာမာဒါ (၈၄ မိနစ်)၊ အီတာကူရာ (၉၀+၁ မိနစ်) တို့က သွင်းယူခဲ့သည်။ မြန်မာအသင်းသည် ဂျပန်ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခြင်းမရှိဘဲ ခံစစ်ဖြင့်သာ အချိန်ကုန်ဆုံးခဲ့သည်။

အုပ်စု (F) တွင် အဂျပန်အသင်းသည် ၆ ပွဲကစား ၆ ပွဲနိုင်၊ ရမှတ် ၁၈ မှတ်ဖြင့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ တတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့သလို၊ ၂၀၂၃ အာရှဖလားခြေစစ်ပွဲပါ အောင်မြင်ခဲ့သည်။

မြန်မာအသင်းမှာမူ ၆ ပွဲကစား၊ ၂ ပွဲနိုင်၊ ၄ ပွဲရှုံး၊ ရမှတ် ၆ မှတ်ဖြင့် အဆင့် ၄ နေရာတွင် ရပ်တည်နေသည်။ မြန်မာအသင်းသည် လက်ကျန်နှစ်ပွဲကစားရန် ကျန်ရှိနေပြီး ဇွန် ၁၁ ရက်တွင် ကာဂျစ္စတန်အသင်း၊ ဇွန် ၁၅ ရက်တွင် တာဂျစ်ကစ္စတန်အသင်းတို့နှင့် ကစားရမည်ဖြစ်သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular