မော်ရင်ဟို နဲ့ ဂွာဒီယိုလာ တို့ရဲ့ ရှားပါးတဲ့ ဖလားဖိုင်နယ်ပွဲ

ခရစ္စတီယာနို ရိုနယ်ဒို နဲ့ လီယွန်နယ် မက်ဆီ တို့ ကို မျက်မှောက်ခေတ် ရဲ့ ဘောလုံး ပြိုင်ဘက်တွေ လို့ ဆိုကြသလို နည်းပြ လောက မှာတော့ ဂျိုဆေး မော်ရင်ဟို နဲ့ ပက် ဂွာဒီယိုလာ တို့ ဟာလည်း မော်ဒန် ဘောလုံး လောက ရဲ့ မဟာ ပြိုင်ဘက် တွေ အဖြစ် သတ်မှတ် ခံခဲ့ ကြရ ပါတယ် ။ ဘာစီလိုနာ မှာ ရေစက် ပါပြီး ဆုံတွေ့ ခဲ့ကြ ဖူးတဲ့ သူတို့ ၂ ယောက် ဟာ နောက်ပိုင်း မှာတော့ မတူညီတဲ့ ဒေသတွေ မှာ ကိုယ်ပိုင် အရည်အသွေး တွေနဲ့ အောင်မြင်မှု လမ်းကြောင်းကို လျောက်လှမ်း နိုင်ခဲ့ ကြပါတယ် ။

ယမန်နေ့ ညက ကစား ခဲ့တဲ့ ကာရာဘောင် ဖလား ဆီမီး ဖိုင်နယ် ပွဲစဉ် အပြီး မှာတော့ ဂွာဒီယိုလာ ရဲ့ မန်ချက် စတာ စီးတီး ဟာ မြို့ခံ ပြိုင်ဘက် မန်ယူနိုက်တက် ကို အနိုင်ကစားပြီး ဧပြီလ ထဲ မှာ ကစားမယ့် ဗိုလ်လုပွဲ ကို တက်ရောက်ခွင့် ရရှိ သွားခဲ့ ပါတယ် ။

myan789

ဒါကြောင့် ဂွာဒီယိုလာ ဟာ အင်္ဂါနေ့ ညက ပွဲကို အနိုင် ရထားတဲ့ မော်ရင်ဟို ရဲ့ တော့တင်ဟမ် ဟော့စပါး နဲ့ ဗိုလ်လုပွဲ မှာ ရင်ဆိုင် ကစား ရတော့ မှာပါ ။ လိဂ် ဖလား ဟာ အင်္ဂလန် ရဲ့ လူကြိုက်များမှုမှာ FA Cup နဲ့ ပရီးမီးယားလိဂ် တို့လောက် မရှိ ပေမယ့် ဂရိတ် နည်းပြ ၂ ဦး ရဲ့ ဆုံတွေ့မှု ဟာ ဒီပွဲရဲ့ စိတ်ဝင်စားမှု ကို မြင့်တက် စေခဲ့ ပါတယ် ။

မော်ရင်ဟို နဲ့ ဂွာဒီယိုလာ တို့ ဟာ သမိုင်း တစ်လျောက် အဓိက ပြိုင်ပွဲကြီးတွေ ၊ စပိန် လာလီဂါ တွေမှာ ထိပ်တိုက် ရင်ဆိုင်မှုတွေ ရှိခဲ့ ကြပါတယ် ။ ဒါပေမယ့် ထူးခြား တာကတော့ သူတို့ ၂ ဦး ဟာ ဗိုလ်လုပွဲ အဆင့် မှာ ၁ ကြိမ်သာ ဆုံတွေ့ ထားခဲ့ ကြတာပါပဲ ။

၂၀၁၀ – ၂၀၁၁ ဘောလုံး ရာသီ ရဲ့ အဆုံးသတ်ပိုင်း မှာ မော်ရင်ဟို ရဲ့ ရီးရဲ မက်ဒရစ် ဟာ ဂွာဒီယိုလာ ရဲ့ ဘာစီလိုနာ နဲ့ ကိုပါ ဒယ်ရေး ဗိုလ်လုပွဲ မှာ ဆုံတွေ့ခဲ့ ပါတယ် ။ အပြန် အလှန် ကစားပြီး ဂိုး မရှိ သရေ ကျနေ ခဲ့တာကြောင့် အချိန်ပို ဆက် ကစား ခဲ့ရတဲ့ ဒီပွဲ မှာ ခရစ္စတီယာနို ရိုနယ်ဒို ဟာ ပွဲပြီးဖို့ ၂ မိနစ် အလိုမှာ ခေါင်းတိုက်ပြီး ရီးရဲ မက်ဒရစ် ကို ချန်ပီယံ ဖြစ်စေခဲ့ ပါတယ် ။

အဲ့ဒိ ပွဲဟာ မော်ရင်ဟို နဲ့ ဂွာဒီယိုလာ တို့ ဆုံခဲ့ ကြတဲ့ တစ်ခုတည်းသော ဖိုင်နယ် ပွဲဖြစ်လာခဲ့ ပါတယ် ။ တကယ်လို့ ဖလား လုပွဲလို့ ခေါင်းစဉ် တပ်မယ် ဆိုရင်တော့ ၂၀၁၃-၁၄ ရာသီ က ဥရောပ စူပါဖလား ကိုပါ ထည့်ပေး ရမှာပါ ။

ချန်ပီယံလိဂ် ရခဲ့တဲ့ ဘိုင်ယန် နဲ့ ယူရိုပါလိဂ် ရခဲ့တဲ့ ချဲလ်ဆီး တို့ ဟာ ဥရောပ စူပါဖလား ပွဲကို သြဂုတ်လ ထဲမှာ ကစားခဲ့ကြ ပါတယ် ။ မော်ရင်ဟို ရော ဂွာဒီယိုလာ ပါ ချဲလ်ဆီး နဲ့ ဘိုင်ယန် ကို ရောက်လာပြီး ပထမဆုံး တာဝန်ယူ ခဲ့ကြရတဲ့ တရားဝင် ပွဲတွေ ဖြစ်ခဲ့ ကြတာပါ ။ ဘိုင်ယန် က ပင်နယ်တီ အဆုံးအဖြတ် မှာ အနိုင် ရပြီး ဗိုလ်စွဲ ခဲ့ ပါတယ်

ဒါကြောင့် ညီမျှချင်း ချရမယ် ဆိုရင်တော့ မော်ရင်ဟို ရော ဂွာဒီယိုလာ ပါ ဖလားလု ပွဲတွေ မှာ တစ်ယောက် တစ်မှတ်စီ နဲ့ သရေ ကျနေ ခဲ့ပါတယ် ။ လာမယ့် ဧပြီ မှာတော့ တစ်ယောက်ယောက် က ၂ မှတ် ဖြစ်သွားမှာ အသေအချာ ပါပဲ ။

ပြီးခဲ့တဲ့ ဖလားပွဲတွေကို ပြန်ကြည့်မယ် ဆိုရင် မော်ရင်ဟို ဟာ အောက်အသင်းတွေ ဘက်ကချည်း ရှိနေ ခဲ့တာ ကလည်း ထူးဆန်းမှု တစ်ခုလို့ ဆိုရမှာပါ ။ ၂၀၁၀ တုန်းက ဘာစီလိုနာ ဟာ အရမ်းကောင်းတဲ့ အသင်း ဖြစ်နေပြီး ရီးရဲ ကတော့ မော်ရင်ဟို စကိုင်တဲ့ နှစ်မှာ ပြန်လည် တည်ဆောက် နေဆဲ ဖြစ်ခဲ့ ပါတယ် ။ ၂၀၁၃ မှာလည်း ဂွာဒီယိုလာ ရဲ့ အသင်းက ဥရောပ ချန်ပီယံ ဖြစ်ပြီး မော်ရင်ဟို ရဲ့ ချဲလ်ဆီးက တစ်ဆင့်နိမ့်တဲ့ ဖလား ပိုင်ရှင် အဖြစ် ရှိနေခဲ့ တာပါ ။

ဒီ တစ်ကြိမ် မှာလည်း မန်စီးတီး နဲ့ စပါး ရဲ့ အနေအထား က အသိအသာကြီး ကွာခြားနေပါတယ် ။ ဒါပေမယ့် ဒီပွဲက လုံး၀ အကျိတ် အနယ် ရှိနေမှာပါ ။ ပြီးခဲ့တဲ့ ဖလား လုပွဲ ၂ ခုလုံးမှာလည်း သူတို့ ၂ ယောက် မိနစ် ၉၀ အတွင်း အရှုံး အနိုင် အဖြေမထွက် ခဲ့ကြပါဘူး ။ ဒီ တစ်ပွဲ မှာလည်း ပင်နယ်တီ အထိ ရောက်ကောင်း ရောက်သွားနိုင် ပါတယ် ။

မော်ရင်ဟို နိုင်ခဲ့ရင် ၂၀၀၈ နောက်ပိုင်း စပါး ကို ဖလားပြန် ရအောင် ယူပေးနိုင်သူ ဖြစ်လာ နိုင်သလို လိဂ် ဖလား ကို ၅ ကြိမ် ဆွတ်ခူးတဲ့ နည်းပြ ၊ မတူညီတဲ့ အသင်း ၃ သင်း နဲ့ ချန်ပီယံ ဖြစ်သူ စတဲ့ ဂုဏ်ထူး ဘွဲ့ထူးတွေ ကိုလည်း ပိုင်ဆိုင် နိုင်မှာပါ ။

ဂွာဒီယိုလာ ကတော့ အင်္ဂလန် ကို ရောက်လာတာ လိဂ် ဖလား ယူဖို့ လားတောင် ထင်မှတ် ရ ပါတယ် ။ နောက်ဆုံး ၃ နှစ် ဆက်တိုက် ဗိုလ်စွဲ ထားပြီး ဒီအောင်မြင်မှု ကို ၄ နှစ်ဆက်တိုက် အဖြစ် မော်ကွန်းထိုးဖို့ ထပ်ပြီး ကြိုးစား ဦးမှာပါ ။ အင်္ဂလိပ် ဘောလုံး သမိုင်းမှာ ဘယ်အသင်းကမှ လိဂ် ဖလားကို ၄ နှစ်ဆက် မရဖူးသေး တာကလည်း ဂွာဒီယိုလာ အတွက် မက်လောက်စရာ ရည်မှန်းချက် ဖြစ်စေမှာပါ ။

ဒါကြောင့် လာမယ့် ဧပြီလထဲမှာ ကစားမယ့် ကာရာဘောင် ဖလား ဗိုလ်လုပွဲ ကတော့ အရင့်အရင် နှစ်တွေက ဗိုလ်လုပွဲတွေထက် အများကြီး အဓိပ္ပါယ် ရှိနေမှာ ၊ အများကြီး စိတ်ဝင်စားဖို့ ကောင်းနေမှာ အသေအချာပါပဲ ။ အဆုံးသတ်မှာ ဘယ်သူက အောင်နိုင်သူ ဖြစ်မလဲ ဆိုတာ စောင့်ကြည့် ကြပါစို့ဗျာ . . . . .

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular