မေဆင်မောင့် အပြင် အခြား ချဲလ်ဆီး စတား တဦးကိုပါ ချိန်ရွယ်ဖို့ မန်ယူနိုက်တက်ထံ တိုက်တွန်းသွားတဲ့ ရီယိုဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့် နွေရာသီ စျေးကွက် အတွင်း အထောင်တိုက်စစ် တနေရာနဲ့ ကွင်းလယ် တနေရာကို အဓိက အင်အားဖြည့်ဖို့ ပစ်မှတ်ထားနေရာ ၊ မနေ့ကပဲ ချဲလ်ဆီး အသင်းရဲ့ ကွင်းလယ်လူ မေဆင်မောင့်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ် ။

အသက် ၂၄နှစ် အရွယ်ရှိ မောင့်ဟာ ချဲလ်ဆီးနဲ့ စာချုပ် တနှစ်သာ ကျန်တော့ပြီး ၊ ပြီးခဲ့တဲ့ နွေရာသီကတည်းက စာချုပ်သစ် ကိစ္စ ဆွေးနွေးခဲ့ပေမယ့် ၊ လစာ ပမာဏက ဘယ်လိုမှ ညှိနှိုင်းမရခဲ့သလို ၊ အေးဂျင့်အသစ် တဦးပါ ထပ်မံ ငှားရမ်းလိုက်တာကြောင့် ချဲလ်ဆီးက ထွက်ခွာဖို့ အကြောင်းဖန်လာခဲ့ပါတယ် ။

myan789

မောင့်ကို ခေါ်ဖို့ စိတ်ဝင်စားနေတာ မန်ယူနိုက်တက် တသင်းတည်း မဟုတ်ပဲ လီဗာပူး ၊ အာဆင်နယ်တို့လည်း ပါဝင်နေပါတယ် ။ သို့ပေမယ့် ကစားသမား ကိုယ်တိုင်က သရဲနီဖက်ကိုသာ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတာကြောင့် ၊ ၄င်းတို့ရဲ့ ချဉ်းကပ်မှုကို လိုက်လိုက်လျောလျောပဲ လက်ခံပေးခဲ့တာ ဖြစ်ပါတယ် ။

ကလပ် ၂သင်း အကြားမှာတော့ ပြောင်းရွှေ့ကြေး ကိစ္စက ဆက်လက် ဆွေးနွေးနေဆဲ ဖြစ်ပါတယ် ။ ချဲလ်ဆီးဟာ လာမယ့် နွေတတွင်း ကွင်းလယ် တခုလုံး သွေးသစ်လောင်းမှာ ဖြစ်ပြီး ၊ မောင့် အပြင် အန်ဂိုလို ကန်တေ ၊ ရူဘင် လော့ဖ်တပ်စ်ချိခ် ၊ မတ်တီယို ကိုဗာဆစ်တို့ဟာ ချဲလ်ဆီးက ထွက်ခွာမယ့် စာရင်းမှာ ထိပ်ဆုံးက ပါဝင်နေကြပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ခံစစ်မှူးဟောင်း ရီယို ဖာဒီနန်က မေဆင်မောင့် အပြင် မြို့ခံ ပြိုင်ဖက် မန်စီးတီးနဲ့ အပြောင်းအရွှေ့ ကိစ္စ ဆွေးနွေးနေတဲ့ ခရိုအေးရှား လက်ရွေးစင် ကွင်းလယ်လူ မတ်တီယို ကိုဗာဆစ်ကိုပါ ကြားဖြတ် ခေါ်ယူဖို့ အသင်းဟောင်းထံ အခုလိုပဲ တိုက်တွန်းသွားခဲ့ပါတယ် ။

FIVE YouTube ချန်နယ်ရဲ့ အစီအစဉ် တခုမှာ ဖာဒီနန် က ” မဟုတ်သေးပါဘူး ။ ဒီလူက ဒီကိုမှ မလာချင်တာ ၊ သူဟာ ဒီကို လာဖို့ ဆန္ဒ ရှိကြောင်း တစက်မှ မပြထားပါဘူး ။ ဒီတော့ သူ့ကို လွှတ်ထားလိုက်ပါ ။ ဒါက အရမ်း ခက်ခဲလွန်းပုံ ပေါက်ပါတယ် ။ ကျွန်တော်တို့ ကိုယ့်ဟာကိုယ်ပဲ ရှေ့ဆက်ကြတာပေါ့ ။ ”

” ကိုဗာဆစ်ဟာ ချဲလ်ဆီးနဲ့ စာချုပ် တနှစ်ပဲ ကျန်ပါတယ် ။ ကျွန်တော် သူ့ကို ကြိုက်ပါတယ် ။ သူဟာ ဘောလုံးနဲ့ အတူ ပြေးလွှား ကစားနိုင်ပါတယ် ။ ကျွန်တော်တို့မှာ ရှိတဲ့ အရည်အသွေးနဲ့ ကွဲပြားခြားနားတဲ့ အရည်အသွေးတွေ သူ့မှာ ရှိနေပါတယ် ။ ”

” မေဆင်မောင့်ကတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာ တခုပါ ။ ချဲလ်ဆီးမှာ သူ ဆက်မနေချင်ဘူး ၊ စာချုပ်သစ် မချုပ်ထားဘူး ဆိုကတည်းက သူ့အခြေအနေက စိတ်ဝင်စားစရာကောင်းနေပါပြီ ။ ဘာလို့လဲဆိုတော့ သူဟာ ဂိုးလည်း သွင်းပေးနိုင်သလို ၊ ဖန်လည်း ဖန်တီးပေးနိုင်လို့ပါ ။ ”

” သူ့ကိုသာ ဒီအပြောင်းအရွှေ့ စျေးကွက်မှာ ခေါ်လို့ ရခဲ့ရင် ၊ ကြည့်ရသလောက်တော့ သူက ခေါ်လို့ ရတဲ့ အနေအထားမှာ ရှိနေတဲ့ အတွက် ကျွန်တော်ကတော့ Top 6 ကလပ်တိုင်းဟာ မေဆင်မောင့်ကို ခေါ်ဖို့ စိတ်ဝင်စားကြမယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular