မေဆင်ဂရင်းဝုဒ် ကို နစ္စတယ်ရွိုင်း နဲ့ နှိုင်းယှဉ်လိုက်တဲ့ ရီယိုဖာဒီနန်

မန်ချက် စတာ ယူနိုက်တက် ကွင်းလယ် ကစား သမား ဟောင်း ပေါလ်စခိုးက မေဆင် ဂရင်းဝုဒ် ဟာ သေသေ ချာချာ လေ့လာပြီး လက်ရှိ အနေ အထား ကနေ တိုးတက် အောင် လုပ်ဆောင် လာနိုင်မယ် ဆိုပါက ယူနိုက်တက် ရဲ့ အကောင်းဆုံး အဆုံးသတ် တိုက်စစ်မှူး ဖြစ်လာမယ် လို့ ညွှန်းဆို သွားခဲ့ ပါတယ် ။ ရီယို ဖာဒီနန် ကလည်း မေဆင် ဂရင်းဝုဒ် ဟာ တစ်ချိန်က ယူနိုက်တက် ရဲ့ ဂိုးမုဆိုး ဖြစ်ခဲ့တဲ့ ရုဒ် ဗန် နစ္စတယ်ရွိုင်း နဲ့ တူညီ တဲ့ အရာလေးတွေ ရှိနေ ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

ဂရင်းဝုဒ် ဟာ ယမန်နေ့ ညက အစ္စတန်ဘူ ဘာဆက်ဆီဟာ အသင်း ကို ၄ – ၁ နဲ့ အနိုင် ရခဲ့တဲ့ ချန်ပီယံ လိဂ် အုပ်စု ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အတွက် မိနစ် ၃၀ ကျော် ပါဝင် ကစား သွားခဲ့ပြီး စတုတ္ထ မြောက်ဂိုး ကို ဖန်တီး ပေးသွားခဲ့ ပါတယ် ။

myan789

ဒီနိုင်ပွဲ ဟာ ယူနိုက်တက် ကို အုပ်စု ကနေ နောက်တစ်ဆင့် တက်ရောက် နိုင်ဖို့ အလား အလာ ကောင်းသွား စေခဲ့ပြီး လက်ကျန် ၂ ပွဲ ကနေ ၁ မှတ် ရရုံ နဲ့ ရှုံးထွက် အဆင့်ကို တက်ရောက် နိုင်တော့ မှာပဲ ဖြစ်ပါတယ် ။ ယူနိုက်တက် အတွက် ဘရူနို ဖာနန်ဒက်စ် အထူး ခြေစွမ်းပြ ခဲ့ပြီး ၂ ဂိုး သွင်းယူ ပေးသွားခဲ့ ပါတယ် ။

အဆိုပါ ပွဲကို BT Sport ကနေ သုံးသပ် တင်ဆက် ခဲ့တဲ့ ဖာဒီနန် နဲ့ ပေါလ် စခိုး တို့ ကတော့ မေဆင်ဂရင်းဝုဒ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အကောင်းဆုံး အဆုံးသတ် သမား တစ်ယောက် ဖြစ်လာ လိမ့်မယ်လို့ ညွှန်းဆို သွားခဲ့ပြီး ကာဗာနီ ထံ ကနေ ကောင်းကောင်း သင်ယူဖို့ တိုက်တွန်း အကြံပြု သွားခဲ့ ကြပါတယ် ။

“နောက်ဆုံး တစ်ခေါက် က သူ့ကို တွေ့ခဲ့တာ ထက် စာရင် ကာယပိုင်း မှာ အများကြီး ပိုကောင်း လာပါပြီ ။ လူကောင် ပိုတောင့် လာတယ် ၊ ပို သန်မာလာတယ် ၊ ပိုပြီး ကစားအား ကောင်းလာ ပါတယ် ။ ဒီအတိုင်း ဆက်ပြီး တိုးတက် သွားမယ် ဆိုရင် မကြာခင်မှာ သူ့အတွက် လမ်းပွင့် လာမှာပါ”

“လက်ရှိ ယူနိုက်တက် ရှေ့တန်း ၃-၄ ယောက် ထဲမှာ မေဆင် ( ဂရင်းဝုဒ် ) က အဆုံးသတ် အကောင်းဆုံး ဖြစ်လာ နိုင်ပါတယ် ။ သူက ဂိုးပေါက် နဲ့ ပတ်သက်ပြီး စူးရှတဲ့ အမြင် ရှိတယ် ။ အထောင် တိုက်စစ်မှူးကောင်း တစ်ယောက် ရဲ့ အရည်အသွေးတွေ ပိုင်ဆိုင် ထားပါတယ်”

“နောက်တန်း လူတွေကို တစ်ယောက်ချင်း ကျော်နိုင်တယ် ။ အသင်းဖော်တွေ ရဲ့ အရွေ့တွေ ကိုလည်း ကောင်းကောင်း နားလည်ပါတယ် ။ စီနီယာတွေ ဆီကနေ သေချာ သင်ယူ မယ်ဆိုရင် သူ အခုထက် ပိုကောင်း လာမှာပါ ။ ရုဒ် ဗန် နစ္စတယ်ရွိုင်း နောက်ပိုင်းမှာ တကယ်ကောင်းတဲ့ အဆုံးသတ်ပုံတွေ ကို မမြင်ရတာ ကြာခဲ့ ပါပြီ ။ အခု မေဆင် ဆီမှာ ဒီအရိပ် အယောင်တွေ ကို မြင်နေရ ပါတယ်” လို့ ရီယို ဖာဒီနန် က ပြောဆို ချီးကျုး သွားခဲ့ ပါတယ် ။

ဂရင်းဝုဒ် ဟာ ပြီးခဲ့တဲ့ ရာသီ က မန်ချက်စတာ ယူနိုက်တက် နဲ့ ပထမဆုံး ရာသီပြည့် ပါဝင်ခွင့် ရခဲ့ပြီး မျှော်လင့် ထားတာထက် ပိုပြီး စွမ်းဆောင် နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ဒီနှစ် အစ မှာတော့ နိုင်ငံ အသင်းနဲ့ စခဲ့တဲ့ ပြဿနာတွေ ဟာ ဂရင်းဝုဒ် ရဲ့ ကွင်းတွင်း ခြေစွမ်းတွေကို ထိခိုက် စေခဲ့ပြီး ကစားခွင့်လည်း နည်းပါး ခဲ့ ပါတယ် ။

ဒါပေမယ့် ဆိုးရှား ကတော့ ဂရင်းဝုဒ် ရဲ့ အချိန် ရောက်လာ မှာ ဖြစ်တယ်လို့ ပြောဆို ခဲ့တဲ့ အတိုင်း ယမန်နေ့ ညက ပွဲမှာ ပွဲဝက် နီးပါး ကစားခွင့် ပေးခဲ့ ပါတယ် ။ ဂရင်းဝုဒ် ဟာ ကိုယ်တိုင် ဂိုးရ နိုင်လောက်တဲ့ အနေအထားတွေ ရှိခဲ့ ပေမယ့်လည်း ဖန်တီးမှု တစ်ကြိမ် နဲ့သာ ကျေနပ် ခဲ့ရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် ပိတ်ရက် မှာတော့ ဆောက်သမ်တန် အသင်း နဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ် ကို ယှဉ်ပြိုင် ကစား ရမှာ ဖြစ်ပြီး ပြည်တွင်းမှာ ရလဒ် ကောင်းတွေ ဆက်လက် ပိုင်ဆိုင် နိုင်ဖို့ ကြိုးစား သွားရ ဦးမှာ ဖြစ်ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular