မိမိတို့ နိုင်ပွဲမရရှိခဲ့ခြင်းမှာ ခံစစ်ကစားသမား (၄)ဦးနှင့် ဖာနန်ဒင်ဟိုတို့ ဘောလုံး ကောင်းကောင်း မပို့ဆောင်နိုင်ခြင်းကြောင့်ဟု ဂွါဒီယိုလာဆို

မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုလာက ဆောက်သမ်တန်အသင်းနှင့် ကစားခဲ့သည့်ပွဲတွင် နိုင်ပွဲမရရှိခဲ့ခြင်းမှာ အသင်း၏ ခံစစ်ကစားသမား (၄)ဦးနှင့် ဖာနန်ဒင်ဟိုတို့ ဘောလုံးကောင်းကောင်းမပို့ဆောင်ပေးနိုင်ခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂွါဒီယိုလာသည် အသင်းမှ ထွက်ခွာသွားသည့် အဂွဲရိုးနေရာတွင် ဟာရီကိန်းကို အစားထိုးခေါ်ယူနိုင်ခြင်းမရှိသည့်အတွက် အသင်း၏ တိုက်စစ်ပြဿနာရှိလာနိုင်သည်ဆိုသည့် သုံးသပ်မှုများကို ငြင်းဆန်ခဲ့သည်။

myan789

၄င်းသည် အမြဲလိုလို တိုက်စစ်မှူးစစ်စစ်မပါဘဲ သွင်းဂိုးများ သွင်းယူနိုင်သည်ဆိုသည့် အချက်ကို ထည့်သွင်းပြောဆိုလေ့ရှိပြီး မန်စီးတီးအသင်း၏ တိုက်စစ်ကလည်း သွင်းဂိုးများစွာကို သွင်းယူနိုင်လေ့ရှိသည်။

သို့ရာတွင် ယခုပွဲတွင်မူ မန်စီးတီးအသင်းသည် တစ်ပွဲလုံး ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်သာရှိပြီး ပွဲအပြီးတွင် ဂိုးမရှိသရေကျခဲ့ရာ ဂွါဒီယိုလာ ”ကျွန်တော်တို့ ဘာကြောင့် မနိုင်ခဲ့တာလဲဆိုတော့ တိုက်စစ်ကစားသမားတွေဆီကို ဘောလုံးကောင်းကောင်းပေးကစားရမယ့် အလုပ်ကို မလုပ်နိုင်ခဲ့လို့ပါပဲ။ ခံစစ်ကစားသမား (၄)ဦးနဲ့ ဖာနန်ဒင်ဟို စုစုပေါင်းကစားသမား (၅)ဦးဟာ ဘောလုံးကို သယ်ဆောင်ပြီး အခြားသူတွေကို ပေးရတဲ့အလုပ်ကို လုပ်ရပြီး သူတို့ ကောင်းကောင်းမလုပ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ရှုံးခဲ့တာပါ။ ရာဟင်းမ် (စတာလင်) ကတိုက်စစ်မှာ အရမ်းလှုပ်ရှားပေးနိုင်ပါတယ်။ ဒါပေမဲ့ ဘောလုံးဆိုတာက ကိုယ့်အသင်းက တိုက်စစ်တည်ဆောက်မှုကို ဘယ်လောက်ကောင်းကောင်းလုပ်နိုင်ပြီး၊ ဒီဘောလုံးကို တိုက်စစ်နဲ့ တောင်ပံကစးသမားတွေက ဘယ်လောက် ကောင်းကောင်းအလုပ်လုပ်နိုင်သလဲဆိုတဲ့အပေါ် မူတည်ပါတယ်” ဟု ပြောကြားခဲ့သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular