မိမိတို့အသင်းမှာ ရှုံးပွဲနှင့် မထိုက်တန်ခဲ့ဟု ဘာစီလိုနာနည်းပြ ဇာဗီဆိုခဲ့ပြီး အသင်း၏ စိတ်ပိုင်းဆိုင်ရာကို အပြောင်းအလဲပြုလုပ်ရမည်ဟု ပြောကြား

ဘာစီလိုနာအသင်း၏ နည်းပြဖြစ်သူဇာဗီက ပြီးခဲ့သည့် အောက်တိုဘာ (၁၆)ရက်နေ့က ယှဉ်ပြိုင်ခဲ့သော စပိန်လာလီဂါပွဲစဉ် (၉)ရီးယဲလ်မက်ဒရစ် (၃-၁)ဘာစီလိုနာ El Clásico ပွဲစဉ်တွင် မိမိတို့အသင်းမှာ ရှုံးပွဲနှင့်မထိုက်တန်ဟု ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ကြောင်း စပိန်အားကစားသတင်းစာ AS ကဖော်ပြခဲ့သည်။

ဘာစီလိုနာအသင်းသည် ယခုရာသီလာလီဂါ ပွဲစဉ် (၈)အပြီးတွင် ရှုံးပွဲမရှိရလဒ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ဦးဆောင်နေနိုင်သော်လည်း မဟာပြိုင်ဘက်ရီးယဲလ် မက်ဒရစ်အသင်းအားရှုံးနိမ့်ခဲ့ပြီးနောက် ယခုရာသီ၏ ပထမဆုံးလာလီဂါရှုံးပွဲကို ကြုံတွေ့ခဲ့ရသလို၊ အမှတ်ပေးဇယားဒုတိယနေရာသို့ပါ ဆင်းပေးခဲ့ရသည်။

myan789

ဘာနေဗျူးကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် အဆိုပါပွဲစဉ်သည် ဇာဗီအတွက် ဘာစီလိုနာနည်းပြဘ၀ ပြိုင်ပွဲစုံ (၄)ကြိမ်မြောက်ရင်ဆိုင်ခဲ့ရသည့် El Clásico ပွဲစဉ်ဖြစ်ပြီး (လာလီဂါ ၂ပွဲ၊ စပိန်စူပါ ဖလား ၁ ပွဲနှင့် ခြေစမ်းပွဲ ၁ ပွဲ) (၂)ပွဲနိုင်၊ (၂)ပွဲရှုံးရလဒ်ကို ရရှိထားသည်။ ယခုပွဲစဉ်အပြီး AS နှင့်ပြုလုပ်ခဲ့သော အင်တာဗျူးအစီအစဉ်တွင် ဇာဗီက “ကျွန်တော်တို့အသင်းဟာ ရှုံးပွဲနဲ့မထိုက်တန်ခဲ့ပါဘူး။ ပထမပိုင်းမှာ ကျွန်တော်တို့ အသင်းကစားပုံ မဆိုးရွားခဲ့ပေမဲ့ ဒုတိယပိုင်းမှာတော့ သူတို့ (ရီးယဲလ်မက်ဒရစ်)က ပွဲကို စိုးမိုးခြယ်လှယ်သွားခဲ့ပါတယ်” ဟုပြောကြားခဲ့သည်။

ထို့ပြင်ဇာဗီက မိမိတို့အသင်းအနေဖြင့် အကောင်းဆုံး ပွဲစဉ်တစ်ပွဲကို ယှဉ်ပြိုင်နိုင်ခဲ့သော်လည်း အသင်းတွင် အပြောင်းအလဲပြုလုပ်ရမည့် အခန်းကဏ္ဍများရှိနေကြောင်း၊ အထူးသဖြင့် အသင်း၏စိတ်ပိုင်းဆိုင်ရာနှင့် ကွင်းအတွင်း ဆိုးရွားသည့် ရွေ့လျားမှုများကို ပြောင်းလဲရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဇာဗီက “ကျွန်တော်တို့အသင်းအနေနဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ကွင်းအတွင်းရွေ့လျားမှုတွေကို အပြောင်းအလဲပြုလုပ်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ဒီလိုပွဲစဉ်တွေမှာ (ရီးယဲလ်နှင့်ပွဲအားရည်ညွှန်း) ဒါတွေဟာ အရေးပါတဲ့အကြောင်းအရင်း ဖြစ်နေလို့ပါပဲ။ ကျွန်တော်တို့အသင်း ပိုမိုကောင်းမွန်အောင် ယှဉ်ပြိုင်နိုင်ခဲ့ပေမယ့် ပွဲကစားစဉ်အတွင်းမှာ ဆိုးရွားတဲ့ကွင်းအတွင်းရွေ့ လျားမှုတွေရှိခဲ့ပြီး ဒါတွေကိုအပြောင်းအလဲပြုလုပ်ဖို့လိုအပ်ပါတယ်” ဟု စပိန်အားကစားသတင်းစာ AS သို့ဖြေကြားခဲ့သည်။ ဘာစီလိုနာအသင်းသည် ယခုရက်သတ္တပတ်အတွင်း ချန်ပီယံလိဂ်နှင့် လာလီဂါတို့တွင် (၂)ပွဲဆက်နိုင်ပွဲပျောက်ခဲ့ခြင်းဖြစ်ပြီး ချန်ပီယံလိဂ်တွင်အုပ်စုအဆင့်မှထွက်ခွာရရန်နီးစပ်နေသလို၊ လာလီဂါတွင်လည်း ပထမဆုံး ရှုံးပွဲနှင့်အတူ နည်းပြဇာဗီလည်း ဖိအားဝင်ခဲ့သည်။

ဘာစီလိုနာအသင်းအား အနိုင်ရခဲ့သည့် လက်ရှိချန်ပီယံရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့်မူ ယခုရာသီလာလီ ဂါပွဲစဉ် (၉)အပြီး ရှုံးပွဲမရှိသေးသည့် တစ်သင်းတည်းသော အသင်းအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့သလို၊ ဘာစီလိုနာအသင်းနှင့်တွေ့ဆုံခဲ့သည့် လာလီဂါနောက်ဆုံး (၇)ပွဲတွင် (၅) ပွဲနိုင်၊ (၁)ပွဲသရေ၊ (၁)ပွဲရှုံးရလဒ်ဖြင့် ပြတ်ပြတ်သားသား အသာစီးရယူထားနိုင်ခြင်းလည်းဖြစ်ခဲ့သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular