မာရှယ် ဟာ စိတ်ကြီး ဝင်နေတဲ့ တိုက်စစ်မှူးလို့ ဝေဖန်လိုက်တဲ့ ခရစ်ဘာလေ

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပြီးခဲ့တဲ့ စနေနေ့ ညက ဝက်စ်ဘရွန်း အသင်းကို အိမ်ကွင်း မှာ လက်ခံ ကစား ခဲ့ပြီး ၁ – ၀ နဲ့ အနိုင် ရခဲ့ ပါတယ် ။ ဒီနိုင်ပွဲ ဟာ ယူနိုက်တက် အတွက် ဒီရာသီ ပရီးမီးယားလိဂ် မှာ ပထမဆုံး အိမ်ကွင်း နိုင်ပွဲ ဖြစ်စေ ခဲ့ ပါတယ် ။ ယူနိုက်တက် အတွက် တစ်လုံး တည်းသော အနိုင်ဂိုး ကိုတော့ ဘရူနို ဖာနန်ဒက်စ် က ပင်နယ်တီ ကနေ ကန်သွင်းပြီး ရယူ ခဲ့တာပဲ ဖြစ်ပါတယ် ။

ယူနိုက်တက် ဟာ ဝက်စ်ဘရွန်း ကို ခြေအသာ နဲ့ ကစား နိုင်ခဲ့ပြီး အခွင့် အရေး များစွာ ဖန်တီး နိုင်ခဲ့ ပေမယ့် ဂိုးအဖြစ်တော့ မပြောင်းလဲ နိုင်ခဲ့ ပါဘူး ။ ယူနိုက်တက် အတွက် တိုက်စစ်မှူး အဖြစ် ပွဲထွက် လာခဲ့တဲ့ အန်တိုနီ မာရှယ် ဟာ တောင်ပံ နဲ့ ကွင်းလယ် က ဖန်တီး ပေးမှုတွေ ကို အသုံးမချ နိုင်ခဲ့ သလို ဝက်စဘရွန်း ဂိုးသမားလေး စတုန်း ကလည်း ယူနိုက်တက် ကစား သမားတွေရဲ့ ကန်ချက် တွေကို ကာကွယ် နိုင်ခဲ့ ပါတယ်

myan789

ဒုတိယပိုင်း မှာတော့ ယူနိုကတက် တို့ ပင်နယ်တီ ရခဲ့ပြီး ဘရူနို ဖာနန်ဒက်စ် ရဲ့ ကန်ချက် ကို စတုန်း ကာကွယ် နိုင်ခဲ့ ပေမယ့် ဂိုးစည်း ကို နင်းမထား တာကြောင့် နောက်တစ်ကြိမ် ပြန်ကန် စေခဲ့ပြီး ဒီတစ်ကြိမ် မှာတော့ ဘရူနို က ပစ်မှတ်ကို ထိမှန်အောင် ကန်သွင်း နိုင်ခဲ့ ပါတယ် ။

ပရီးမီးယားလိဂ် ကစား သမားဟောင်း ခရစ် ဘာလေ ကတော့ အန်တိုနီ မာရှယ် ဟာ စိတ်ကြီးဝင် နေတဲ့ တိုက်စစ်မှူး ဖြစ်တယ်လို့ ဝေဖန် ပြောဆို သွားခဲ့ပြီး ဝက်စ်ဘရွန်း ကစား သမားတွေ အပေါ် လေးစားမှု မရှိခဲ့ ဘူးလို့ ပြောဆို သွားခဲ့ ပါတယ် ။

မာရှယ် ဟာ ဒီရာသီ မှာ ယူနိုက်တက် အတွက် ပရီးမီးယားလိဂ် သွင်းဂိုး မရရှိ သေးဘဲ ရုန်းကန် နေခဲ့ရ ပါတယ် ။ စနေနေ့ ညတုန်း ကလည်း မာတာ ဖန်တီး ပေးတဲ့ အပိုင် ကန်သွင်းခွင့် အပါအဝင် အခွင့် အရေး အချို့ ကို ဂိုး အဖြစ် မပြောင်းလဲ နိုင်ခဲ့ ပါဘူး ။

“မာရှယ် က သူ့ကိုယ်သူ အရှိထက် ပိုကောင်းတယ် လို့ ထင်နေ ပါတယ် ။ ဒါ စိတ်ကြီး ဝင်နေတာ ပါပဲ ။ သူ့မှာ အရည် အသွေး ရှိပါတယ် ။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် လို အသင်းအတွက် လုံလောက်တဲ့ တိုက်စစ်မှူး အဖြစ် ရှိနေ ပြီလား ? ကျွန်တော် ကတော့ မထင်ပါဘူး”

“ကာဗာနီ ဝင်လာပြီးတဲ့ နောက်မှာ သူ ပိုပြီး ပြေးလွှား ပေးခဲ့ ရမှာပါ ။ ဒါပေမယ့် သူ့ရဲ့ အားထုတ်မှု က မလုံလောက် ခဲ့ ပါဘူး ။ အဆုံးသတ် အပိုင်းကို ပြောရရင်လည်း သူ့မှာ ဘာပြောင်မြောက်တဲ့ စွမ်းဆောင်မှုမှ မရှိ ခဲ့တာပါ ။ ဒါကို သူက ကောင်းလှပြီလို့ ထင်နေ သလား မသိပါဘူး ။ ဒီအတိုင်း ဆိုရင်တော့ ယူနိုက်တက် မှာ ပြဿနာ ရှိနေ ပါပြီ” လို့ ခရစ်ဘာလေ က ပြောဆို သွားခဲ့ ပါတယ် ။

ချဲလ်ဆီး နဲ့ ပြင်သစ် ကစား သမားဟောင်း ဖရန့် လီဘိုဖ့် ကလည်း မာရှယ် ရဲ့ ဂိုးပေါက် ပျောက်မှုဟာ လက်ရွေးစင် အသင်း မှာပါ နေရာ မရ ဖြစ်လာမှာကို စိတ်ပူ မိတယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

“ဆိုးပါတယ် ၊ တကယ်ကို ဆိုးရွား နေတာပါ ။ အခု အတိုင်း ဆိုရင် သူ့အတွက် ကျွန်တော် စိတ်ပူ မိပါတယ် ။ ပြင်သစ် အတွက် ကစားပေး တုန်းကလည်း ပေါ်တူဂီ နဲ့ ပွဲမှာ အပိုင် ၃ လုံး ဖြုန်းပစ် ခဲ့ ပါတယ် ။ ဒီနေ့ လည်း အပိုင် တစ်ခါ ထပ်လွဲ ပြန်ပါပြီ ။ ကမ္ဘာ့ အဆင့် အသင်း တစ်သင်း ရဲ့ တိုက်စစ်မှူး ဆိုရင်တော့ ဒါမျိုး ခဏခဏ ဖြစ်နေလို့ မရပါဘူး”

“မာရှယ် က အထောင် တိုက်စစ်မှူး အဖြစ် ကစား နေတာပါ ၊ ဒါကြောင့် အဆုံးသတ် တကယ် ကောင်းဖို့ လိုပါတယ် ။ ဒီပွဲမှာ မာရှယ် တင်မဟုတ်ပါဘူး ၊ ယူနိုက်တက် တစ်သင်းလုံး နီးပါး ညံ့ခဲ့ တာပါ ။ ဝက်စ်ဘရွန်း က တောင် ၂ ဂိုးလောက် ရခဲ့သင့် ပါတယ် ။ ယူနိုက်တက် အနေနဲ့ အခုထက် ပိုကောင်းအောင် ကစားပြဖို့ တော့ လိုဦးမှာပါ” လို့ လီဘိုဖ့် က ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် ကြားရက် မှာတော့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် အဖြစ် အစ္စတန်ဘူ ဘာဆက်ဆီဟာ အသင်းနဲ့ ရင်ဆိုင် ကစား သွားရမှာ ဖြစ်ပြီး အုပ်စု အဆင့် ကနေ လွတ်မြောက် နိုင်ဖို့ အတွက် အနိုင် ကစားဖို့ လိုအပ် မှာ ဖြစ်ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular