မန်ယူအသင်း နည်းပြ ရန်းနစ်လက်ထက်တွင် ပြဿနာများ ပိုမိုကြီးထွားလာပြီး သူ၏ နည်းစနစ်နှင့် ကစားသမားများ လိုက်လျောညီထွေမရှိခြင်းကို မဖြေရှင်းနိုင်

မန်ယူအသင်းသည် လက်ရှိအသင်းနည်းပြဖြစ်သည့် ရဲ့လ်ဖ်ရန်းနစ်၏ လက်ထက်တွင် အသင်းတွင်း ပြ ဿနာများ ပိုမိုကြီးထွားလာခဲ့ပြီး ရန်းနစ်၏ နည်းစနစ်များသည် ကစားသမားများနှင့် ကိုက်ညီမှု မရှိသည့် အခြေအနေကိုလည်း ဖြေရှင်းနိုင်ခြင်းမရှိကြောင်း မီဒီယာများက သုံးသပ်ရေးသားလျက်ရှိသည်။

မန်ယူအသင်းသည် ဝုလ်ဗ်အသင်းနှင့် ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အိမ်ကွင်းရှုံးပွဲကြုံတွေ့ခဲ့ခြင်းမှာ ရန်းနစ်လက်ထက် စွမ်းဆောင်ရည်အညံ့ဖျင်းဆုံး ပွဲစဉ်တစ်ပွဲဖြစ်ပြီး ယင်းပွဲတွင် ကွင်းတွင်းစွမ်းဆောင်ရည် ကျဆင်းမှုကို မြင်ခဲ့ရသည်။

myan789

ထို့ပြင် ကွင်းပြင်ကိစ္စရပ်များတွင်လည်း ရန်းနစ်သည် ယာယီနည်းပြ အနေအထားသာ ဖြစ်သော်လည်း ကစားသမားများကို ကိိုင်တွယ်နေသည့်ပုံစံမှာ ရေရှည်ကိုင်တွယ်မည့် နည်းပြတစ်ဦး ပုံစံဖြစ်နေပြီး ကစားသမားများ၏ အနာဂတ်နှင့် ပတ်သက်၍ စိန်ခေါ်စကားများ ဆိုနေခြင်းမှာ သူတာဝန်ယူထားသည့် အနေအထားထက် ပိုမိုလွန်ကဲသည့် သဘောဖြစ်နေသည်။

မန်ယူကစားသမားများသည် ရန်းနစ်၏ မီဒီယာများရှေ့တွင် ပြောနေသည့် စကားများအပေါ် စိတ်ပျက်နေကြသလို၊ အချို့ အတွင်းရေးကိစ္စများကိုပါ ထုတ်ပြောနေခြင်းကိုလည်း သည်းမခံနိုင်အောင်ဖြစ်နေကြသည်။

အသင်းတစ်သင်း၏ အဝတ်လဲခန်းထဲမှ ကိစ္စများ၊ ရုံးခန်းထဲမှ ကိစ္စများကို လူသိရှင်ကြား ဖွင့်ချခြင်း၊ အသင်းအပေါ် ဝေဖန်မှုများအပေါ် အကဲဆတ်လွန်းစွာ တုံ့ပြန်ခြင်းနှင့် အသင်းတွင် မပျော်ရွှင်သည့် မည်သည့်ကစားသမားမဆို ထွက်သွားနိုင်သည်ဆိုသည့် စကားများကို ပြောခြင်းမှာလည်း မလိုအပ်ဘဲ သူ၏ လုပ်ပိုင်ခွင့်အာဏာကို ပြသလွန်းရာရောက်နေသည်ဟု ယူဆနေကြသည်။

ရန်းနစ်သည် မန်ယူအသင်းထံသို့ ရောက်လာချိန်ကတည်းက ဆိုးလ်ရှားလက်ထက်က အသင်းတွင် ရှိနေပြီးသားဖြစ်သည့် ပြဿနာများကို မဖြေရှင်းနိုင်သေးသလို သူ၏ လက်ထက်တွင် ပြဿနာများ ပိုမိုကြီးမားလာသည်ကိုပင် တွေ့ရသည်ဟု Daily Mail သတင်းစာက သုံးသပ်ရေးသားခဲ့သည်။

အသင်းမှ ထွက်ခွာချင်သည့် ကစားသမားများကို တားမြစ်မည်မဟုတ်ဟု ဆိုထားသော်လည်း မာစီယဲလ်က အသင်းမှ ထွက်ရန် တောင်းဆိုသည့်အခါတွင်လည်း သူ့အနေဖြင့် ဆုံးဖြတ်နိုင်ခြင်းမရှိသည့် အနေအထားကို မြင်တွေ့ခဲ့ရပြီး မာစီယဲလ်နှင့် ကာဗာနီကို နှိုင်းယှဉ်သုံးသပ်မှုများ လုပ်ခဲ့ခြင်းမျိုးမှာလည်း ဘောင်ကျော်နေသည်ဟု အသင်းသားများက ခံစားနေကြရသည်။

မန်ယူအသင်းကစားသမားများသည် ရန်းနစ်၏ အယူအဆများနှင့် ခိုင်းစေမှုများကို လက်ခံလိုခြင်းမရှိဘဲ ပိုချက်တီနိုကို အသင်းနည်းပြအဖြစ် ခန့်အပ်ရန် လိုလားနေကြသည်ဟုလည်း သိရှိရသည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular