မန်ယူအသင်းအတွက် ကစားရန် မည်သည့်အခါမျှ ငြင်းဆန်မည်မဟုတ်ကြောင်းနှင့် ယင်းကဲ့သို့ မလေးစားသည့်အပြုအမူမျိုး လုပ်ခဲ့ဖူးခြင်းမရှိကြောင်း မာစီယဲလ် တုံ့ပြန်

မန်ယူအသင်း၏ တိုက်စစ်မှူး မာစီယဲလ်သည် အက်စတွန်ဗီလာနှင့်ပွဲ၌ ပါဝင်ကစားရန် ငြင်းဆန်ခဲ့ကြောင်း နည်းပြ ရန်းနစ်၏ ပြောကြားမှုအပေါ် ပြန်လည်တုံ့ပြန်မှုပြုလုပ်ခဲ့ပြီး မိမိအနေဖြင့် မန်ယူအသင်းအတွက်ကစားရန် မည်သည့်အခါမျှ ငြင်းဆန်မည်မဟုတ်ကြောင်းနှင့် ယင်းသို့ ကလပ်အသင်းနှင့် ပရိသတ်များအပေါ် မလေးစားသည့် အပြုအမူမျိုး လုပ်ခဲ့ဖူးခြင်းမရှိကြောင်း လူမှုကွန်ရက်မှတစ်ဆင့် ဖြေရှင်းခဲ့သည်။

ပြင်သစ်တိုက်စစ်မှူး မာစီယဲလ်သည် မန်ယူအသင်းတွင် ပုံမှန်ကစားခွင့်မရသောကြောင့် အသင်းပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းထွက်နေသူဖြစ်ပြီး ရန်းနစ် ရောက်လာကတည်းက ၎င်းတို့နှစ်ဦးကြား တင်းမာမှုရှိခဲ့သည်။

myan789

မာစီယဲလ်၏ အေးဂျင့်က မန်ယူအသင်းမှ မာစီယဲလ် ထွက်ခွာရန် ဆန္ဒရှိနေကြောင်း ပြောကြားခဲ့ခြင်းကို ရန်းနစ်က မာစီယဲလ်အနေဖြင့် မိမိထံ ကိုယ်တိုင်လာပြောသင့်ကြောင်း ပြောကြားခဲ့ဖူးသည်။

မန်ယူအသင်းသည် အက်စတွန်ဗီလာအသင်းနှင့် (၂-၂)ဂိုးဖြင့် သရေကျခဲ့သည့်ပွဲတွင် စီရော်နယ်လ်ဒိုနှင့် ရပ်ရှ်ဖို့ဒ်တို့ ဒဏ်ရာပြဿနာများကြောင့် ပါဝင်နိုင်ခြင်းမရှိခဲ့ဘဲ တိုက်စစ်ပိုင်း၌ ကာဗာနီ၊ ဂရင်းဝုဒ်တို့နှင့်အတူ လူငယ်ကစားသမား အီလန်ဂါ ပွဲထွက်ကစားခဲ့ရသည်။

ထို့ပြင် အရန်စာရင်း၌ ဂိုးသမားနှစ်ဦးအပါအဝင် ကစားသမား(၈)ဦးသာ ထည့်သွင်းနိုင်ခဲ့သည်။ ထို့ကြောင့် မာစီယဲလ် မပါဝင်လာခြင်းအပေါ် မေးမြန်းခဲ့ရာ ရန်းနစ်က “သူက အသင်းရဲ့လူစာရင်းထဲ ပါဝင်ဖို့ ဆန္ဒမရှိခဲ့ပါဘူး။ ပုံမှန်အားဖြင့်ဆိုရင် ဒီပွဲလူစာရင်းမှာ သူပါဝင်မှာပါ။ ဒါပေမဲ့ သူ မပါချင်ခဲ့ပါဘူး။ ဒါဟာ ကျွန်တော်တို့နဲ့ သူ မလိုက်ပါနိုင်ခဲ့တဲ့ အကြောင်းပြချက်ပါပဲ” ဟု ပြောကြားခဲ့သည်။

သို့သော် ယင်းသတင်းထွက်ပေါ်လာခဲ့ပြီးနောက် မာစီယဲလ်က သူ၏ Instagram ၌ “မန်ယူအသင်းအတွက် ပွဲတစ်ပွဲကစားဖို့ ကျွန်တော် ဘယ်တော့မှ ငြင်းဆန်မှာ မဟုတ်ပါဘူး။ ကျွန်တော်ဒီအသင်းကို ရောက်နေတာ (၇)နှစ်ရှိပြီဖြစ်ပြီး ကလပ်အသင်းနဲ့ ပရိသတ်တွေကို လေးစားမှုမရှိတဲ့ အပြုအမူမျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး။ ဘယ်တော့မှလည်း လုပ်မှာမဟုတ်ပါဘူး” ဟု ရေးသားခဲ့သည်။

ထို့ကြောင့် ရန်းနစ်နှင့် မာစီယဲလ်တို့၏ ဆက်ဆံရေးမှာ ပိုမိုတင်းမာသည့်အခြေအနေ ဖြစ်သွားခဲ့ပြီဖြစ်ပြီး မာစီယဲလ်အနေဖြင့် အသင်းမှ သေချာပေါက်ထွက်ခွာရတော့မည်ဟု ထင်ကြေးပေးမှုများလည်း ထွက်ပေါ်လာခဲ့သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular