မန်ယူအသင်းသို့ ဘယ်တော့မှ ပြောင်းရွှေ့မည်မဟုတ်ဟု ကယ်လ်ဗင်ဖီးလစ် ပြောကြား

မန်စီးတီးအသင်း၏ ကစားသမားသစ်တစ်ဦးဖြစ်သည့် အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်က သူသည် မန်ယူအသင်း၏ စိတ်ဝင်စားခံရခြင်းကို ဂုဏ်ယူမိသော်လည်း မန်ယူအသင်းထံသို့ ဘယ်တော့မှ ပြောင်းရွှေ့မည်မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

အသက် (၂၆)နှစ်အရွယ်ရှိ ကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်က မန်ချက်စတာယူနိုက်တက်အသင်းသည် ၎င်းကိုခေါ်ယူရန် ချဉ်းကပ်ခဲ့ကြောင်း အတည်ပြုပြောကြားခဲ့ပြီး သူသည် မန်ချက်စတာယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ လိုခြင်းမရှိသည်မှာ မိသားစုအကြောင်းပြချက်ကြောင့်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

myan789

ကယ်လ်ဗင်ဖီးလစ်၏ မိသားစုဝင်များသည် မန်ယူအသင်းကို မုန်းတီးသည့် ပရိသတ်များဖြစ်ကြပြီး ဖီးလစ်က “ခင်ဗျားတို့လည်း သိပါ တယ်။ ကျွန်တော့်ရဲ့ လိဒ်စ်အသင်းအပေါ်ထားတဲ့ သစ္စာတရားအပြင် ကျွန်တော့်မိသားစုအပေါ်ထားတဲ့ သဘောထားကိုရောပေါ့။ ကျွန်တော်တို့တစ်မိသားစုလုံးက လိဒ်စ်ယူနိုက်တက်အသင်း ပရိသတ်တွေဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်လို ထိပ်တန်းအသင်းကြီးတစ်သင်းရဲ့ စိတ်ဝင်စားခြင်းခံရတာက ဂုဏ်ယူစရာပါ။ ဒီအသင်းဟာ ကမ္ဘာ့အကြီးဆုံးအသင်းကြီးတွေထဲက တစ်သင်းလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကလပ်အသင်းဟောင်းနဲ့ ကျွန်တော့်မိသားစုကို လေးစားတဲ့အနေနဲ့ မန်ချက်စတာရဲ့ အခြားအသင်းကိုပဲ ကျွန်တော် ပြောင်းချင်ပါတယ်။ လိဒ်စ်ယူနိုက်တက်အသင်းက ကျွန်တော့်အပြောင်းအရွှေ့အတွက် မန်စီးတီးအသင်းကို ပြောင်းစေချင်သလို ကျွန်တော့်မိသားစုကလည်း မန်ချက်စတာယူနိုက်တက်ဆီကို မပြောင်းစေချင်ကြဘူး။ ဒီဆုံးဖြတ်ချက်ဟာ မှန်သလား၊ မှားသလားဆိုတာ ကျွန်တော် မသိသေးပါဘူး။ ဒါပေမဲ့ ကျွန်တော် နေထိုင်တဲ့ပုံစံ၊ တွေးခေါ်တဲ့ပုံစံကတော့ ကျွန်တော့်အပေါ်လေးစားတဲ့၊ တန်ဖိုးထားတဲ့လူတွေအပေါ် ပြန်လည်သစ္စာရှိခြင်းက အ ကောင်းဆုံးပဲလို့ အမြဲတမ်းတွေးပါတယ်”ဟု ပြောကြားခဲ့သည်။

ကယ်လ်ဗင်ဖီးလစ်သည် လိဒ်စ်အသင်းနှင့် စာချုပ် တစ်နှစ်သာ ကျန်ရှိတော့သူဖြစ်ပြီး သက်တမ်းတိုးခြင်းမရှိပါက လာမည့်ရာသီကုန်တွင် အသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ရမည်ဖြစ်ပြီး မန်စီးတီးအသင်းက ၂၀၂၃ မှသာ ခေါ်ယူရန်လည်း စဉ်းစားခဲ့သေးသည်။

သို့ရာတွင် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ချက်ချင်းအလိုရှိသဖြင့် မန်စီးတီးအသင်းက ခေါ်ယူရန် ကြိုးစားခဲ့ခြင်း ဖြစ်ပြီး ယင်းအတွက် ကျေးဇူးတင်သည်ဟုလည်း ကယ်လ်ဗင်ဖီးလစ်က ပြောကြားခဲ့သည်။ “သူက ဂရိတ်နည်းပြကြီး တစ်ဦးဖြစ်ပြီး ကျွန်တော့်ကို နောက်တစ်ဆင့်တက်အောင် ကူညီနိုင်ပါလိမ့်မယ်”ဟုလည်း ၎င်းက ဆိုသည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular