မန်ယူအသင်းနှင့် စာချုပ်သစ်ကိစ္စဆွေးနွေးမှုကို ရာသီကုန်တွင် ပြုလုပ်မည်ဟု ပေါ့ဘာ ဆိုခဲ့ပြီး ဘရူနို၊ ကာဗာနီတို့ကိုလည်း ချီးကျူး

မန်ယူအသင်း၏ ကွင်းလယ်လူ ပေါလ်ပေါ့ဘာက BT Sports ၏ You Tube နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးအစီအစဉ်တွင် အသင်းနှင့် စာချုပ်သစ်အတွက် ဆွေးနွေးမှုကို ရာသီကုန်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ပေါ့ဘာ၏အေးဂျင့်ဖြစ်သူ ရိုင်ယိုလာက ပေါ့ဘာသည် မန်ယူအသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် အစီအစဉ်မရှိဟု ဆိုခဲ့သည့်တိုင် ပေါ့ဘာကမူ သူသည် မန်ယူအသင်းတွင် ပျော်ရွှင်နေကြောင်းနှင့် စာချုပ်သစ်အတွက် ဆွေးနွေးမှုကိုလည်း ရာသီကုန်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

myan789

ပေါ့ဘာက “ကျွန်တော့်မှာ စာချုပ်ရှိနေပါတယ်။ ကျွန်တော်က ဒီအသင်းရဲ့ ကစားသမားလည်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ဆိုရင်တော့ ဒီအသင်းမှာ ပျော်ရွှင်နေပါတယ်။ ကျွန်တော်နဲ့ မန်ယူအသင်းစာချုပ်သက်တမ်းကျန်နေသေးတယ်ဆိုတာ လူတိုင်းသိပြီး၊ ရာသီကုန်မှာ စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးသွားမှာပါ။ ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပေါ့”ဟု ပြောကြားခဲ့သည်။

ထို့ပြင် ပေါ့ဘာသည် မန်ယူအသင်း၏ အသင်းဖော်များဖြစ်သည့် ဘရူနိုဖာနန်ဒက်စ်နှင့် ကာဗာနီတို့ကိုလည်း ချီးကျူး ပြောဆိုမှုများပြုလုပ်ခဲ့သည်။

ပေါ့ဘာက “အသင်းကို ဘရူ နိုရောက်လာကတည်းက သူက စွမ်းအင်သစ်တွေယူဆောင်လာခဲ့ပါတယ်။ သူ့ရဲ့ပေးပို့မှုတွေ၊ သူ့ရဲ့သွင်းဂိုးတွေ၊ သူ့ရဲ့ ဖန်တီးမှုတွေက အရေးပါပါတယ်။ ကျွန်တော်က ခံစစ်ကို ပိုဆင်းကစားပေးချိန်မှာသူက တိုက်စစ်မှာ ဖန်တီးမှုတွေ လုပ်ပေးနိုင်ပါတယ်။ ဖန်တီးနိုင်စွမ်းရှိတဲ့ ကစားသမားနှစ်ဦး အတူကစားနေတာကောင်းပါတယ်။ ကာဗာနီကလည်း အတွေ့အကြုံတွေ ယူဆောင်လာပေးပါတယ်”ဟု ဆိုခဲ့သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular