မန်ယူအတွက် နောက်ဆုံးတစ်ကြိမ်ကမ်းလှမ်းမှု ပြုလုပ်လိုက်တဲ့ ကာတာသူဌေး

မန်ယူအသင်းကို ဝယ်ယူရန်ကြိုးစားနေသော ကာတာသူဌေးအုပ်စုမှ အချိန် ၁၁ နာရီကြာထူးခြားသည့် ကမ်းလှမ်းမှု တစ်ခုကို နောက်ဆုံးတစ်ကြိမ်ပြုလုပ်လိုက်သည်။ မန်ယူပိုင်ရှင်ဂလေဇာမိသားစု အနေဖြင့် အဆိုပါ ကမ်းလှမ်းမှုကို လက်မခံလျှင်လည်း ကာတာသူဌေးဘက်မှ နောက်တစ်ကြိမ်ကမ်းလှမ်းရန် အလားအလာနည်းသွားပြီဖြစ်ကြောင်း သတင်းများက သုံးသပ်ဖော်ပြသည်။ ကာတာသူဌေး ရှိတ်ဂျာဆင် အယ်လ်သာနီသည် ဗြိတိန်သူဌေး ဆာဂျင်မီရက်ကလစ်ဖ်နှင့် အပြိုင်မန်ယူကို ဝယ်ယူရန် ကမ်းလှမ်းနေခြင်း ဖြစ်သည်။ အဆိုပါသူဌေးနှစ်ဦးသည် မန်ယူကို ဝယ်ယူရေးအတွက် ကမ်းလှမ်းမှု သုံးကြိမ်စီပြုလုပ်ခဲ့ပြီးဖြစ်ကာ လက်ရှိပိုင်ရှင်အနေဖြင့် မန်ယူကို မည်သူထံရောင်းချမည်ကို မကြာမီတွင် ဆုံးဖြတ်သွားရန် ရှိသည်။

ထိုသို့ဝယ်ယူရေးအတွက် ကမ်းလှမ်းရာတွင် ကာတာသူဌေးက မန်ယူကို ၁၀၀ ရာခိုင်နှုန်းဝယ်ယူရန် ကမ်းလှမ်းခြင်းဖြစ်သည်။ ဗြိတိန်သူဌေးကမူ တစ်စိတ်တစ်ပိုင်းသာ လတ်တလောအချိန်တွင် ဝယ်ယူပြီး နောက်ပိုင်းတွင် တဖြည်းဖြည်းချင်း ပိုင်ဆိုင်မှုပမာဏကို တိုးယူရန် ကမ်းလှမ်းခြင်းဖြစ်ကာ မန်ယူကို ဝယ်ယူရေးတွင် ဗြိတိန်သူဌေးဘက်မှ အရေးသာနေကြောင်းလည်း သတင်းထွက်ပေါ်လာသည်။

myan789

ဗြိတိန်သူဌေးက လက်ရှိ မန်ယူကို ပိုင်ဆိုင်သော အမေရိကန်သူဌေးများဖြစ်သည့် ဂျိုးနှင့် အဗရန် ဂလေဇာတို့ကို နောက်ထပ် ၂ နှစ်မှ ၄ နှစ်အထိ ကလပ်အသင်းတွင် ဆက်လက် နေရာပေးမည်ဖြစ်ပြီး နောက်ပိုင်းမှ ဂလေဇာတို့က မန်ယူမှ အပြီးသတ်ထွက်ခွာသွားရန် ကမ်းလှမ်းထားသည်။ ဂလေဇာမိသားစုကလည်း ထိုသို့အသင်းတွင် ကာလအတန်ကြာဆက်နေခွင့်ရခြင်းကို နှစ်သက်သဖြင့် ဗြိတိန်သူဌေးဘက်မှ ကမ်းလှမ်းမှုမှာ အလေးသာနေခြင်းဖြစ်ကြောင်း မီဒီယာများက ဖော်ပြသည်။

မန်ယူသည် လာမည့်ရာသီအမီ အသင်းကို အင်အားဖြည့်တင်းရန် လိုအပ်နေပြီး ပိုင်ရှင်သစ်အချိန်မီ ထွက်ပေါ်လာရန်လည်း အရေးကြီးနေသည်။ မူလအစီအစဉ်အရဆိုလျှင် ပိုင်ရှင်သစ်ကို ပြီးခဲ့သည့် ရက်သတ္တပတ်ကတည်းက ရွေးချယ်ရမည်ဖြစ်သည်။ သို့ရာတွင် ပိုင်ရှင်သစ်အတွက်ဆွေးနွေးမှုများက ဆက်လက်ဖြစ်ပေါ်နေပြီး ကာတာသူဌေးက မန်ယူကို အလုံးစုံဝယ်ယူရေးအတွက် နောက်ဆုံးတစ်ကြိမ် ကမ်းလှမ်းမှုကို အင်္ဂါနေ့ညက ပြုလုပ်လိုက်ခြင်းဖြစ်သည်။

အဆိုပါကမ်းလှမ်းမှုသည် ပထမတစ်ကြိမ်ကမ်းလှမ်းမှုထက် သိသိသာသာမြင့်မားလာသော်လည်း မန်ယူကို အလုံးစုံဝယ်ယူလိုခြင်းဖြစ်ပြီး ဗြိတိန်သူဌေး၏ကမ်းလှမ်းမှုထက် နိမ့်နေသေးကြောင်း သတင်းထွက်နေသည်။ ကာတာသူဌေးက မန်ယူကို ဝယ်ယူရေးတွင် လက်ငင်း ပေးချေ၍ ဝယ်ယူမည်ဖြစ်ပြီး မန်ယူအသင်း၏ ပေါင် ၅၃၆ သန်းရှိသော ကြွေးမြီများကိုလည်း ရှင်းပြစ်မည်ဖြစ်ကြောင်း ကမ်းလှမ်းမှုတွင် ပါဝင်သည်။ ထို့ပြင် မန်ယူအသင်းကို ကစားသမားအင်အားဖြည့်တင်းရန်နှင့် အိုးထရက်ဖို့ကွင်းကို အဆင့်မြှင့်တင်ရန် အစီအစဉ်လည်း အဆိုပါကမ်းလှမ်းမှုတွင်ပါဝင်သည်။

ချဲလ်ဆီးအသင်းအရောင်းအဝယ်ကို ပြီးခဲ့သည့်နှစ်တွင် ကိုင်တွယ်ခဲ့သော ရိန်း အမေရိကန်ဘဏ်လုပ်ငန်း အုပ်စုကပဲ မန်ယူအသင်းအရောင်းအဝယ်ကို ကိုင်တွယ်နေသည်။

ကာတာသူဌေးက နောက်ဆုံးတစ်ကြိမ်ကမ်းလှမ်းပြီးနောက် ဗြိတိန်သူဌေးက နောက်တစ်ကြိမ်ကမ်းလှမ်းဦးမည်လားဆိုသည်မှာ စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဆာဂျင်မီရက်ကလစ်ဖ်က မန်ယူကို ၅၀ ရာခိုင်နှုန်းသာ လက်ရှိအချိန်တွင် ဝယ်ယူမည်ဖြစ်ပြီး တဖြည်းဖြည်းခြင်းနှင့် ၎င်း၏ပိုင်ဆိုင်မှု အချိုးအစားကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း မန်ယူ၏ တန်ကြေးကို ပေါင် ၆ ဘီလီယံလောက်အထိပေးသွားရန် ရှိကြောင်းလည်း သတင်းများက ဆက်လက်ဖော်ပြသည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular