မန်ယူနိုက်တက် နဲ့ ပွဲမတိုင်မှီ ပြိုင်ဘက် တိုက်စစ် ကစားသမားတွေရဲ့အရည်အသွေးတွေကို ထုတ်ဖော် ချီးကျူးလိုက်တဲ့ အာတီတာ

အာဆင်နယ် အသင်း နည်းပြ မီခေးလ် အာတီတာ က မန်ယူနိုက်တက် နဲ့ ပွဲမတိုင်မှီ ပြိုင်ဘက် တိုက်စစ် ကစားသမားတွေဟာ အရည်အသွေးမြင့်သူ ဖြစ်ကြောင်း ထုတ်ဖော် ချီးကျူး သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ယနေ့ည မြန်မာ စံတော်ချိန် ၁၁ နာရီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အိုးထရက်ဖိုဒ့် ကွင်းကြီးမှာ သွားရောက် ကစားရမှာ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းအတွက် နောက်ဆုံး သုံးပွဲဆက် အသင်းကြီးနဲ့ ယှဉ်ပြိုင် ကစားရမှာပါ ။

myan789

အာဆင်နယ် အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် လေးပွဲမှာ သုံးပွဲ ရှုံးနိမ့် ထားပြီး အဆင့် ၁၁ နေရာမှာ ရပ်တည် နေပါတယ် ။ မန်ယူနိုက်တက် အသင်းကတော့ ငါးပွဲ ကစားအပြီးမှာ နှစ်ပွဲသာ နိုင်ထားပြီး အဆင့် ၁၅ နေရာ ရောက်နေပါတယ် ။

မန်ယူနိုက်တက် ရဲ့ တိုက်စစ် အတွဲ ဖြစ်တဲ့ အန်တိုနီ မာရှယ် ၊ မားကပ်စ် ရက်ရှ်ဖိုဒ့် ၊ မာဆန် ဂရင်းဝုဒ် တို့ဟာ မနှစ်က ပြိုင်ပွဲစုံ စုစုပေါင်း သွင်းဂိုး ၆၂ ဂိုးအထိ ရှိခဲ့ပါတယ် ။ မန်ယူနိုက်တက်ဟာ ဒီနွေရာသီမှာလည်း တိုက်စစ် အင်အား ဖြည့်တင်းမှု အဖြစ် ကာဗာနီ ကို စာချုပ်ချုပ် ခေါ်ယူ ထားပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ က ” မန်ချက်စတာ ယူနိုက်တက် အသင်း တိုက်စစ် ကစားသမားတွေက ကောင်းမွန်တဲ့ နားလည်မှုကို တည်ဆောက်ထားပါတယ် ။ သူတို့ အားလုံးက မတူ ကွဲပြားတဲ့ ကစားသမားတွေပါ ။ သူတို့ အတူ တိုက်စစ်ဆင်ကြပြီး နားလည်မှု အပြည့် ၊ ချိတ်ဆက်မှု ရှိရှိ နဲ့ ကစားနိုင်တာကို ခင်ဗျားတို့လည်း တွေ့မှာပါ ။ ”

” lockdown ပြီးကတည်းက ဆိုးလ်ရှား က ယူနိုက်တက် ကို အများကြီး တိုးတက်အောင် လုပ်ဆောင် ပေးထားပါတယ် ။ ပြီးခဲ့တဲ့ ရာသီမှာ သူတို့ရဲ့ သွင်းဂိုး အရေအတွက် ၊ သွင်းဂိုး အမျိုးအစားတွေကို အားလုံး သတိထားမိကြမှာပါ ၊ သူတို့က တကယ် ခြိမ်းခြောက် နိုင်ပါတယ် ။ ”

” နောက်ပြီး သူတို့က ကစားကွက် နှစ်မျိုး ၊ သုံးမျိုး ကစားနိုင်ပါတယ် ။ ပြိုင်ဘက် အပေါ် ၊ ကစားနိုင်တဲ့သူတွေ အပေါ် မူတည်ပြီး ကစားကွက် ပြောင်းကစား နိုင်ပါတယ် ၊ တစ်ခါတစ်လေဆို ပွဲကစားနေတဲ့ အချိန်အတွင်းမှာတောင် ပြောင်းလဲမှု အချို့ လုပ်နိုင်ပါတယ် ။ ”

” ဒါကို ရင်ဆိုင်နိုင်ဖို့ ကျွန်တော်တို့ ပြင်ဆင် ထားရမှာပါ ၊ သူတို့ရဲ့ အလိုက်သင့် ပြောင်းလဲ နိုင်မှုကို ရင်ဆိုင်ဖို့ပါ ၊ သူတို့ရဲ့ လူစာရင်း အင်အားကတောင့်တင်းသလို တိုက်စစ် အင်အားလည်း များပြားပါတယ် ၊ မတူညီတဲ့ အရာတွေ လုပ်ပြဖို့ ရွေးချယ်စရာတွေ များပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဆက်လက်ပြီး အာတီတာ က ” ကျွန်တော်တို့ အသင်းဟာ နိုင်ပွဲတွေ ရရှိဖို့ ပိုမို နီးစပ်လာပြီလို့ ယုံကြည်ချင်ပါတယ် ။ ကျွန်တော်တို့ အသင်းကတော့ သူတို့ ကွင်းမှာ အနိုင်ယူမယ့် စိတ်ဓတ် နဲ့ သွားမှာပါ ၊ ဒါက ကျွန်တော်တို့ ချဉ်းကပ်သွားမယ့် ပုံစံ နဲ့ ကစားဟန်ပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular