မန်ယူနိုက်တက် ကို ပြောင်းလာတော့မယ့် ဗန်ဒီဘိ ကို ကြိုဆိုလိုက်တဲ့ လီဗာပူးခံစစ်မှူး ဗန်ဒိုက်

လီဗာပူး အသင်းရဲ့ အမာခံ နောက်တန်း ခံစစ်မှူးကြီး ဗာဂျယ် ဗန်ဒိုက် ဟာ ပရီးမီးယားလိဂ် ပြိုင်ဘက် မန်ချက် စတာ ယူနိုက်တက် ကို ပြောင်းရွှေ့ လာတော့မယ့် လက်ရွေးစင် အသင်းဖော် ဒွန်နီ ဘန်ဒီဘိ ကို ကြိုဆိုကြောင်း ပြောဆို သွားခဲ့ ပါတယ် ။ ဒါ့အပြင် နယ်သာလန် ကစား သမား ၂ ဦး ရဲ့ မန်ချက် စတာ ၂ သင်းထံ ပြောင်းရွှေ့မှု ဟာလည်း သူတို့ အတွက် နောက်ထပ် ခြေလှမ်းသစ် လှမ်းတက် လိုက်တာ ဖြစ်တယ်လို့ ဗန်ဒိုက် က ပြောဆို သွားခဲ့ ပါတယ် ။

အိုင်ယက်စ် အသင်းမှာ ကစား နေတဲ့ အသက် ၂၃ နှစ် အရွယ် နယ်သာလန် ကွင်းလယ် ကစား သမားလေး ဒွန်နီ ဗန်ဒီဘိ ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ လာတော့မှာ ဖြစ်ပြီး ယမန်နေ့ က နယ်သာလန် မှာ ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ပြီး ခဲ့ပြီလို့ သိရ ပါတယ် ။

myan789

ကလပ် အသင်း ၂ သင်း အကြား ညှိနှိုင်းမှု ဟာ အလွန် မြန်ဆန်စွာ အောင်မြင် ခဲ့ပြီး မန်ချက် စတာ ယူနိုက်တက် ဟာ ယူရို သန်း ၄၀ + အပိုဆုကြေး တို့နဲ့ ဗန်ဒီဘိ ကို ခေါ်ယူ နိုင်ခဲ့တာ ဖြစ်တယ် လို့ ကြားသိရ ပါတယ် ။ ဗန်ဒီဘိ ဟာ ယခု အပတ် အတွင်း မန်ချက်စတာ ကို ရောက်လာကာ တရားဝင် ကြေညာ နိုင်ဖွယ် ရှိပြီး တစ်ပတ် လုပ်ခ ပေါင် ၁ သိန်းကျော် နဲ့ ၅ နှစ် စာချုပ် ချုပ်ဆိုမယ် လို့လည်း သိရ ပါတယ် ။

နယ်သာလန် အခြေစိုက် De Telegraaf သတင်းစာ ရဲ့ မေးမြန်းမှု မှာတော့ ဗန်ဒိုက် က ပရီးမီးယားလိဂ် ကို ရောက်လာမယ့် ဗန်ဒီဘိ အတွက်ရော ဘုန်းမောက် ကနေ မန်စီးတီး ကို လှမ်းတက် နိုင်ခဲ့တဲ့ နေသန် အကီ အတွက်ရော ဝမ်းမြောက် မိပါတယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့သလို ဒါတွေဟာ နယ်သာလန် အသင်းအတွက် များစွာ ကောင်းကျိုး ဖြစ်စေလိမ့်မယ် လို့လည်း ဆိုသွား ခဲ့ ပါတယ် ။

“ဒွန်နီ ကို အကောင်းဆုံး ဖြစ်ပါစေ လို့ ကျွန်တော် ဆုတောင်းပေး ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် ဟာ အသင်းကြီး တစ်သင်းပါ ။ ဒီလို အသင်းကို ရောက်လာပြီး ပရီးမီးယားလိဂ် မှာ ကစားရတော့မယ့် သူ့အတွက် ကျွန်တော် ဝမ်းသာ မိပါတယ်”

“ဒွန်နီ ရော အကီ ပါ သူတို့ ဘဝရဲ့ ပိုမြင့်တဲ့ လှေကားထစ် ကို လှမ်းတက် ခဲ့ကြ တာပါ ။ ဒါဟာ နယ်သာလန် လက်ရွေးစင် အသင်း အတွက်လည်း ကောင်းကျိုး ဖြစ်စေ မှာ အသေအချာ ပါပဲ” လို့ ဗန်ဒိုက် က ပြောဆို သွားခဲ့ ပါတယ် ။

ဗန်ဒီဘိ ဟာ အီတလီ ၊ ပိုလန် တို့နဲ့ ကစားမယ့် နယ်သာလန် အသင်းရဲ့ ဥရောပ နေးရှင်းလိဂ် လူစာရင်း ထဲမှာ ပါဝင် ခဲ့ ပါတယ် ။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် နဲ့ အပြောင်း အရွှေ့ ကိစ္စတွေ လုပ်ဆောင် ရမှာ ဖြစ်ပြီး ခရီးသွားလာ ရမှာ ဖြစ်တာကြောင့် လက်ရွေးစင် အသင်းနဲ့ နောက်ကျမှသာ လာရောက် ပူးပေါင်း နိုင်ချေ ရှိနေ ပါတယ် ။

ဗန်ဒီဘိ ရဲ့ ဖခင် ဖြစ်သူကတော့ ဒီအပြောင်း အရွှေ့ဟာ သားဖြစ်သူ ရဲ့ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာ ခဲ့တာပါ လို့ သတင်းထောက် တစ်ဦး နဲ့ တွေ့ဆုံစဉ် မှာ ဖြေကြား သွားခဲ့ပြီး အပြောင်း အရွှေ့ သတင်းတွေ ကို အတည်ပြု ပေးသွားခဲ့ ပါတယ် ။

“ဒါဟာ သူ့အိပ်မက်တွေ တကယ် ဖြစ်လာခဲ့ တာပါ ။ ဒီလို လုပတဲ့ ကလပ် အသင်းကြီးမှာ ကစားဖို့ အခု အချိန်က အသင့်တော်ဆုံး ပါပဲ ။ သူ့ကို စိတ်ဝင်စားတဲ့ အသင်းတွေ အများကြီး ရှိခဲ့ ပါတယ် ။ ဒါပေမယ့် သူ့ စိတ်ကြိုက် အသင်းကို သူကိုယ်တိုင် ရွေးခဲ့ တာပါ” လို့ ဆိုသွား ခဲ့ ပါတယ် ။

ဆက်လက်ပြီး သူ နေထိုင်ရာ ရွာလေး ဟာ ဗန်ဒီဘိ ရဲ့ အပြောင်း အရွှေ့ သတင်းကြောင့် ဆူညံ လှုပ်ရှား နေပြီး သတင်းထွက် လာတဲ့ နေ့က စလို့ သူ့ဖုန်းဟာလည်း မနားတမ်း မြည်နေ ခဲ့ ပါတယ်လို့ အန်ဒရီ ဗန်ဒီဘိ ( ဖခင် ) က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular