မန်ယူနိုက်တက်တို့ ခေါ်ယူသင့်တဲ့ ပရီးမီးယားလိဂ် ကြယ်ပွင့် တစ်ဦးကို ပြောပြလိုက်တဲ့ ဖာဒီန

မန်ယူနိုက်တက် နောက်ခံလူဟောင်း ရီယိုဖာဒီနန်က သူ့ရဲ့ အသင်းဟောင်း အနေနဲ့ ဒီရာသီမှာ ဝုဖ်အသင်း အတွက် အကောင်းဆုံး ခြေစွမ်းပြ ကစားလျက် ရှိနေတဲ့ တိုက်စစ်မှုး ရာအူးဂျီမီနက် ကို ခေါ်ယူဖို့ ကြိုးစား သင့်တယ်လို့ အကြံပေး လိုက်ပါတယ်။ မက္ကဆီကို လက်ရွေးစင်ဟာ ပရီးမီးယားလိဂ် ကို ရောက်လာ ခဲ့ပြီး နောက်ပိုင်း ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသ ထားခဲ့ကာ ဖာဒီနန် ကတော့ ဒီကို သဘောကျလျက် ရှိနေပါတယ်။

ဂျီနီနက်ဟာ ဒီရာသီ ဝုဖ် အသင်း အတွက် ပြိုင်ပွဲစုံမှာ ၂၆ ဂိုးထိ သွင်းယူ ပေးထား ခဲ့ပြီး ဒီရာသီ ဝုဖ်တို့ ချန်ပီယံလိဂ် ဝင်ခွင့် ရည်မှန်း နိုင်အောင် အဓိက အခန်းကဏ္ဍ ကနေ ကူညီ ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂျီမီနက် ရဲ့ အရည်အသွေးဟာ ဂိုးသွင်းမှုပိုင်းတင် မကပါဘူး။ ၎င်းရဲ့ hold-up play ၊ အလိမ်အခေါက် စွမ်းရည် ၊ နေရာလွတ်တွေ ဖန်တီးပေးမှု နဲ့ အသင်းဖော်တွေ အတွက် ဂိုးဖန်တီး ပေးနိုင်တဲ့ အရည်အသွေး ကလည်း ထိပ်တန်း အဆင့်မှာ ရှိနေပါတယ်။

myan789

ဂျီမီနက်ဟာ မနေ့ညက ခရစ်စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ အနိုင် ရရှိ ခဲ့တဲ့ ပွဲစဉ်မှာ ဂျွန်နီရဲ့ ဂိုးအတွက် အရေးပါတဲ့ ကဏ္ဍ ကနေ ပါဝင် ပေးခဲ့ပြီး ဒီရလဒ်ကြောင့် ဝုဖ်ဟာ နောက်တစ်ကြိမ် ယူရိုပါလိဂ် ဝင်ခွင့် ရဖို့ အတွက် အခြေအနေ ကောင်းသွားပြီ ဖြစ်ပါတယ်။ ဖာဒီနန် ကတော့ ဝုဖ် အတွက် ဂျီမီနက်ရဲ့ လုပ်အားကို ချီးကျူး သွားခဲ့ပြီး ၎င်းရဲ့ စွမ်းဆောင်ရည်ကြောင့် လာမည့် နွေရာသီ ဈေးကွက်မှာ အသင်းကြီးတွေက ကမ်းလှမ်းမှု လုပ်လာ နိုင်တယ်လို့ ခန့်မှန်းလိုက်ပါတယ်။

ဖာဒီနန်က “ကျွန်တော် ကတော့ ဝုဖ် ဟာ သူ့ကို အသင်းမှာ ဆက်ထိန်း ထားနိုင်ဖို့ အတွက် အကောင်းဆုံး လုပ်သွား လိမ့်မယ်လို့ ထင်ပါတယ်။ သူဟာ အတော့်ကို မြင့်မားတဲ့ အရည်အသွေး ရှိသူလို့ ကျွန်တော် ထင်ပါတယ်။ နောက်ဆုံး ၂ နှစ်တာ ကာလ အတွင်း သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ဟာ တအား ကောင်းလာ ခဲ့ပါတယ်။ ဒီမတိုင်မီ သူ့ရဲ့ မှတ်တမ်းတွေ ကတော့ သိပ်ပြီး မကောင်း ခဲ့ပါဘူး။ ဒါပေမယ့် သူဟာ ပရီးမီးယားလိဂ် ကို ရောက်လာ ခဲ့တဲ့ အချိန်မှာ ပုံစံကောင်းကို တောက်လျှောက် ပြသ နိုင်ခဲ့ပါတယ်။

ဂျီမီနက်ဟာ ကြီးမားတဲ့ character ကို ပိုင်ဆိုင် ထားခဲ့ပြီး ထိပ်တန်း အသင်းကြီးတွေ သူ့ကို စောင့်ကြည့် နေကြမယ် ဆိုရင်လည်း ကျွန်တော် အံ့သြခြင်းတော့ မရှိပါဘူး။ ထိပ်တန်း အသင်းကြီးတွေ သူ့ကို စိတ်ဝင်စား နေကြတယ် ဆိုတာကို ပြီးခဲ့တဲ့ ရက်ပိုင်းက မီဒီယာတွေ ဖော်ပြ နေကြတာကို ကျွန်တော်တို့ မြင်တွေ့ ခဲ့ရပါတယ်။” လို့ ပြောသွား ပါတယ်။

ဂျီမီနက်ကို ယူနိုက်တက် တို့ထံ ပြောင်းလာ စေချင်သလား ဆိုတဲ့ မေးခွန်းကို ဖာဒီနန်က “ကျွန်တော် no လို့ လုံး၀ မပြောင်း နိုင်ပါဘူး။ သူဟာ ယူနိုက်တက် တို့ ပိုင်ဆိုင် ထားတဲ့ တိုက်စစ် ကစားသမား တွေနဲ့ မတူညီတဲ့ အရည်အသွေးကို ပိုင်ဆိုင် ထားပါတယ်။ ကျွန်တော် သူနဲ့ ပက်သက်ပြီး ကြိုက်တာ ကတော့ သူဟာ ဂိုးတွေကိုပုံစံမျိုးစုံ သွင်းယူ နိုင်စွမ်း ရှိတာ ဖြစ်ပါတယ။်

သူဟာ ခေါင်းတိုက်ဂိုးတွေ ကောင်းကောင်း သွင်းယူ နိုင်စွမ်း ရှိသလို သူ့ရဲ့ ပြေးအား တိုးအား အလိမ်အခေါက် စွမ်းရည်တွေနဲ့ ပြိုင်ဘက် နောက်ခံလူ တွေကို ချေမှုန်း နိုင်စွမ်းလည်း ရှိပါတယ်။ ပြီးတော့ သူဟာ ဘန်လေ နဲ့ ပွဲတုန်းကလို ဘာမှ မဟုတ်တဲ့ အနေအထားမျိုး ကနေ တအားကို ကောင်းတဲ့ ဂိုးတွေလည်း သွင်းယူ နိုင်ပါတယ်။” လို့ ချီးကျူး လိုက်ပါတယ်။

ဂျီနီနက်ဟာ ၂၀၁၉ ခုနှစ်က ဘင်ဖီကာမှ ဝုဖ်ကို ပေါင် သန်း ၃၀ နဲ့ အပြီးသတ် ပြောင်းလာ ခဲ့ပြီး ပရီးမီးယားလိဂ် ကလပ် အတွက် ၉၆ ပွဲ ကစားကာ ၄၃ ဂိုး သွင်းယူ ထားခဲ့ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular