မန်ဒီ၏အမှားနှင့် တည်ကန်ဘောမှဂိုးပေးခဲ့ရခြင်းအတွက် ခံစစ်ပိုင်းကို တူဟယ်လ် ဝေဖန်ခဲ့ပြီး အပြောင်းအရွှေ့မပိတ်မီ အာရုံစိုက်ထားရန်လိုအပ်ဟု ပြောကြား

ချယ်လ်ဆီးအသင်းနည်းပြ သောမတ်စ်တူဟယ်လ်က လိဒ်စ်အသင်းအား ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့်ပွဲမှ ဂိုးသမား မန်ဒီ၏အမှားမှာ အလွန်ကြီးမားကြောင်း သုံးသပ်ပြောကြားပြီး တည်ကန်ဘောမှ ဂိုးပေးခဲ့ရသည့် ခံစစ်ပိုင်းကိုလည်း ဝေဖန်ပြစ်တင်ခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၃) အဖြစ် တနင်္ဂနွေနေ့က လိဒ်စ်အသင်းနှင့် အဝေးကွင်းတွင် ယှဉ်ပြိုင်ကစားရာ သုံးဂိုးပြတ် ရှုံးနိမ့်ခဲ့သည်။

myan789

ပထမပိုင်း (၃၃)မိနစ်တွင် နောက်ပြန်ပေးသည့်ဘောလုံးကို မန်ဒီ ရှင်းထုတ်ချိန်ရသော်လည်း မလိုအပ်ဘဲ အမှားလုပ်ခဲ့သောကြောင့် လိဒ်စ်အသင်းတိုက်စစ်ကစားသမား အာရွန်ဆန် ၏ဦးဆောင်ဂိုးသွင်းယူမှု ခံခဲ့ရသည်။

(၄)မိနစ်အကြာမှာပင် ဟာရစ်ဆင် ကန်တင်ပေးသည့် ပြစ်ဒဏ်ဘောမှတစ်ဆင့် ရိုဒရီဂိုက ခေါင်းတိုက်၍ ဒုတိယဂိုးသွင်းယူခဲ့ပြီး (၆၉) မိနစ်တွင် ဟာရစ်ဆင်က အနီးကပ်ပိတ်သွင်း၍ တတိယဂိုး ထပ်မံသွင်းယူခဲ့သည်။

ချယ်လ်ဆီးအသင်းအနေဖြင့် နှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့သောကြောင့် ဖိအားဝင်လာပြီဖြစ်ရာ တူဟယ်လ်က ခံစစ်ပိုင်းနှင့် မန်ဒီတို့၏အမှားကို ထောက်ပြဝေဖန်ခဲ့ခြင်းဖြစ်သည်။

”သူ (မန်ဒီ)လည်း သူ့ကိုယ်သူသိပါတယ်။ ဒီလိုအမှားမျိုးအတွက် သူနဲ့စကားပြောဖို့လိုမလားဆိုတာ ကျွန်တော် မသိပါဘူး။ ဒါက အမှားတစ်ခုဆိုတာ သူသိပါတယ်။ ဒီအမှားကို တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတွေအားလုံး မြင်ကြမှာပါ။ အဲဒါက ပွဲရဲ့အရေးကြီးတဲ့အချိန်မှာ တော်တော်လေး ကြီးမားတဲ့အမှားပါ။ ဒီလုပ်ရပ်က အကူအညီမဖြစ်စေပါဘူး။ ဒီဖြစ်ရပ်အတွက် စိတ်အပျက်ဆုံးလူတွေထဲမှာ သူ ကိုယ်တိုင်လည်း ပါဝင်မှာပါ။ အဲဒါက ဒီနေ့ပွဲအတွက်တော့ ကျွန်တော်တို့ကို ထိခိုက်စေပါတယ်။ ကျွန်တော်တို့က Own Goal တစ်ဂိုးသွင်းယူခဲ့သလို၊ Set-piece ကိုလည်း ခပ်လွယ်လွယ်ပေးခဲ့ပြီး အဲဒီ Set-piece ကနေ ဂိုးပေးခဲ့ရတယ်။ အဲဒါတွေက လိဒ်စ်ရဲ့ ကစားဟန်၊ သူတို့ထက် ပြေးတဲ့ကီလိုမီတာ အကွာအဝေးပိုနည်းတာ၊ Pressing လုပ်တာတွေနဲ့ မဆိုင်ပါဘူး”ဟု တူဟယ်လ်က ပြောကြားခဲ့သည်။

ထို့ပြင် အပြောင်းအရွှေ့ကာလမပိတ်မီ ကစားသမားသစ် ထပ်မံခေါ်ယူမည့်အခြေအနေနှင့်ပတ်သက်၍ ၎င်းက ”အပြောင်းအရွှေ့ကာလက ဖွင့်ထားဆဲဖြစ်ပြီး အဆုံးသတ်ချိန်တော့ ရောက်လာပါပြီ။ ကျွန်တော်တို့အနေနဲ့ ကိုယ့်ဆီမှာဘာတွေရှိတယ်၊ ဘာတွေလုပ်နိုင်မလဲဆိုတာ အာရုံစိုက်ဖို့လိုပါတယ်”ဟု ဆက်လက်ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ ကာလတွင် ငွေကြေးသုံးစွဲမှုအများဆုံးအသင်းအဖြစ် ရပ်တည်နေသော်လည်း နည်းပြ သောမတ်စ်တူဟယ်လ်က ကစားသမားသစ်များ ထပ်မံအားဖြည့်ရန် ဆန္ဒရှိနေဆဲ ဖြစ်သည်။

လက်ရှိအချိန်တွင် ထိပ်တန်းတိုက်စစ်မှူးတစ်ဦးခေါ်ယူရန် နံပါတ်(၁)ပစ်မှတ်အဖြစ် သတ်မှတ်ကာ ကြိုးပမ်းနေဆဲဖြစ်ကြောင်း သိရသည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular