မန်ဒီရဲ့ လက်စွမ်းပြမှုနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ အမှတ်ခွဲယူခဲ့တဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးနည်းပြလမ်းပတ်အတွက်တော့ ပြိုင်ပွဲစုံ (၃)ပွဲဆက် သရေကျအပြီးမှာ မေးခွန်းတွေပိုများလာခဲ့ပါပြီ။

ဒဏ်ရာရကစားသမားတွေလည်း ပြန်လည်သက်သာလာပြီး လူစုံကစားနိုင်ပြီ၊ ကစားသမားသစ်တွေလည်း ပွဲအရေအတွက်များလာတာနဲ့အမျှ တဖြည်းဖြည်းအသားကျလာခဲ့ပြီ။ ဒါပေမဲ့ လမ်းပတ်အနေနဲ့ အခုအချိန်အထိ တည်ငြိမ်တဲ့ကစားကွက်တစ်ခု၊ ပြိုင်ဘက်ကို စိုးမိုးနိုင်တဲ့၊ တုံ့ပြန်နိုင်တဲ့ဟန်တစ်ခုတော့ မတည်ဆောက်နိုင်သေးပါဘူး။

myan789

ဆောက်သမ်တန်နဲ့ ဆီဗီလာကိုသရေကျခဲ့တဲ့ပွဲတွေကအတိုင်းပဲ ချယ်လ်ဆီးအသင်းဟာ တည်ငြိမ်မှုမရှိတဲ့ကစားကွက်နဲ့အတူ ဒီပွဲမှာလည်း သရေတစ်မှတ်ကို ခက်ခက်ခဲခဲရယူသွားခဲ့ရတယ်။

နယူးကာဆယ်နဲ့ PSG တို့ကို အဝေးကွင်းတွေမှာ ဆက်တိုက်အနိုင်ယူပြီး ယုံကြည်မှုမြင့်နေတဲ့မန်ယူအသင်း ဒီနေ့ပွဲမှာလည်း အိမ်ကွင်းမှာအနိုင်ရဖို့အတွက် အကောင်းဆုံးကြိုးစားကစားခဲ့တာပါ။

ဒါပေမဲ့ မန်ယူအသင်းအနေနဲ့လည်း ချယ်လ်ဆီးအသင်းနဲ့အပြိုင် ဘောလုံးအပျက်များနေပြီး ကွင်းလယ်နဲ့တိုက်စစ်ချိတ်ဆက်မှုတွေကောင်းမွန်ပေမယ့် အဆုံးသတ်ပိုင်းအားနည်းတာ၊ ပြိုင်ဘက်ဂိုးစည်းထဲမှာ ဘောလုံးဆုံးရှုံးမှုများတာတွေက သရေရလဒ်ဆီကိုဦးတည်ခဲ့ပါတယ်။

နှစ်သင်းစလုံးပွဲချိန်တော်တော်များများ ဂိုးရဖို့ထက် ဂိုးမပေးရဖို့ကိုဦးတည်ကစားနေတာတွေ့ရပြီး ဘောလုံးကလည်း ကွင်းလယ်မှာပဲအပျက်များနေပါတယ်။

မန်ယူအသင်းအနေနဲ့ ဂိုးရဖို့နီးစပ်တဲ့အခြေအနေတွေရှိခဲ့ပေမယ့် ချယ်လ်ဆီးအသင်း ဂိုးသမားသစ် မန်ဒီရဲ့လက်စွမ်းပြမှုကြောင့် ဂိုးအဖြစ်တော့မပြောင်းလဲနိုင်ခဲ့ပါဘူး။

မန်ဒီရဲ့ လက်စွမ်းက ချယ်လ်ဆီးအသင်းအတွက်ဖိအားဖြစ်နေတဲ့ ဂိုးပေါက်ပြဿနာမှာ စိတ်အေးစရာဖြစ်စေနိုင်ပြီး ဒီနေ့ပွဲမှာလည်း မာတာ၊ ရပ်ရှ်ဖို့ဒ်တို့ရဲ့ ဂိုးရနိုင်တဲ့ကန်သွင်းမှု (၃)ကြိမ်လောက်ကို အကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းကတော့ မန်ယူအသင်းရဲ့ ကစားအားကိုချိန်ညှိနေရတဲ့ပုံပေါ်နေပြီး ကစားသမားသစ်တွေဖြစ်တဲ့ ဟာဗက်ဇ်၊ ဗာနာတို့ ခြေမပေါ်ခဲ့သလို ပူလီဆစ်ရဲ့ တစ်ကိုယ်တော်ရုန်းအားတွေကလည်း ထိရောက်မှုမရှိခဲ့ပါဘူး။ ဒါ့အပြင် မန်ယူခံစစ်ကြောင်းရဲ့ တည်ငြိမ်မှုကြောင့်လည်း ချယ်လ်ဆီးအသင်းအနေနဲ့ ဂိုးပေါက်တည့်ကန်ချက်တောင်မရရှိခဲ့တာပါ။

ပထမပိုင်းမှာ အပြန်ကစားနိုင်ခဲ့သလိုရှိပေမယ့် ဒုတိယပိုင်းမှာတော့ မန်ယူအသင်းကပိုသာတဲ့ကစားပုံကိုပြခဲ့ပြီး လူစားဝင်ကစားသမားကာဗာနီရဲ့ ကြိုးပမ်းမှုတွေကလည်း ဂိုးရဖို့နီးစပ်တဲ့အခြေအနေတွေရှိခဲ့ပါတယ်။

ပွဲချိန်အများစုက ကွင်းလယ်မှာဘောလုံးအပျက်များခြင်းနဲ့အတူ ပွဲအေးတစ်ပွဲခဲ့ပြီး မန်ဒီလက်စွမ်းပြခဲ့တာ၊ အက်စ်ပီလီကွယ်တာကို မက်ဂွိုင်းယား ပယ်နယ်တီစည်းအတွင်းဆွဲလှဲခဲ့ပေမယ့် VAR ပြန်လည်ကြည့်ရှုခြင်းမရှိခဲ့တာတွေကတော့ ဒီပွဲရဲ့အဓိကပြောစရာတွေဖြစ်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ဂိုးမရှိသရေရလဒ်နဲ့ပြီးဆုံးခဲ့ပြီး ချယ်လ်ဆီးအသင်းအတွက်ကတော့ အဝေးကွင်းမှာ ကျေနပ်စရာသရေရလဒ်လို့ပဲဆိုရပါမယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular