မန်စီးတီး Vs လီဗာပူး တို့ရဲ့ ပွဲကြီးပွဲကောင်းကို ခန့်မှန်းသုံးသပ် သွားခဲ့တဲ့ အီရန်ရိုက်

အီရန်ရိုက်က လာမည့် တနင်္ဂနွေနေ့ အီတီဟတ်မှာ ကစား သွားရမယ့် ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းမှာ လီဗာပူး အသင်းဟာ အိမ်ရှင် မန်စီးတီးကို အနိုင် ရလိမ့်မယ်လို့ သူ မျှော်လင့်ထားကြောင်း ပြောလိုက် ပါတယ်။ အာဆင်နယ် ဂန္တဝင်က လီဗာပူး အသင်း အနေနဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က ဒဏ်ရာ ပြသနာတွေကြောင့် စိတ်ပျက်ဖွယ်ရာ အခြေအနေတွေကို နောက်တစ်ကြိမ် အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်နဲ့ ကျော်ဖြတ် နိုင်လိမ့်မယ်လို့ ယုံကြည် နေပါတယ်။

ယာဂန်ကလော့ရဲ့ အသင်းဟာ မန်စီးတီးနဲ့ ကစားရမယ့် ပွဲစဉ် မတိုင်မီ အမှတ်ပေးဇယားမှာ တစ်ပွဲပို ကစားထားတဲ့ ဆောက်သမ်တန်နဲ့ အမှတ်တူ ဂိုးကွာခြားချက် အရ ဒုတိယ နေရာမှာ ရပ်တည်လျက် ရှိနေပေမယ့် ၎င်းတို့ရဲ့ အမှတ်ပေးဖလား ကာကွယ်မှုဟာ ထင်ထားသလောက် ချောမွေ့ ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ လီဗာပူးဟာ ရာသီ အစပိုင်းမှာ အက်စတွန်ဗီလာကို ၇-၂ နဲ့ အရှက်တကွဲ ရှုံးနိမ့် ခဲ့တဲ့ အပြင် ဗန်ဒိုက် အပါအဝင် အဓိက ကစားသမားတွေ ကလည်း ဒဏ်ရာ ပြသနာတွေ ကြုံတွေ့ နေခဲ့ ရပါတယ်။

myan789

ခံစစ်ပိုင်းမှာ ဒဏ်ရာ ပြသနာတွေ ရှိနေပေမယ့်လည်း လီဗာပူးဟာ ပြီးခဲ့တဲ့ ကြားရက်က အတ္တလန်တာကို ချန်ပီယံလိဂ်မှာ ၅-၀ နဲ့ အနိုင်ယူခဲ့တဲ့ ပွဲစဉ် အပါအဝင် နောက်ဆုံး ငါးပွဲဆက် အနိုင်ရအောင် လုပ်ဆောင် ထားခဲ့ ပါတယ်။ ဒါ့အပြင် ပေါ်တူဂီ စတား ဒီယေဂိုဂျိုတာ ကလည်း တိုက်စစ်မှာ ပုံစံကောင်း ပြသ နေပြီး အတ္တလန်တာ နဲ့ ပွဲစဉ်က ဟက်ထရစ် အပါအဝင် ဒီရာသီ လီဗာပူး အတွက် ပြိုင်ပွဲစုံ ၁၀ မှာ ၇ ဂိုး သွင်းယူ ထားခဲ့ပြီး ဖြစ်ပါတယ်။

မန်စီးတီး ကတော့ သူတို့ရဲ့ အဓိက အမှတ်ပေးဖလား ပြိုင်ဘက်နဲ့ ငါးမှတ် အကွာမှာ ရှိနေကာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည် နေပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးဟာ နောက်ပိုင်းမှာ ပုံစံကောင်းတွေ ပြန်လည် ရရှိနေ ခဲ့ပြီး လက်စတာကို ရှုံးနိမ့် ခဲ့ပြီးနောက် နောက်ဆုံး ကစားခဲ့တဲ့ ၈ ပွဲမှာ လုံး၀ ရှုံးပွဲ မရှိသေးပါဘူး။ ဒါပေမယ့်လည်း အာဆင်နယ် ဂန္တဝင် အီရန်ရိုက်က the Reds တို့ဟာ အင်္ဂလန်ရဲ့ အကောင်းဆုံး အသင်း အဖြစ် ရှိနေဆဲလို့ ယူဆ နေပြီး အီတီဟတ် ကနေ အနိုင် ၃ မှတ်နဲ့ အိမ်ပြန် လာနိုင်လိမ့်မယ်လို့ ထောက်ခံ သွားခဲ့ ပါတယ်။

ရိုက်က “အမှန်ပါပဲ။ ဗန်ဒိုက် လို ကစားသမားမျိုးကို ဆုံးရှုံးလိုက်ရခြင်းဟာ ကိုယ့်ကို ပြသနာတွေ များစွာ ဖြစ်စေ ပါတယ်။ ပြီးတော့ လီဗာပူးဟာ ဖာဘင်ညို ကိုလည်း ဆုံးရှုံး လိုက်ရ ပါသေးတယ်။ ဒါပေမယ့် ဒီလိုမျိုး အရာတွေ ဖြစ်ခဲ့ပေမယ့်လည်း လီဗာပူး အသင်း အကြောင်းကို ကျွန်တော်တို့ ပြောနေရဆဲပါ။ သူတို့ဟာ ထိပ်ဆုံးကို ပြန်ရောက် နိုင်မယ့် နည်းလမ်းကို ရှာဖွေ နိုင်နေဆဲ ဖြစ်ပါတယ်။

ဘာလို့လဲ ဆိုတော့ သူတို့ဟာ အရမ်းကို ကောင်းတဲ့ တိုက်စစ်ပိုင်း ရှိနေသေးလို့ ဖြစ်ပါတယ်။ ခင်ဗျားတို့ အခု ဂျိုတာရဲ့ form ကို ကြည့်လိုက်ပါ။ တကယ့်ကို စိတ်လှုပ်ရှား စရာ ပါပဲ။ ကျွန်တော့် အတွက် ကတော့ လီဗာပူးဟာ ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး အသင်း ဖြစ်နေဆဲ ဖြစ်ပါတယ်။

ကျွန်တော် ကတော့ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းမှာ လီဗာပူးတို့ မန်စီးတီးကို အနိုင်ရလိမ့်မယ်လို့ မျှော်လင့် ထားပါတယ်။ ဘာလို့လဲ ဆိုတော့ လီဗာပူးဟာ ကိုယ့်ကိုကိုယ် ပြန်လည် ရှာတွေ့ ခဲ့ပြီလို့ ကျွန်တော် ခံစား မိနေလို့ပါ။ သူတို့ရဲ့ စိတ်ဓာတ်ပိုင်း ကလည်း သူတို့ လိုချင်တဲ့ အနေအထားကို ပြန်လည် ရောက်ရှိ လာခဲ့ပါပြီ။” လို့ ပြောသွား ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular