မန်စီးတီးရဲ့ရမှတ်စံချိန်ကို လိုက်မမီတော့တဲ့ လီဗာပူးလ်

အာဆင်နယ် ၂-၁ လီဗာပူးလ်

ဒီရာသီမှာ လီဗာပူးလ်ရဲ့အကောင်းဆုံး ကစား သမားနှစ်ဦးရဲ့အမှားတွေကနေ အာဆင်နယ် နိုင်ပွဲရသွားခဲ့တယ်။ လီဗာပူးလ်ရဲ့ကစားပုံက မဆိုးဘူးလို့ ပြောလို့ရတယ်။ နောက်ပိုင်းပွဲတွေမှာ သွေးအေးနေတဲ့ လီဗာပူးလ်ကို ဒီပွဲရဲ့ဒုတိယပိုင်းမှာတော့ ပုံမှန် ခြေစွမ်းမျိုး၊ Intensity မျိုး ပြန်တွေ့ရတယ်။ ကြံဖန်လွဲနေတဲ့ အခြေအနေတွေနဲ့ ဂိုးမရခဲ့တာကလွဲရင် လီဗာပူးလ်တိုက်စစ်က နောက်ပိုင်းပွဲတွေထဲမှာတော့ အကောင်းဆုံးအချိတ်အဆက်တွေကို မြင်ခဲ့ရတယ်။ မာနေကို ပုံမှန်ခြေစွမ်းမျိုးနဲ့ မြင်ရပြီး ဆာလာက တော့ တီယာနေးကို ပွဲချိန်အများစုမှာ ဒုက္ခမပေးနိုင်ခဲ့ ဘူး။ ဒါပေမဲ့ Marking ခွာလိုက်နိုင်တာမျိုး၊ Space ထဲကနေ ဖောက်ထွက်သွားတာမျိုးတွေကိုလည်း တွေ့ရတယ်။

myan789

ထူးခြားတာတစ်ခုက ဂိုးလိုနေတဲ့အချိန်မှာ ကလော့ပ်က ဖေမီနိုအစား မီနာမီနိုကို ထည့်လိုက်ပြီး မီနာမီနိုကို အရင်လို တောင်ပံလိုလို၊ Half-space တွေကြားမှာ ကစားသလိုလိုနဲ့ ပျောက်နေတာမျိုးထက်စာရင် ဖေမီနိုရဲ့ကစားပုံအတိုင်း လိုက် ကစားသွားတာမျိုးမြင်ရတယ်။ ကစားကွက်ထဲကို ဝင်ပါဖို့အတွက် ကွင်းလယ်အထိ ဆင်းချိတ်တယ်။ သူ ဆင်းကူစရာမလိုရင် တိုက်စစ်ဇုန်မှာ သွားကစားတယ်။ လိုအပ်ချက်ရှိသေးတယ်ဆိုပေမယ့် မီနာမီနိုရဲ့ဒီပွဲကစားပုံကို မဆိုးဘူးလို့ မြင်ပါတယ်။ အဖွင့်ဂိုး ကို ပွဲချိန် မိနစ် (၂၀)မှာ မာနေက သွင်းယူခဲ့ပြီး အာဆင်နယ်ရဲ့ ချေပဂိုးကတော့ ဗန်ဒိုက် ညံ့တာပါ။ ပုံမှန်အားဖြင့် ဗန်ဒိုက်ဆီမှာ မြင်ရလေ့မရှိတဲ့ ဆုံးဖြတ်ချက်နှေးကွေးခြင်းကို မြင်ရပြီး ဒီလိုဖြစ်ခြင်းအတွက် အဓိကထောက်ပြစရာဆိုရင်တော့ ပြိုင်ဘက်ကို အ ထင်သေးပြီး ခပ်ပေါ့ပေါ့တွက်ခဲ့ပုံရတယ်။ ဒီအမှားကနေ ချေပဂိုးပေးခဲ့ရပြီး လာကာဇက်က (၃၂)မိနစ်မှာ သွင်းယူခဲ့တယ်။

အာဆင်နယ်အသင်းအတွက် အနိုင်ဂိုးကတော့ အယ်လစ်ဆန်ရဲ့အမှားပါ။ ဂိုးသွင်းသွားတဲ့ နယ်လ်ဆင်က လူငယ်လေးတစ်ဦးသာ ဖြစ်ပေမယ့် ချီးကျူးစရာအခိုက်အတန့်တွေကို မြင်ခဲ့ရတယ်။ အယ်လစ်ဆန် ဘောလုံးဖြန့်မယ့်အချိန်မှာ ဖိအားတက်ပေးခဲ့တဲ့အတွက် အယ်လစ်ဆန်ဖြစ်သလို ကန်လိုက်ရတယ်။ ဒီဘောလုံးကို လာကာဇက် ဖြတ်ယူသွားချိန်မှာ နေရာပြန်ယူပုံက တော်တော်သပ်ရပ်တယ်။ မျောနေမယ့်အစား အတွေ့အကြုံရင့်ကစားသမားတစ်ဦးလို နေရာပြန်ယူပြီး အဆုံးသတ် သွားခဲ့တယ်။ ဒုတိယပိုင်းကတော့ လီဗာပူးလ်က တိုက်၊ အာဆင်နယ်က ခံစစ်မှာ ပိတ်ဆို့ရင်း အချိန်ကုန်သွားတာပါ။ နောက်ပိုင်းပွဲတွေမှာ တစ်ဦးချင်း အမှားတွေရှိခဲ့ပေမယ့် ဒါတွေကို ဖယ်လိုက်ရင် အာဆင်နယ်ရဲ့ ခံစစ်ကစားပုံ တိုးတက်လာတာတော့ သိသာပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular