မန်စီးတီးကို အနိုင်ရအောင် ကြိုးစားမယ်လို့ ပြောလိုက်တဲ့ ဆိုးလ်ရှား ၊ ယူနိုက်တက် အခုလို ဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ခဲ့ကြောင်း ဖွင့်ဟလိုက်တဲ့ ဂွာဒီယိုလာ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ယူရို ပါလိဂ် ၊ FA ဖလား နဲ့ ကားလင်း ဖလား ပြိုင်ပွဲ တွေမှာ ဆီမီး ဖိုင်နယ် အဆင့် အထိ တက်ရောက် နိုင်ခဲ့တဲ့ အတွက် ဆုဖလား ရနိုင်ခြေ ရှိတယ်လို့ ထင်ကြေး ပေးခံ ခဲ့ရ ပေမယ့် လက်တွေ့ မှာတော့ ဖလား လက်မဲ့သာ ဖြစ်ခဲ့ရ ပါတယ် ။

ယူနိုက်တက် တို့ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ကားလင်း ဖလား ပြိုင်ပွဲရဲ့ ဆီမီး ဖိုင်နယ် အဆင့်မှာ မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်း နဲ့ ရင်ဆိုင်ခဲ့ ရပြီး ရှုံးနိမ့် ခဲ့တဲ့ အတွက် ပြိုင်ပွဲမှ နှုတ်ဆက် ထွက်ခွာ ခဲ့ရ ပါတယ် ။ အခုလည်း ယူနိုက်တက် အသင်းဟာ ဆီမီး ဖိုင်နယ်မှာ မန်စီးတီး အသင်း နဲ့ ရင်ဆိုင် ရပါတော့မယ် ။

myan789

အဆိုပါ ပွဲစဉ် မတိုင်မီ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ရှုံးနိမ့် ထွက်ခွာခဲ့ ရတာတွေက တစ်ဆင့် သင်ယူမှုတွေကို လုပ်ဆောင်ပြီး နောက်တစ်ဆင့် တက်ရောက် နိုင်ဖို့ ကြိုးစား သွားမှာ ဖြစ်ကြောင်း ၊ မန်စီးတီးကို အနိုင်ယူ နိုင်စွမ်း ရှိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ ပါတယ် ။

” ကျွန်တော်တို့ ဒီ ပြိုင်ပွဲရဲ့ ဆီမီး ဖိုင်နယ် အဆင့်ကို တက်ရောင် နိုင်ခဲ့တဲ့ အတွက် ပျော်ရွှင်မိ ပါတယ် ။ ဟုတ်ပါတယ် ၊ ဆီမီး ဖိုင်နယ် တက်ရောက် နိုင်တယ် ဆိုတာက ဖိုင်နယ် အဆင့်ကို တက်ရောက်ဖို့ အတွက် အခွင့်အလမ်းကောင်း တစ်ခု ပိုင်ဆိုင်ခြင်းပဲ ဖြစ်ပါတယ် ”

” ပြီးခဲ့တဲ့နှစ် တုန်းကတော့ ကျွန်တော်တို့ တွေဟာ နောက်တစ်ဆင့် တက်ရောက် နိုင်စွမ်း မရှိခဲ့ကြ ပါဘူး ။ ဒါပေမယ့် ကျွန်တော်တို့ အဲ့ဒီ ကတည်းက ပိုမို တိုးတက် လာခဲ့ကြပြီလို့ ထင်မိ ပါတယ် ။ ကျွန်တော်တို့ ဒီပွဲကို ကျော်ဖြတ်ဖို့ အတွက် အကောင်းဆုံး ကြိုးစား သွားမှာပါ ”

” လက်ရှိ အမှတ်ပေး ဇယားကို ကြည့်ရှုပြီး ပြောရမယ် ဆိုရင် ဘောလုံး ရာသီက အဝေးကြီး ရှေ့ဆက် ရပါ ဦးမယ် ။ ရှေ့ဆက်ပြီး ကျွန်တော်တို့ အများကြီး လေ့လာ ကြရဦးမယ်လို့ ကျွန်တော် ထင်မိ နေပါတယ် ။ မတ်လ ၊ ဧပြီလ လောက်မှာ ကျွန်တော် တို့ ဘယ်နား ရှိနေ မလဲ ဆိုတာ စောင့်ကြည့် ကြရတာပေါ့ဗျာ ” လို့ ဆိုးလ်ရှား က ပြောခဲ့လိုက် ပါတယ် ။

အခြား တစ်ဖက် မှာတော့ မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာ က ယူနိုက်တက် အသင်း အခုလို ဖြစ်နေလိမ့်မယ်လို့ မထင်မှတ် ခဲ့ကြောင်း ၊ အမှတ်ပေး ဖလားကို ပြန်လည် စိန်ခေါ် နိုင်ဖို့ အတွက် ဒီလောက်ထိ အချိန်ပေးခဲ့ရတဲ့ အပေါ် အံ့အာသင်မိကြောင်း ထုတ်ဖော် ပြောကြား ခဲ့လိုက် ပါတယ် ။

” ကျွန်တော် ဒီကို ရောက်လာ ကတည်းက ယူနိုက်တက် တို့ကို ထိပ်ပိုင်း မှာပဲ အမြဲတမ်း မြင်တွေ့ နိုင်ဖို့ မျှော်လင့်ခဲ့ ပါတယ် ။ ဒါပေမယ့် တခါတလေကျတော့ ဒါက ထင်သလောက် မလွယ်ကူ ပါဘူး ။ အထူးသဖြင့် ပရီးမီးယားလိဂ် မှာပေါ့ဗျာ ။ အခု သူတို့ ဒီမှာ ရှိနေတာကလည်း ဒီနေရာနဲ့ သူတို့ ထိုက်တန်လို့ ပါပဲ ”

” အိုလီက ကျွန်တော့်ထက် ပိုပြီး ပျော်ရွှင်သူ ဖြစ်နေ လိမ့်မယ်လို့ သေချာပေါက် ပြောနိုင် ပါတယ် ။ ကျွန်တော် ယူနိုက်တက် ပွဲစဉ်နဲ့ ပတ်သက်လို့ စိုးရိမ်စိတ် များမနေ ပါဘူး ။ ကျွန်တော် ကိုယ်တိုင် က ကျွန်တော့်မှာ ရှိနေတဲ့ ကစားသမား တွေနဲ့ အတူ နေ့စဉ် အလုပ်တွေ လုပ်ရင်း Busy နေသူပါ ”

” ကျွန်တော် ပေးနိုင်တဲ့ အကောင်းဆုံး အကြံဉာဏ် ကတော့ တစ်ကြိမ်မှာ ပွဲစဉ် တစ်ပွဲ အပေါ်ပဲ အာရုံစိုက်ဖို့ လိုအပ်တယ် ဆိုတာ ပါပဲ ။ အကယ်လို့ ဇန်နဝါရီ မှာ ဘာဖြစ်မလဲ ၊ ဖေဖော်ဝါရီ မှာ ဘာဖြစ်မလဲ ဆိုတာတွေပါ လိုက်တွေး နေရင် အခု ကစားရမယ့် ပွဲစဉ် နှစ်ပွဲကို ကျွန်တော်တို့ ရှုံးနိမ့် သွားပါ လိမ့်မယ် ” လို့ ဂွာဒီယိုလာ က ပြောကြား ခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular