မန်စီးတီးကို မပြောင်းရွေ့ရန် ဂရီလစ်ချ်ကို သတိပေးလိုက်ပြီး ၎င်းရဲ့ လိုအပ်ချက်တစ်ခုကို ထောက်ပြလိုက်တဲ့ ဂျွန်ဘန်း

ဂျွန်ဘန်းက ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီး အသင်းရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ ဂျက်ဂရီလစ်ချ် အနေနဲ့ ဒီနွေရာသီမှာ အီတီဟတ်ကို ပြောင်းရွေ့ဖို့ မကြိုးစားသင့်ဘူးလို့ ဆိုလိုက်ပါတယ်။ အသက် ၂၅ နှစ်အရွယ် အင်္ဂလန် ကွင်းလယ် တိုက်စစ် ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီက အက်စတွန်ဗီလာ အတွက် အထူး ခြေစွမ်းပြ ကစားခဲ့တဲ့ အပြင် အင်္ဂလန်ရဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲ အတွင်း အရန်ခုံ ကနေ ထလာပြီး ကြီးမားတဲ့ အကျိုးပြုမှုတွေ လုပ်ပေးခဲ့ ပါတယ်။

စီးတီးဟာ အက်စတွန်ဗီလာ အသင်းခေါင်းဆောင်ကို ပေါင်သန်း ၁၀၀ နဲ့ ခေါ်ယူရန် ချိတ်ဆက်လျက် ရှိနေပြီး မန်နေဂျာ ပက်ဂွာဒီယိုလာ ကလည်း ဂရီလစ်ချ်ရဲ့ ခြေစွမ်းကို သဘောကျ နှစ်သက်သူ တစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီဗာပူး ဂန္ထဝင် ဂျွန်ဘန်းက ဂရီလစ်ချ် အနေနဲ့ အီတီဟတ်မှာ နေရာရဖို့ ရုန်းကန် ရနိုင်တယ်လို့ သတိပေး လိုက်ပါတယ်။

myan789

ဘန်းက “မန်စီးတီးကို ပြောင်းရွေ့ကစားခြင်းဟာ ဂရီလစ်ချ် အတွက် လိမ္မာပါးနပ်တဲ့ ပြောင်းရွေ့မှု တစ်ခု ဖြစ်လာမှာ မဟုတ်ပါဘူး။ မန်စီးတီးကို ပြောင်းမယ်လို့ ကျွန်တော် မျှော်လင့်ထားတဲ့ ကစားသမားဟာ ဟယ်ရီကိန်း ဖြစ်ပါတယ်။ ဒါပေမယ့် သူ မန်စီးတီး ကို ပြောင်းချင်သလား ဒါမှမဟုတ် မန်ယူနိုက်တက် ကိုပဲ ပြောင်းချင်နေသလား ဆိုတာ ကျွန်တော် မသိပါဘူး။ မန်စီးတီးမှာ ဂရီလစ်ချ် အတွက် နေရာ ရှိသလား? သူတို့မှာ ကယ်ဗင်ဒီဘရိုင်းနား နဲ့ ဖီးလ်ဖိုဒန် တို့ ရှိနေပြီးသား ဖြစ်တာကြောင့် နောက်ထပ် နံပါတ် ၁၀ ကို သူတို့ မလိုအပ်ပါဘူး။

အကယ်၍ သူသာ မန်စီးတီးကို ပြောင်းရွေ့ခဲ့မယ် ဆိုရင် ဘယ်လို ကစားသမားမျိုး ဖြစ်လာနိုင်မလဲ? အင်္ဂလန် အသင်းမှာ ဆိုရင်လည်း သူ့နေရာမှာ ကစားနိုင်တဲ့ သူတွေ အများကြီး ရှိနေတာကြောင့် သူဟာ နေရာ မရခဲ့ပါဘူး။ စီးတီးရဲ့ တိုက်စစ်မှာ ဆိုရင်လည်း ဒီဘရိုင်းနား ၊ ဘာနာဒိုဆေးလ်ဗား ၊ ဖိုဒန် နဲ့ ရာဟင်းစတားလင်း တို့ ရှိနေပြီးသားပါ။ သူ မန်စီးတီးမှာ ဘယ်သူ့ နေရာကို ယူသွားမှာလဲ? အကယ်၍ သူ့အနေနဲ့ ဒီကစားသမား တွေကို ကျော်ဖြတ်ကာ ကစားခွင့် မရဘူး ဆိုရင် ဘာကြောင့် သူ မန်စီးတီးကို ပြောင်းနေမှာလဲဗျာ?” လို့ သတိပေးလိုက် ပါတယ်။

ဘန်းက ချဲလ်ဆီး ကွင်းလယ်လူ မေဆင်မောင့်ဟာ ခံစစ် ကစားပုံ ပိုမို ကောင်းမွန်တာကြောင့် အင်္ဂလန်မှာ ဂျက်ဂရီလစ်ချ်ကို ကျော်ကာ နေရာရခဲ့တာ ဖြစ်တယ်လို့ ယူဆနေပြီး ဒီဧရိယာဟာ ဗီလာ ကွင်းလယ်လူ တိုးတက်ဖို့ လိုအပ်နေတဲ့ အပိုင်း ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ဘန်းက “လူတွေဟာ အင်္ဂလန်မှာ ဂရီလစ်ချ် ပုံမှန် ကစားခွင့် ရသင့်တယ်လို့ ဆိုခဲ့ကြပါတယ်။ ဒါပေုမယ့် ကျွန်တော်တို့ ဖိုင်နယ်ကို တက်ရောက်ခဲ့တဲ့ အကြောင်းရင်းက ဒန်ကလန်ရိုက်စ် နဲ့ ကယ်ဗင်ဖီးလစ် တို့လို holding midfielder နှစ်ဦးကြောင့်ပါ။

မေဆင်မောင့်ဟာ တအား လုပ်အားကောင်းပြီး ခံစစ်ကို ကူညီပေးနိုင်တဲ့ တိုက်စစ် ကစားသမား တစ်ဦး ဖြစ်တာကြောင့် ဂရီလစ်ချ်ကို ကျော်ကာ ကစားခွင့် ရခဲ့တာပါ။ ဂရီလစ်ချ်ဟာ မောင့်လိုမျိုး ခံစစ်ကို မကူညီပေးနိုင်ပါဘူး။ ဒါ့ကြောင့် မောင့်ဟာ သူ့ကို ကျော်ကာ နေရာ ရခဲ့တာပါ။ ဂရီလစ်ချ်ဟာ အရမ်း ကောင်းတဲ့ ကစားသမား တစ်ဦး ဖြစ်ပေမယ့် စီးတီးဟာ သူနဲ့ ကိုက်ညီသလား ဆိုတာ မေးခွန်းထုတ်စရာ ပါပဲ။” လို့ ပြောလိုက်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular