မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ သတင်းထွက်နေမှု ၊ သူ့ရဲ့တန်ကြေး ပေါင်သန်း 100 ကျော် ရှိနေမှုတွေ အပေါ် မှတ်ချက် ပေးလိုက်တဲ့ ဂျေဒန် ဆန်ချို

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ညာတောင်ပံ တိုက်စစ် နေရာကို အင်အား ဖြည့်တင်း နိုင်ရေး အတွက် ဒေါ့မွန် အသင်းမှ ဂျေဒန် ဆန်ချိုကို ခေါ်ယူ လိုနေခဲ့တာက ဒီနွေ ရဲ့ အကြီးမားဆုံး အပြောင်းအရွှေ့ သတင်းတွေ ထဲက တစ်ခု ဖြစ်ခဲ့ရ ပါသေးတယ် ။

ဒါပေမယ့် ဒေါ့မွန် အသင်းမှ ကစားသမား အတွက် ပြောင်းရွှေ့ကြေး ပေါင် 108 သန်း သတ်မှတ် ခဲ့တဲ့ နောက်မှာတော့ ဆယ်ကျော်သက် ကစားသမားလေး အတွက် ဒီလောက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တစ်ခု မပေးချေ လိုခဲ့တဲ့ ယူနိုက်တက် တို့ဟာ လက်ရှောင် နေခဲ့ကြ ပါတယ် ။

myan789

ဒါပေမယ့် တစ်ဖက် မှတော့ ဒေါ့မွန် အသင်း ဖက်မှ ဈေးလျော့ ပေးနိုင် မလား ဆိုတာ ကိုတော့ ယူနိုက်တက် တို့ ဆက်လက် စောင့်ကြည့် နေခဲ့ကြ ပါတယ် ။ ဒါ့ကြောင့် ယူနိုက်တက် နဲ့ ဆန်ချို တို့ရဲ့ သတင်း တွေဟာ အခုထက်ထိ ဈေးကွက် ထဲမှာ ပျံ့လွင့် နေဆဲ ဖြစ်ခဲ့ရ ပါတယ် ။

အခုတော့ ဂျေဒန် ဆန်ချို က ယူနိုက်တက် အသင်း နဲ့ သတင်း တွေ ဆက်လက် ထွက်ပေါ် နေခြင်း က သူ့ကို ဘယ်လို မှ မထိခိုက် စေကြောင်း ဖွင့်ဟရင်း သူကတော့ ရှေ့ဆက် ကစား ရဖို့ ရှိနေတဲ့ သူ့ရဲ့ ပွဲစဉ်တွေ အပေါ်မှာသာ အာရုံစိုက် နေကြောင်း ပြောကြား သွားခဲ့လိုက် ပါတယ် ။

” နိုးပါ ၊ ကျွန်တော့် အပေါ် ဘယ်လိုမှ မသက်ရောက် ပါဘူး ။ မီဒီယာ ဆိုတာ မီဒီယာ ပါပဲ ။ သူတို့ တွေဟာ အမြဲတမ်း ပုံပြင် တွေကို ဖန်တီး နိုင်ဖို့ အတွက် ကြိုးစား နေကြတဲ့ သူတွေ ပါပဲ ။ ကျွန်တော်တို့ အတွက်တော့ ဒါကို ဘယ်လို ကိုင်တွယ် ဖြေရှင်း မလဲ ဆိုတာက ပိုပြီး အရေးကြီးလှ ပါတယ် ”

” ကျွန်တော့် အတွက် ကတော့ ကျွန်တော် ကစား ရမယ့် ပွဲစဉ်တွေ အပေါ်ပဲ အာရုံစိုက် နေပါတယ် ။ ကျွန်တော့် အတွက်တော့ အသင်း အတွက် အကောင်းဆုံး ဖြစ်နိုင်မယ့် အရာ ၊ အဆုံးသတ် မှာ အသင်း နဲ့ ဆု ဖလား တွေကို ဆွတ်ခူးရေး ဆိုတဲ့ အကြောင်းတွေ ကိုပဲ တွေးတော နေပါတယ် ” လို့ ဆန်ချို က ဖွင့်ဟ သွားခဲ့လိုက် ပါတယ် ။

အခြား တစ်ဖက် မှာတော့ ကိုရိုနာ ဗိုင်းရပ်စ် ပျံ့နှံ့နေခဲ့တဲ့ အတွက် ကလပ် အသင်း တွေဟာ ကွင်းပိတ် ကစားခဲ့ ကြရပြီး ဝင်ငွေ ထိခိုက် ခဲ့ကြရ ပါတယ် ။ ဒီလို အနေအထား တစ်ရပ်မှာ ဈေးကွက်ထဲ သူ့ရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင် သန်း 100 ကျော်ထိ ရှိနေ ခဲ့တဲ့ အပေါ် …

” ဒီလောက် များပြားလွန်းတဲ့ ပြောင်းရွှေ့ကြေး နဲ့ ခင်ဗျား ဟာ ထိုက်တန် နေတယ် ဆိုတာက တစ်ကယ့်ကို ကောင်းမွန်တဲ့ ခံစားချက် ဖြစ်စေတယ် လို့ ကျွန်တော် ထင်ပါတယ် ။ ဒါပေမယ့် ထပ်ပြော ပါရစေ ၊ ကျွန်တော် ကတော့ အဲ့ဒီ ဇာတ်လမ်း တွေ အပေါ် ဘယ်လိုမှ အာရုံစိုက် နေမှာ မဟုတ် ပါဘူး ”

” ကျွန်တော့် အတွက်တော့ အရေး အကြီးဆုံး က အသင်း အတွက် အကောင်းဆုံး လုပ်ဆောင်ပေးနိုင်ဖို့ ၊ မိမိ ကိုယ်တိုင် အကောင်းဆုံး ဖြစ်နိုင်ဖို့ ကြိုးစားရေးကပဲ အရမ်း အရေးကြီးလှ ပါတယ် ။ ကျွန်တော်ဟာ စိတ်ပျက်ဖွယ် ကောင်းတဲ့ ပွဲစဉ် တွေကို ပိုင်ဆိုင် ရတိုင်း စိတ်ဓါတ် ကျလေ့ ရှိတတ် ပါတယ် ”

” ကျွန်တော် အရမ်းကို စိတ်ပျက်လေ့ ရှိနေတတ် ပါတယ် ။ ဒီအတွက် ကျွန်တော်ဟာ ကောင်းမွန်တဲ့ ပွဲစဉ် တစ်ပွဲ ပိုင်ဆိုင် နိုင်ဖို့ ၊ ကျွန်တော် ဘာတွေ လုပ်ဆောင် နိုင်သလဲ ဆိုတာ လူတွေကို ပြသ နိုင်ဖို့ အမြဲတမ်း ကြိုးစားလေ့ ရှိတတ် ပါတယ် ။ ကျွန်တော် ဘာတွေ လုပ်နိုင်လဲ ဆိုတာ ကျွန်တော် သိတယ်လေ ”

” ကျွန်တော် ဆိုးဆိုးရွားရွား ကစားမိ လိုက်တဲ့ ပွဲစဉ်တိုင်းမှာ စိတ်လေရ ပါတယ် ။ ဒါ့ကြောင့် နောက် တစ်ပွဲမှာ လုပ်ဆောင်ခဲ့ သမျှ အမှား တွေကို ပြန်လည် ချေပရင်း ပိုကောင်းတဲ့ ပွဲစဉ် တစ်ပွဲကို ပိုင်ဆိုင် နိုင်ဖို့ အတွက် ကျွန်တော် အမြဲတမ်း ကြိုးစား အားထုတ်လေ့ ရှိတတ် ပါတယ် ” လို့ ဆန်ချို က ပြောကြား သွားခဲ့ ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular