မန်ချက်စတာ ယူနိုက်တက် နဲ့ ပွဲမတိုင်မီ ချဲလ်ဆီး ပရိသတ် တွေ အတွက် သတင်းကောင်း နဲ့ သတင်းဆိုး တရပ်စီ ပြောပြလာတဲ့

ချဲလ်ဆီး အသင်း ဟာ ယနေ့ညမှာ မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ ပွဲကြပ် တပွဲ ယှဉ်ပြိုင် ကစားဖို့ ရှိနေပြီး ၊ ဒီပွဲအတွက် ချဲလ်ဆီး အသင်း မှာ အဓိက ကစားသမားတွေ အားလုံး ဒဏ်ရာ ပြဿနာ ကင်းစင်နေတယ် လို့ သိရပါတယ် ။ ဒါဟာ ချဲလ်ဆီး ပရိသတ်တွေ အတွက်တော့ သတင်းကောင်း တရပ် ဖြစ်ပါတယ် ။

သို့ပေမယ့် ဒီရာသီ ချဲလ်ဆီး အသင်း အတွက် ပွဲထွက်ခွင့် မရသေးတဲ့ မော်ရိုကို တောင်ပံ တိုက်စစ် ကစားသမား ဟာကင် ဇီယက်ချ် ရဲ့ ကြံ့ခိုင်မှု အခြေအနေ က အပြည့်အဝတော့ မဖြစ်သေးပါဘူး ။ ကျန်တဲ့ အဓိက ပွဲထွက် ကစားသမား တွေကတော့ မန်ယူနိုက်တက် နဲ့ ပွဲအတွက် အသင့် ဖြစ်နေပါပြီ ။

myan789

အခြား ဒဏ်ရာရ ကစားသမား ၂ဦး ရှိနေပြီး ၊ တဦးကတော့ ပြီးခဲ့တဲ့ ဘောလုံး ရာသီကုန်ခါနီး ကတည်းက တံကောက်ကြော ဒဏ်ရာကြောင့် အနားယူနေရဆဲ စကော့တလန် ဆယ်ကျော်သက် ကွင်းလယ်လူ ဘီလီ ဂီလ်မာ နဲ့ နောက်တယောက် ကတော့ ဆောက်သမ်တန် နဲ့ တဖက် ၃ဂိုးစီ သရေပွဲမှာ ပုခုံးဒဏ်ရာ ရခဲ့တဲ့ စပိန် ဂိုးသမား ကီပါ အရီဇာဘာလာဂါ ပဲ ဖြစ်ပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ လမ်းပတ် က အသင်းသားတွေရဲ့ ကြံ့ခိုင်မှု အနေအထား တွေနဲ့ ပတ်သက်ပြီး ” သီယာဂို ( ဆေးလ်ဗား ) နဲ့ ခရစ်တီယန် ( ပူလီဆစ် ) တို့ ၂ဦးလုံး ကြံ့ခိုင်မှု ပြည့်နေကြပါတယ် ။ လောလောဆယ် မှာ တသင်းလုံးနီးပါး ဒဏ်ရာ ပြဿနာ ကင်းစင်တယ် လို့ ပြောရပါမယ် ။ ”

” ကီပါ ကတော့ ဆောက်သမ်တန် နဲ့ ပွဲက ရခဲ့တဲ့ ပုခုံး ဒဏ်ရာကြောင့် မန်ချက်စတာ ကို သွားမယ့် ခရီးစဉ် ကို လိုက်ပါလာမှာ မဟုတ်ပါဘူး ။ စိတ်မကောင်းစွာနဲ့ပဲ သူ့ရဲ့ ဒဏ်ရာ အခြေအနေ အပေါ် ခင်ဗျား တို့ကို နောက်ထပ် အချက်အလက်တွေ မပေးနိုင်သေးပါဘူး ။ ”

” ဒီ ဒဏ်ရာ ရှိနေရင်း ကနေ ကြားရက်က ကစားခဲ့တဲ့ ဆီဗီးလား နဲ့ ပွဲမှာ အနစ်နာခံပြီး ၊ အရန် စာရင်းမှာ လိုက်ပါခဲ့ပါသေးတယ် ။ လေ့ကျင့်ရေး အစီအစဉ် မှာ သူ နာကျင်မှု ကို ခံစားခဲ့ရပြီး ၊ ဒီတပတ်တော့ သူ့ကို အနားပေးထားပါတယ် ။ ကျွန်တော် တို့ကတော့ ဒါဟာ ကာလရှည် ဒဏ်ရာ မဖြစ်ဖို့ပဲ မျှော်လင့်ထားပါတယ် ။ ”

” နောက်တယောက် ကတော့ အားလုံး သိတဲ့အတိုင်း ပြီးခဲ့တဲ့ ရာသီ ကတည်းက ကာလရှည် ဒဏ်ရာ ရခဲ့တဲ့ ဘီလီ ဂီလ်မာ ပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် မကြာခင်မှာ သူ ပြန်လာတော့မှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ တဖက်မှာ ဖရန့် လမ်းပတ် က ပွဲတွေ ဆက်တိုက် ကစားရမယ့် အချိန် ၊ ဇီယက်ချ် အတွက် သူ ဘယ်လို စီစဉ်ထားသလဲ ဆိုတာ အခုလိုပဲ ပြောပြလာပါတယ် ။

လမ်းပတ် က ” ဒါဟာ အရမ်း ခက်ခဲပါတယ် ။ ဘာလို့လဲ ဆိုတော့ ကိုရိုနာဗိုင်းရပ်စ် ရဲ့ သံသယဘေး ကိုလည်း ကော့ဘ်ဟမ်း လေ့ကျင့်ရေးကွင်း မှာ ကျွန်တော် တို့ သတိထားနေရလို့ပါ ။ ကျွန်တော် တို့ဟာ ယူ ၂၃ ၊ ဒါမှမဟုတ် ၊ အကယ်ဒမီ က ဆယ်ကျော်သက် ကစားသမား ၁၁ယောက် နဲ့ ပွဲအတွေ့အကြုံ ယူခိုင်းလို့ မရပါဘူး ။ ”

” ဘောလုံး နဲ့ ထိတွေ့မှု အချိန် ကာလ ၄ ၊ ၅လလောက် ဝေးကွာနေတဲ့ ၊ ဒဏ်ရာ ပြဿနာ ကြီးကြီးမားမား ရင်ဆိုင်ထားရတဲ့ ကစားသမား တယောက် ကို ကျွန်တော် တို့ဖက်ကတော့ ရာသီသစ် မစတင်မီ ၊ ကွင်းတွင်း ပြိုင်ပွဲ အတွေ့အကြုံ နည်းနည်းပါးပါးတော့ ရစေချင်တာပေါ့ ။ ”

” ဒါပေမယ့် ဒီ ပြင်ဆင်မှုမျိုး ကျွန်တော် တို့ မရခဲ့ပါဘူး ။ ဒါကြောင့် တတ်နိုင်တဲ့ဖက်က ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားနေရတယ် ၊ လေ့ကျင့်နေရပါတယ် ။ ရတဲ့ အချိန် အတွင်း ဟာကင် အတွက် ကစားခွင့် မိနစ် နည်းနည်းပါးပါး ဖြစ်ဖြစ် ရှာဖွေပေးပါတယ် ။ ”

” ကျွန်တော်တို့ အသင်း အတွင်းကို ဒီရာသီ မှ ဝင်ရောက်လာတဲ့ ကစားသမားသစ်တွေထဲမှာ ဒဏ်ရာ ပြဿနာ ၊ ကြံ့ခိုင်မှု ပြဿနာ အနည်း နဲ့ အများ ကြုံတွေ့ထားရတာတွေ ရှိပြီး ၊ အခြေအနေ ပြန်ကောင်းလာတဲ့အခါ သူတို့ကို ပွဲအတွေ့အကြုံ အမြန်ဆုံး ပေးနိုင်ဖို့ ကျွန်တော် တို့ အကောင်းဆုံး ကြိုးစားထားပါတယ် ။ ဒါဟာ တကယ့် စိန်ခေါ်မှုကြီး တရပ်ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular