မန်ချက်စတာ မြို့ခံနှစ်သင်းထဲမှာ ပိုချက်တီနို ဘယ်အသင်းကို ပိုမို ကိုင်တွယ်ချင်မလဲ ဆိုတာ ပြောပြလိုက်တဲ့ မက်ကွိုက်စ်

ရိန်းဂျားဂန္တဝင်အလီမက်ကွိုက်စ်ကစပါးနည်းပြဟောင်းမော်ရီစီယိုပိုချက်တီနိုအနေနဲ့မန်ချက်စတာစီးတီး နဲ့ မန်ချက်စတာယူနိုက်တက် တို့ထဲမှာ ဘယ်အသင်းကို ပိုမို ကိုင်တွယ် ချင်နေမလဲ ဆိုတာ ပြောပြလိုက်ပါတယ်။ ပိုချက်တီနိုဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက တော့တင်ဟမ် နည်းပြ ရာထူး ကနေ ထုတ်ပယ် ခံခဲ့ ရပြီး နောက်ပိုင်း ဘယ်အသင်း ကိုမှ ကိုင်တွယ်ခြင်း မရှိသေးပါဘူး။

အာဂျင်တီးနား နည်းပြဟာ ယူနိုက်တက် နည်းပြ ရာထူးနဲ့ ကာလရှည်သတင်းကြီးနေသူဖြစ်ကာ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်က ဂျိုဆေးမော်ရင်ညို ကို အိုးထရပ်ဖို့ဒ် ကလပ်ရဲ့နည်းပြရာထူးမခန့်အပ်မီ ကတည်းကလို့ ဆိုနိုင်ပါတယ်။ ပိုချက်တီနိုဟာ အကယ်၍ အိုလီဂန်နာဆိုးရှား နည်းပြ ရာထူး ကနေ အထုတ်ပယ် ခံခဲ့ ရမယ် ဆိုရင် ဒီရာထူးကို ရယူဖို့ အတွက် ရေပန်းစား နေဆဲဖြစ်ပါတယ်။

myan789

သို့ပေမယ့်လည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်ပေါ် နေတဲ့ သတင်းများ အရ စီးတီး ပိုင်ရှင်တွေဟာ ဂွာဒီယိုလာ အီတီဟတ် ကနေ ထွက်ခွာ သွားခဲ့တဲ့ အခါ ၎င်းရဲ့ နေရာ အတွက် ပိုချက်တီနို ကို လျာထားတယ်လို့ သိရပါတယ်။ ပက်ဟာ စီးတီးနဲ့ လာမည့် ၂၀၂၁ ခုနှစ် နွေရာသီထိ စာချုပ် သက်တမ်း ရှိနေသူ ဖြစ်ပြီး အခုချိန်ထိတော့ စာချုပ်သစ် မချုပ်ဆို ရသေးပါဘူး။

ပိုချက်တီနိုအနေနဲ့ဘယ်ကလပ်ကိုကိုင်တွယ်သွားဖို့ပိုမိုဆန္ဒရှိနိုင်မလဲဆိုတဲ့မေးခွန်းကိုမေးမြန်းရာမှာ မက်ကွိုက်စ် က အာဂျင်တီးနား နည်းပြ အနေနဲ့ ယူနိုက်တက်ကို ပိုမို နှစ်သက်လိမ့်မယ်လို့ ယူဆ နေပါတယ်။

မက်ကွိုက်စ်က“ကျွန်တော်ကတော့သူယူနိုက်တက်ကိုပိုမိုကိုင်တွယ်ချင်လိမ့်မယ်လို့ထင်ပါတယ်။ပရီးမီးယားလိဂ်ဖလားနဲ့ပက်သက်ပြီးပြောရမယ်ဆိုရင်စပါးရဲ့ပုံစံနဲ့ခပ်ဆင်ဆင်ပဲမန်ယူနိုက်တက် ကလည်း အမှတ်ပေးဖလား မရတာ အတော် ကြာနေပြီ ဖြစ်ပါတယ်။ ကျွန်တော် ကတော့ ဒါဟာ သူ့ကို အများကြီး ဆွဲဆောင် နိုင်စွမ်း ရှိတယ်လို့ ထင်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းကိုကြည့်လိုက်ပါ။သူတို့ဟာဆာအဲလက်စ်ဖာဂူဆန်ထွက်ခွာသွားပြီးနောက်ပိုင်းလမ်းပျောက် သွားခဲ့တယ်လို့ လူတွေ ပြောနေကြ ပေမယ့် ကျွန်တော် ကတော့အဲလောက်မဆိုးသေးဘူးလို့ ယူဆပါတယ်။

သူတို့ဒီကြားထဲမှာအခြားဆုဖလားတွေရယူနိုင်ခဲ့ပါတယ်။ဒါပေမယ့်မန်ချက်စတာယူနိုက်တက်လို ကလပ်မျိုး အနေနဲ့ နှစ်စဉ်နှစ်တိုင်းမဟုတ်ရင်တောင်များသောအားဖြင့်အမှတ်ပေးဖလားကို စိန်ခေါ် နိုင်စွမ်း ရှိရပါမယ်။ ခင်ဗျား ဂယ်ရီနဗီး နဲ့ ရွိုင်ကိန်း တို့လို ကစားသမားဟောင်းတွေနဲ့ စကား ပြောကြည့် လိုက်တဲ့အခါမှာလည်းသူတို့ဒီအတိုင်းပဲပြောသွားမှာပါ။သူတိုဒါကိုမလုပ်ထား နိုင်ခဲ့ပါဘူး။ဒ့ါကြောင့်မန်စီးတီးထက်စာရင်မန်ယူနိုက်တက်မှာလုပ်စရာအလုပ်တွေပိုမိုများပြားမှာပါ။

ကျွန်တော်ကတော့ပိုချက်တီနိုလိုနည်းပြမျိုအတွက်ပိုပြီးဆွဲဆောင်မှုရှိစေလိမ့်မယ်လို့ထင်ပါတယ်။ ပြီးခဲ့တဲ့ ရာသီ အနည်းငယ်က စီးတီးဟာ ပရီးမီးယားလိဂ် ဖလားတွေ ရယူ ထားခဲ့တဲ့အသင်း ဖြစ်တာကြောင့် သူ့အနေနဲ့မန်ချက်စတာယူနိုက်တက်နဲ့အတူအမှတ်ပေးဖလားဆွတ်ခူးနိုင်ခဲ့မယ် ဆိုရင် ဒါဟာ ပိုမို ကြီးကြယ်တဲ့ အောင်မြင်မှု ဖြစ်နေမယ် ဆိုတာအသေအချာ ပါပဲ။ ပိုချက်တီနို ကလည်း ဒါမျိုးကို လိုချင်တာပါ။” လို့ ဆိုသွား ပါတယ်။

ယူနိုက်တက် တိုက်စစ်မှုးဟောင်း အလန်ဘရာဇီး ကတော့ ပိုချက်တီနိုဟာ ဆိုးရှား ရဲ့ နေရာ အတွက် အကောင်းဆုံး အစားထိုးမှု ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ဘရာဇီးက “ပိုချက်တီနိုဟာ ကလပ် မရှိသေးပါဘူး။သူ့ရဲ့CVကိုခင်ဗျားကြည့်လိုက်ပါ။တကယ့်ကို ကောင်းလှပါတယ်။ အကယ်၍ သူတို့ အိုလီနဲ့ လမ်းခွဲ ခဲ့မယ် ဆိုရင် သူဟာ မန်ယူနိုက်တက် အတွက် အကောင်းဆုံး နည်းပြ ခန့်အပ်မှု ဖြစ်လာမှာပါ။ ကျွန်တော် ဆိုးရှားကို ကောင်းကောင်း လုပ်ပြ နေတာ မြင်ချင်ပါတယ်။ တကယ်ကို မြင်ချင်တာပါ။ ဒါပေမယ့် အချက်အလက်တွေက လိမ်ညာလို့ မရပါဘူ။ အခုသူဟာ ဖိအားတွေအောက် ရောက်နေပါပြီ။

သူ အခု ထိပ်တန်း ကစားသမားတွေကို စည်းရုံးနိုင်စွမ်း ရှိသလား? မသေချာပါဘူး။ အကယ်၍ သူသာ ဒီလို လုပ်နိုင်စွမ်းရှိတယ်ဆိုရင်သူဘာကြောင့်ဗဟိုခံစစ်ကစားသမားတစ်ဦးကိုခေါ်ယူကာ အသင်းရဲ့ ဟာကွက်ကို မပိတ်ခဲ့တာလဲ? ဂိုးတွေ ဒီလို ဆက်တိုက် ပေးနေလို့ မဖြစ်ပါဘူး။ ဒါဟာ တကယ့်ကို ဟာသ ပါပဲ။ဒ့ါကြောင့်လက်ရှိအသင်းရဲ့အနေအထားကိုကျွန်တော်စိတ်ပူမိပါတယ်။” လို့ ဆိုလိုက်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular