မက်ဆေ့ခ်ျနဲ့ အဆက်အသွယ် တကြိမ်သာ ရှိခဲ့ပေမယ့် ၊ လမ်းပတ်ရဲ့ ဂုဏ်ပုဒ်တွေကို အကျယ်တဝင့် ထုတ်ဖော် ချီးကျူးသွားတဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ လွန်ခဲ့တဲ့ ၄လခန့်က ၄င်းတို့ကို မနှစ်က ချန်ပီယံလိဂ် ဝင်ခွင့် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြဟောင်း ဖရန့် လမ်းပတ်ကို ရာထူးမှ ဖယ်ရှားပြီး ၊ ဂျာမန်လူမျိုး ပီအက်စ်ဂျီ နည်းပြဟောင်း သောမတ်စ် တူချယ် ကို ၁၈လ စာချုပ်နဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပါတယ် ။

လမ်းပတ် နောက်ဆုံး ကိုင်တွယ်ခဲ့စဉ် ချဲလ်ဆီး အသင်း ဟာ ပရီးမီးယားလိဂ်မှာ ရလဒ်ပိုင်း ဆိုးရွားနေခဲ့ပြီး ၊ အဆင့် ၈ နေရာမှာ ရပ်တည်နိုင်ခဲ့ကာ ၊ ရာသီကုန် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ အတွက် စိုးရိမ်ရနိုင်တဲ့ အနေအထားကို ရောက်ခဲ့ပါသေးတယ် ။

myan789

လက်ရှိ နည်းပြ တူချယ် ကို ပြောင်းလဲ ခန့်အပ်အပြီးမှာတော့ ချဲလ်ဆီး အသင်း ဟာ ထိပ်ဆုံး ၄သင်း စာရင်း ပြန်ဝင်လာသလို ၊ အပိုဆု အနေနဲ့ အက်ဖ်အေ ဖလား နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲ အဆင့် အထိ တက်လှမ်းထားပြီး ဖြစ်ပါတယ် ။

ကလပ် ဂန္တဝင် တဦးလည်း ဖြစ်တဲ့ ဖရန့် လမ်းပတ် ဟာ ဒီရာသီ အတွက် ချဲလ်ဆီး အသင်း ပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ခ်ျ နဲ့ ကလပ် ဘုတ်အဖွဲ့ထံမှ ထောက်ခံမှု အပြည့်အဝ ရခဲ့ပြီး ၊ ကစားသမားသစ် ၇ဦး အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀၀ ကျော်အထိ သုံးစွဲခွင့် ရခဲ့ပါတယ် ။

သို့ပေမယ့် ရာသီဝက် ကျော်လာချိန်မှာ ကလပ် ရည်မှန်းချက် မမှီခဲ့လို့ ၊ လမ်းပတ် တယောက် ရာထူးမှ ဖယ်ရှားခံခဲ့ရပါတယ် ။ အခုအခါမှာတော့ သူ့နေရာ အစားဝင်လာတဲ့ တူချယ်ဟာ ဒီ ကစားသမား စာရင်းနဲ့ပဲ ချဲလ်ဆီး အသင်းကို ထင်မှတ်မထားတဲ့ အထိ အောင်မြင်တဲ့ ဘောလုံး ရာသီ တခု ဖြတ်သန်းဖို့ လမ်းတကမ်းသာ လိုပါတော့တယ် ။

အချိန်တို အတွင်း ချဲလ်ဆီး အသင်းကို တဟုန်ထိုး တိုးတက်အောင် စွမ်းဆောင်ပေးထားပေမယ့် ၊ တူချယ် ကတော့ သူ့ကို ကစားသမား အရင်းအမြစ် ၊ အခြေခံ ဒေါက်တိုင်တွေ ချန်ထားပေးခဲ့တဲ့ လမ်းပတ် ကို မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပဲ ထုတ်ဖော် ချီးကျူးခဲ့ပါတယ် ။

တူချယ် က ” ခင်ဗျား ဟာ ချန်ပီယံလိဂ် အုပ်စု အဆင့် နဲ့ အက်ဖ်အေ ဖလားရဲ့ အစောပိုင်း အဆင့်တွေကို ကျော်ဖြတ်နိုင်မှသာ ၊ ဗိုလ်လုပွဲကို တက်လှမ်းဖို့ အခွင့်အရေး ရှိမှာ ဖြစ်ပါတယ် ။ ဖရန့် ဟာ ချန်ပီယံလိဂ် အုပ်စု အဆင့်မှာ အံ့သြဖွယ် မှတ်တမ်းကောင်းတွေ စွမ်းဆောင်ပေးခဲ့ပြီး ၊ အက်ဖ်အေ ဖလားမှာလည်း အစောပိုင်း ရှုံးထွက်အဆင့်တွေကို ကျော်ဖြတ် အနိုင်ယူပေးခဲ့ပါတယ် ။ ”

” ဒါတွေဟာ အခုလို ဗိုလ်လုပွဲ အဆင့်ကို ရောက်လာဖို့ အခြေခံ အုတ်မြစ်တွေ အဖြစ် ရပ်တည်ပေးခဲ့တာပါ ။ ဒါကို ကျွန်တော် ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး ။ ဒီ အကြောင်းကို ထုတ်ဖော်ပြောဆိုဖို့ ကျွန်တော်တို့မှာ ဂုဏ်ငယ်တဲ့ ခံစားချက်မျိုး ရှိမနေပါဘူး ။ ဒါဟာ ကျွန်တော် ဒီ ကလပ်ကို စရောက်လာကတည်းက ဖြစ်ပေါ်လာတဲ့ ခံစားချက် ဖြစ်ပါတယ် ။ ”

” ဖရန့် ဟာ ချဲလ်ဆီး အသင်း အတွက် ကစားသမား တယောက် အနေနဲ့ရော ၊ မန်နေဂျာ တယောက် အနေနဲ့ပါ သူ တတ်နိုင်တဲ့ဖက်က အမွေအနှစ်တွေကို ချန်ပေးသွားခဲ့ပါတယ် ။ နောက်ပြီး သူ ရာထူးက ဖယ်ရှားခံခဲ့ရခြင်းဟာ ကျွန်တော်နဲ့ မသက်ဆိုင်သည့်တိုင် ၊ အခုဆိုရင် သူ စခဲ့တဲ့ အလုပ်ကို ကျွန်တော်တို့ ဆုံးခန်းတိုင်အောင် လုပ်ပေးနေရတာ အားလုံးလည်း အသိပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး တူချယ် က ချဲလ်ဆီး မန်နေဂျာသစ် ဖြစ်လာစဉ်က လမ်းပတ် ရဲ့ ဂုဏ်ပြု မက်ဆေ့ခ်ျ ကို လက်ခံ ရရှိခဲ့ပြီးနောက်ပိုင်း ၄င်းတို့ ၂ဦး အကြား အဆက်အသွယ် မရှိတော့တဲ့ အကြောင်းကို ” အစောကတည်းက ကျွန်တော် ပြောခဲ့သလိုပဲ ၊ ဒီရာထူးကို လက်ခံ ရရှိခဲ့ပြီး ပထမ ရက်သတ္တပတ် အတွင်း သူနဲ့ ကျွန်တော့ အကြား အပြန်အလှန် မက်ဆေ့ခ်ျ ဖလှယ်မှု တကြိမ်သာ ရှိခဲ့ပါတယ် ။ ”

” အဲဒီတုန်းက သူ ကျွန်တော့ကို နည်းပြရာထူးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ဖြစ်ပါစေ လို့ ဆုတောင်းပေးခဲ့ပါတယ် ။ ဒါဟာ အရမ်း သိမ်မွေ့တဲ့ ၊ ကြည်နူးစရာကောင်းတဲ့ အခိုက်အတန့် ဖြစ်ပြီး ၊ ဒီ အတွက် ကျွန်တော် အရမ်း ပျော်ရွှင်ခဲ့ရပါတယ် ။ ဒါဟာ ဖရန့်ဖက်က အပြင်ပန်းကနေ ကျွန်တော့ကို ဘယ်လို ထင်မြင်သလဲ ဆိုတာ ဖော်ပြနေပါတယ် ။ ”

” သူဟာ ဒီ ကလပ်ရဲ့ အကြီးကျယ်ဆုံး အမွေအနှစ် တခုကို ပိုင်ဆိုင်ထားသလို ၊ အကြီးကျယ်ဆုံး ဂန္တဝင် ကစားသမားဟောင်း တဦးဆိုလည်း ဟုတ်ပါတယ် ။ သူဟာ ဒီ ကလပ်နဲ့ ပတ်သက်တဲ့ အရာ မှန်သမျှကို ကိုယ်စားပြုပါတယ် ။ ချဲလ်ဆီး အကြောင်း တွေးလိုက်တိုင်းမှာ ၊ ဖရန့် ဟာ မရှိမဖြစ် ပါဝင်ပါတယ် ။ သူ့ရဲ့ ဂုဏ်ဝိသေသ ၊ ကြိုးစားအားထုတ်မှု ၊ အောင်မြင်မှု စသဖြင့်ပေါ့ ။

” သူနဲ့ အပြန်အလှန် ပို့ဖြစ်ခဲ့တဲ့ မက်ဆေ့ခ်ျ ဟာလည်း ဒီအတိုင်းပဲ ခံစားရပါတယ် ။ ဒီတော့ ကျွန်တော် ဒီကလပ်ကို ရောက်လာအပြီး ၊ ၁ရက် ၂ရက် အကြာမှာ ဒီ ဂုဏ်ပြု မက်ဆေ့ခ်ျ ကို လက်ခံခဲ့ရပြီးနောက် ကျွန်တော်တို့ အကြား နောက်ထပ် အဆက်အသွယ်တော့ မရှိခဲ့ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular