မက်ဆီ ရဲ့ စိတ်ဓါတ် နဲ့ ခံယူချက် အပေါ် ချီးကျုး စကားဆိုခဲ့တဲ့ ဆာဂျီ ရောဘတ်တို

ဘာစီလိုနာ အသင်း ရဲ့ စတုတ္ထ အသင်း ခေါင်းဆောင် ဆာဂျီ ရောဘတ်တို က အသင်း နဲ့ ပြဿနာ ဖြစ်ခဲ့မှုတွေ ရှိ လင့်ကစား အသင်း ရဲ့ ပွဲစဉ်တွေ မှာ အပြည့် အ၀ ကြိုးစား အားထုတ်ပြီး ကစား ပေးခဲ့တဲ့ တိုက်စစ်မှူး လီယွန်နယ် မက်ဆီ အပေါ် ချီးကျုး ပြောဆိုမှု ပြုလုပ် ခဲ့ ပါတယ် ။ ဘာစီလိုနာ ရဲ့ ပထမ အသင်း ခေါင်းဆောင် လည်း ဖြစ်သူ မက်ဆီ ဟာ ပြီးခဲ့တဲ့ လ အတွင်းက ဘာစီလိုနာ ကနေ ထွက်ခွာဖို့ ကြိုးစား ခဲ့သူ ဖြစ်ပါတယ် ။

မက်ဆီ ဟာ အသင်းရဲ့ အကြီးပိုင်း က လုပ်ဆောင်မှု တွေကို လက်မခံ နိုင်တော့ တာကြောင့် စာချုပ်ပါ သဘော တူညီမှု ကို အသုံးပြုပြီး အသင်း ကနေ အလွတ် ပြောင်းရွှေ့ဖို့ ကြိုးစားခဲ့ ပါတယ် ။ ဒါပေမယ့် ဘာစီလိုနာ အသင်း ၊ လာလီဂါ အဖွဲ့ချုပ် တို့နဲ့ အငြင်းအခုန် ဖြစ် အပြီး မှာတော့ ဘာကာ မှာ ဆက်နေဖို့ ဆုံးဖြတ်ချက် ချခဲ့ ပါတယ် ။

myan789

ဒီလိုမျိုး အသင်း အကြီးပိုင်းတွေ နဲ့ အဆင်မပြေ ခဲ့ပေမယ့် မက်ဆီ ဟာ ဘာစီလိုနာ ရဲ့ ရာသီသစ် ပွဲစဉ်တွေ မှာ အကောင်းဆုံး အားထုတ် ပေးခဲ့ပြီး အသင်းရဲ့ အဓိက ကစား သမား အဖြစ်မှာ ရှိနေကြောင်း ပြသ သွားခဲ့ ပါတယ် ။ မက်ဆီ ဟာ ဆယ်တာဗီဂို အသင်း ကို ၃ – ၀ နဲ့ အနိုင် ရခဲ့တဲ့ ပွဲမှာ အရိုးကြေကြေ အရည်ခမ်းခမ်း ကစား သွားခဲ့ပြီး ဆာဂျီ ရောဘတ်တို က ဒါကို ချီးကျုး ပြောဆို ခဲ့တာ ဖြစ်ပါတယ် ။

“လီယို က အခု အရင်တုန်းကလို ပြန်ဖြစ် နေပါပြီ ။ ဒီနေ့ ( ဆယ်တာ နဲ့ ပွဲ ) မှာ လီယို က သွေးသားတွေ ကုန်ခမ်း လောက်အောင် ပြေးလွှား ကစား ပေးခဲ့တာပါ ။ အသင်း အတွက် သူ အစွမ်းကုန် ပေးဆပ် ခဲ့ ပါတယ် ။ အရင် တုန်းက လီယို ဖြစ်နေ တုန်းပါပဲ”

“ပြီးခဲ့တဲ့ လတွေ ဟာ လီယို အတွက် ခက်ခဲ ခဲ့ပါတယ် ။ ဒါပေမယ့် သူ ကျွန်တော်တို့ နဲ့ ဆက်နေ ခဲ့ ပါပြီ ။ ဒါကိုက ပဲ ကျွန်တော်တို့ အတွက် ပျော်ရွှင် စရာ ဖြစ်ခဲ့ ပါတယ် ။ သူ ရှိနေတာ ဟာ ကျွန်တော် တို့ အတွက် ခွန်အား တစ်ရပ် ပါပဲ” လို့ ဆာဂျီ ရောဘတ်တို က ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ အသင်း နည်းပြ ရော်နယ် ကိုးမန်း ကလည်း မက်ဆီ ရဲ့ ကြိုးစား အားထုတ်မှု ကို ချီးကျုး ပြောဆို သွားခဲ့ ပါတယ် ။ မက်ဆီ ဟာ အဆိုပါ ပွဲမှာ ဂိုးမသွင်း နိုင်ခဲ့ ပေမယ့် အသင်း ရဲ့ အကောင်းဆုံး ကစား သမား ဖြစ်ခဲ့ရ ပါတယ် ။ ဘာစီလိုနာ ဟာ ပထမပိုင်း ပြီးကတည်းက ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရ ပေမယ့် ဒုတိယပိုင်း မှာ နောက်ထပ် ၂ ဂိုး ထပ်ရပြီး ဂိုးပြတ် နဲ့ အနိုင် ရရှိ ခဲ့တာ ဖြစ်ပါတယ် ။

“လီယို က အသင်း ရဲ့ အရေးအပါဆုံး ကစား သမားပါ ။ ဖြစ်ခဲ့တဲ့ ကိစ္စတွေ ကို မေ့ထားပြီး ဒီပွဲမှာ သူ ကြိုးစား ခဲ့ပါတယ် ။ ဒါက ဘာစီလိုနာ အတွက် ကောင်းတဲ့ လက္ခဏာ ပါ” လို့ နည်းပြသစ် က ပြောဆို သွားခဲ့ ပါတယ် ။ ဘာစီလိုနာ အသင်း ဟာ လာမယ့် တနင်္ဂနွေ နေ့ မှာ ဆီဗီးလား အသင်းနဲ့ လာလီဂါ ပွဲစဉ် ကို ယှဉ်ပြိုင် ကစား ရမှာ ဖြစ်ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular