မက်ဆီ ဘာစီလိုနာ မှာ ဆက်ကစားနိုင်သေးတဲ့ အကြောင်းအရင်း တချက် ကို ထုတ်ဖော် ပြောဆိုလိုက်တဲ့

ဘာစီလိုနာ အသင်း ရဲ့ အာဂျင်တီနား တောင်ပံ တိုက်စစ် စူပါစတား လီယွန်နယ် မက်ဆီ ဟာ လွန်ခဲ့တဲ့ လပိုင်းတုန်းက ၎င်းရဲ့ ငယ်ဘဝ ကတည်းက ကစားလာတဲ့ ဘာစီလိုနာ အသင်း ကို စွန့်ခွာဖို့ တရားဝင် ထုတ်ပြောလာတဲ့ အတွက် ၊ အပြောင်းအရွှေ့ ဈေးကွက် အတွင်း အတော် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ပါတယ် ။

အထူးသဖြင့် မက်ဆီ ဟာ ဘာစီလိုနာ အသင်း ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့် မှာ ဘိုင်ယန်မြူးနစ် အသင်း ကို ၈ – ၂ နဲ့ အရှက်တကွဲ အရေးနိမ့်ခဲ့ပြီးတဲ့နောက် ၊ အသင်း ဘုတ်အဖွဲ့ ရဲ့ လုပ်ဆောင်ချက်တွေ အပေါ် အားမလို အားမရ ဖြစ်လာခဲ့တာနဲ့ တပြိုင်နက် သူ ကိုယ်တိုင် အသင်း က ထွက်ခွာလိုတဲ့ အထိ တောင်းဆိုလာခဲ့တာ ဖြစ်ပါတယ် ။

myan789

မက်ဆီ ရဲ့ အဆို အရတော့ စာချုပ်ပါ အချက်အလက်တွေ အရ ၎င်းဟာ ယခုနှစ် ဘောလုံး ရာသီ ကနေ စပြီး ဘာစီလိုနာ အသင်း ကနေ အချိန်မရွေး အလွတ် နဲ့ ထွက်ခွာလို့ ရနိုင်တယ် သိထားရပေမယ့် ၊ ဘာစီလိုနာ ဘုတ်အဖွဲ့ဝင်တွေ ကတော့ နောက်နှစ် ဘောလုံး ရာသီ ရောက်မှသာ ၊ ဒီ အချက် က စတင်ပြီး အသက်ဝင်မှာ ဖြစ်တယ် လို့ ပြန်လည် တုန့်ပြန်လာခဲ့ပါတယ် ။

ဘာစီလိုနာ ဘုတ်အဖွဲ့ဝင် တွေရဲ့ မလိမ့်တပတ်လုပ်မှုကြောင့် မက်ဆီ တယောက် မလွန်ဆန်နိုင်ခဲ့တဲ့ အဆုံး ၊ နောက်တရာသီ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ရပါတယ် ။ မက်ဆီ ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း တယောက် ဖြစ်တဲ့ ဥရုဂွေး တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ် ကတော့ ဘာကာ နည်းပြသစ် ရော်နယ်ကိုးမန်း ရဲ့ အစီအစဉ်ထဲမှာ မပါဝင်တော့လို့ အသင်းကနေ ထွက်ခွာခဲ့ရပါတယ် ။

လက်ရှိ မှာ အက်သလက်တီကို အသင်း နဲ့ စာချုပ်ချုပ်ထားတဲ့ ဆွာရက်ဇ် ကတော့ မက်ဆီ ဘာစီလိုနာ အသင်း မှာ ဆက်နေစရာ အကြောင်းအရင်း တချက်သာ ရှိပြီး ၊ အဲ့ဒါ ကတော့ လက်ရှိ ဘုတ်အဖွဲ့ အပြောင်းအလဲ ဖြစ်မှာသာ ဖြစ်လာနိုင်ကြောင်း ဆိုခဲ့ပါတယ် ။

ESPN သတင်း ဌာန နဲ့ အင်တာဗျူး မှာ ဆွာရက်ဇ် က ” လီယို နဲ့ ကျွန်တော့ အကြား က ခိုင်မြဲတဲ့ ဆက်ဆံရေးကြောင့် ကျွန်တော် ဟာ အရင်က ၂ဦးသား ပြောဆိုခဲ့တဲ့ အတွင်းရေး အကြောင်း တွေကို ပြန်ပြီး မပြောလိုပါဘူး ။ ဒါပေမယ့် သူဟာ ဘာစီလိုနာ မှာ အတော်လေး ခက်ခဲပြီး ရှုပ်ထွေးမှု ရှိတဲ့ အခြေအနေ တခု ကို ဖြတ်သန်းခဲ့ရပါတယ် ။ ”

” သူ အသင်းက ထွက်ခွာချင်ခဲ့ပေမယ့် ၊ ကလပ် ဖက်က သူ့ကို အသင်းပြောင်းခွင့် မပြုခဲ့ပါဘူး ။ သူ့ကို ကျွန်တော် တတ်နိုင်သလောက် အားပေးခဲ့တယ် ၊ ဂရုစိုက်ပေးခဲ့တယ် ၊ ဒီ အကြောင်း နဲ့ ပတ်သက်ပြီး နည်းနည်းပါးပါး စိတ်အပြောင်းအလွှဲ ဖြစ်အောင် လုပ်ပေးခဲ့ပါတယ် ။ ”

” ကျွန်တော် ကတော့ သူတို့ ( ဘုတ်အဖွဲ့ ) တွေဟာ မက်ဆီဖက်ကနေ ကျွန်တော့ ကို ဖယ်ထုတ်ဖို့ သက်သက် လုပ်ကြံခဲ့ကြတယ် လို့ပဲ ထင်ပါတယ် ။ ဒါကလည်း ကျွန်တော် နဲ့ လီယို အကြားက ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကြောင့် သူတို့ ဒီလိုလုပ်ခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ။ ”

” ဒါမှမဟုတ်ရင်လည်း မက်ဆီ နဲ့ ကျွန်တော့ ကို အကြာကြီး ပူးပူးတွဲတွဲ မဖြစ်စေချင်တဲ့ သဘောလည်း ဖြစ်ကောင်းဖြစ်မှာပါ ။ ဒါပေမယ့် မက်ဆီ ဘာစီလိုနာ က ထွက်ခွာချင်ခဲ့တာ က ကျွန်တော် နဲ့တော့ တိုက်ရိုက် သက်ရောက်မှု မရှိပါဘူး ။ သူတို့ဟာ မက်ဆီ ရဲ့ ဆုံးဖြတ်ချက် ကို လေးစားဖို့ ကောင်းပါတယ် ။ ”

” မက်ဆီ တခြား ကလပ် တသင်း အတွက် ကစားပေးဖို့ အလားအလာ က ရှိကောင်းရှိနိုင်ပါသေးတယ် ။ ဒါပေမယ့် အခြေအနေတွေ ပြန်ငြိမ်သက်သွားတဲ့အခါ ၊ သူ ကိုယ်တိုင်လည်း ပြေရာပြေကြောင်း ရသွားပြီး ၊ ဘာစီလိုနာ အသင်း မှာ ဘုတ်အဖွဲ့ အပြောင်းအလဲ ဖြစ်လာရင်တော့ သူ အသင်းမှာ ဆက်နေဖြစ်နိုင်ပါတယ် ။ ”

” မိတ်ဆွေ သူငယ်ချင်း တယောက် အနေနဲ့တော့ ဘာကာ မှာ သူ ဆက်နေလို့ အဆင်ပြေသေးတယ် ဆိုရင် ကျွန်တော် ပျော်ရွှင်သလို ၊ နောက်တသင်း ကို သူ ပြောင်းရွှေ့ခဲ့မယ် ဆိုရင်လည်း ကျွန်တော် ပျော်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular