မက်ဆီ က ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့တယ်လို့ အနိုင်ဂိုးရှင် ဒီမာရီယာ ထုတ်ဖော်ပြောဆို

ပြင်သစ် ကလပ် PSG ရဲ့ တောင်ပံ ကစားသမား အန်ဟဲ ဒီမာရီယာ ဟာ အာဂျင်တီးနား ရဲ့ ကိုပါ အမေရိက ဖလား ဗိုလ်လုပွဲမှာ သူရဲကောင်း ဖြစ်ခွင့် ရခဲ့ ပါတယ် ။ ဒေသတွင်း မဟာပြိုင်ဘက် ဘရာဇီး နဲ့ ယှဉ်ပြိုင် ကစား ခဲ့တဲ့ ဒီပွဲမှာ ဒီမာရီယာ ဟာ အာဂျင်တီးနား ကို ဗိုလ်စွဲ စေမယ့် တစ်လုံးတည်းသော ဂိုးကို ပထမပိုင်း ၂၂ မိနစ် မှာ သွင်းယူ ပေးခဲ့ ပါတယ် ။

ဒီဂိုးကြောင့် အာဂျင်တီးနား ဟာ ၁၉၉၃ နောက်ပိုင်း ကိုပါ အမေရိက ဖလား ကို ပထမဆုံး အကြိမ် ပြန်လည် ဗိုလ်စွဲ ခဲ့သလို ကိုပါ ဖိုင်နယ် ၃ ကြိမ် တိုင် ဒုတိယဆု နဲ့ ကျေနပ် ခဲ့ရတဲ့ လီယွန်နယ် မက်ဆီ အတွက်လည်း သူ့ဘ၀ ရဲ့ ပထမဆုံး နိုင်ငံ့ ကိုယ်စားပြု အဓိက ဆုဖလား ဖြစ်လာခဲ့ ရပါတယ် ။

myan789

ပွဲ အပြီးမှာတော့ မက်ဆီ ဟာ သူ့ကို ကျေးဇူးတင်ကြောင်း နဲ့ ဒီ ဗိုလ်လုပွဲဟာ သူ့ရဲ့ ပွဲ ဖြစ်ကြောင်း ပြောဆို ခဲ့တယ်လို့ ဒီမာရီယာ က ဖွင့်ဟ ပြောဆို သွားခဲ့ ပါတယ် ။ ဒီမာရီယာ ဟာ မက်ဆီ နဲ့ အတူ ၂၀၀၈ အိုလံပစ် ရွှေတံဆိပ်ဆုကို လည်း ရရှိ ခဲ့ဖူးပြီး အဆိုပါ အချိန်တုန်းကလည်း ဗိုလ်လုပွဲမှာ ဒီမာရီယာ နဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင် ရရှိ ခဲ့တာပဲ ဖြစ်ပါတယ် ။

“ဒီည ကတော့ တကယ့်ကို မမေ့နိုင်စရာ ညပါပဲ ။ ကျွန်တော့ကို ကျေးဇူးတင်တယ်လို့ သူ ( မက်ဆီ ) ပြောခဲ့ ပါတယ် ။ ကျွန်တော် ကလည်း သူ့ကို ကျေးဇူးတင်ပါတယ် ။ ဒီဗိုလ်လုပွဲဟာ ကျွန်တော့ရဲ့ ပွဲ ဖြစ်တယ်လို့ သူ ပြောပါတယ် ၊ အရင်တုန်းက လွဲခဲ့ရတဲ့ ဖိုင်နယ်တွေ အတွက် အစားပြန်ရခဲ့တာလို့ လည်း သူက ပြောပါတယ်”

“ကျွန်တော့ မိသားစု ၊ ကျွန်တော့ရဲ့သမီး ၊ ကျွန်တော့ရဲ့ ဇနီး ၊ ကျွန်တော့ရဲ့ မိဘတွေ ၊ ကျွန်တော့ကို အားပေးနေတဲ့ သူတွေ အတွက် ကျွန်တော် အရမ်း ပျော်ရွှင် ခဲ့ရ ပါတယ် ။ မကြာခင်မှာ ကမ္ဘာ့ဖလား ရောက်လာ တော့မှာပါ ၊ ဒီအောင်ပွဲဟာ ကမ္ဘာ့ဖလား အတွက် ကြီးမားတဲ့ စိတ်ခွန်အားကို ပေးလိုက်တာပါပဲ” လို့ ဒီမာရီယာ က ပွဲအပြီးမှာ ဖွင့်ဟ ပြောဆို သွားခဲ့ ပါတယ် ။

ဒီမာရီယာ ရဲ့ ဂိုးကို ဖန်တီးပေး ခဲ့ပြီး တစ်ပွဲလုံး ခြေပေါ်အောင် ကစား နိုင်ခဲ့တဲ့ ရိုဒရီဂို ဒီပေါလ် ကလည်း မက်ဆီ နဲ့ အာဂျင်တီးနား အသင်းတို့ဟာ အပြန်အလှန် လိုအပ် နေတဲ့ အရာတွေ ဖြစ်ပြီး အခုလို မက်ဆီ လက်ရွေးစင် အသင်းကနေ အနားမယူခင် မှာ ခါးသီးတဲ့ ပြိုင်ဘက် ဘရာဇီးကို ဘရာဇီးမြေပေါ်မှာ အနိုင်ရ ဗိုလ်စွဲ နိုင်ခဲ့တဲ့ အတွက် အလွန်ကျေနပ် ဝမ်းမြောက် မိပါတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“ကျွန်တော်တို့ မျှော်မှန်း ထားတာထက် ပိုခဲ့ ပါတယ် ။ မာရာကာနာ ကွင်းကြီး ထဲမှာ ဘရာဇီးကို အနိုင် ကစားနိုင်ဖို့ ဆိုတာ မျှော်မှန်း ထားတဲ့ အရာတွေထက် ပိုခဲ့တာပါ ။ ဒီအတွက် အရမ်း ပျော်မိ ပါတယ် ။ မက်ဆီ ကို ကျွန်တော်တို့ လိုအပ် သလို မက်ဆီ လည်း အသင်းသားအားလုံးကို လိုအပ် ပါတယ် ။ သူက ဘောလုံး လောက ရဲ့ အကောင်းဆုံး ကစားသမားပါ” လို့ ဒီပေါလ် က ပြောဆို သွားခဲ့ ပါတယ် ။

မက်ဆီ ဟာ အာဂျင်တီးနား ရဲ့ ကိုပါ အမေရိက ပွဲစဉ် အားလုံး မှာ မိနစ် ပြည့် ( ၆၃၀ + ၃၀ မိနစ် ) ပါဝင် ကစား ပေးခဲ့သူ ဖြစ်ပြီး ၄ ဂိုးသွင်း ၊ ၅ ဂိုး ဖန်တီးကာ ပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆု နဲ့ အကောင်းဆုံး ကစားသမားဆု ( နေမာ နဲ့ ပူးတွဲ ) တို့ကို ရရှိ သွားခဲ့ ပါတယ် ။ မက်ဆီ ဟာ အာဂျင်တီးနား ရဲ့ သွင်းဂိုး ၁၂ ဂိုးအထိ ပါဝင် ပတ်သက် ခဲ့ပြီး မနှစ်က ရာသီမှာ ဘာစီလိုနာ နဲ့ မအောင်မြင်ခဲ့သမျှ ကို လက်ရွေးစင် အသင်းနဲ့ ချေဖျက် နိုင်ခဲ့ကာ ရွှေဘောလုံးဆု အတွက် အပြတ်အသတ် ရေပန်းစား သွားခဲ့ပြီ ဖြစ်ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular