မက်ဆီ ကို စီမံခန့်ခွဲ ရတာ က မလွယ်ဘူးလို့ ဝန်ခံလိုက်တဲ့ ဆက်တီယန်

ဘောလုံး နည်းပြတိုင်းဟာ ကိုယ့် ယုံကြည်တဲ့ အိုက်ဒီယာတွေ နဲ့ အသင်းကို တည်ဆောက်ကြသလို ၊ ကစားသမားတွေ အပေါ် ဆက်ဆံတဲ့ ပုံစံတွေကလဲ မတူကြပါဘူး။

တစ်ချို့ နည်းပြတွေက သံမဏိ စည်းမျဉ်းတွေ ထုတ်သုံးပြီး ကိုင်တွယ်လေ့ရှိပေမယ့် ၊ တစ်ချို့ နည်းပြတွေ ကတော့ ကစားသမားတွေ နဲ့ ပြေပြေလည်လည် ဖြစ်အောင် ကိုင်တွယ်တတ်ကြပါတယ်။

myan789

ကမ္ဘာကျော် ဘောလုံးသမားတွေကို စီမံခန့်ခွဲတဲ့ နေရာမှာတော့ အထူးခွျှန်ဆုံး လို့ သတ်မှတ်ခံထားရတဲ့ နည်းပြတစ်ဦးကတော့ လက်ရှိ အဲဗာတန် အသင်းရဲ့ နည်းပြကြီး အန်ဆယ်လော့တီ ဖြစ်ပါတယ်။ ရောက်လေရာ ကလပ်တိုင်းမှာ ဒိတ်ဒိတ်ကျဲ ကစားသမားတွေကို ကိုင်တွယ်ခွင့်ရခဲ့သည့်တိုင်အောင် ၊ လူတိုင်း နဲ့ အဆင်ဆင်ပြေပြေ ပေါင်းသင်း ဆက်ဆံ ပြခဲ့ပါတယ်။

ဘာစီလိုနာ နည်းပြ ရာထူးမှာ 8 လ ဝန်းကျင်ပဲ တာဝန်ယူ သွားရတဲ့ ဆက်တီယန် ကတော့ သူ့အနေနဲ့ မက်ဆီ ကို စီမံခန့်ခွဲရတာ ခက်ခဲခဲ့တယ်လို့ ဝန်ခံလိုက်ပြီး ၊ ဘာစီလိုနာ နည်းပြ ဘဝမှာ မအောင်မြင်ခဲ့တဲ့ အကြောင်းအရာတွေကိုလဲ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်သွားခဲ့ပါတယ်။

သူဟာ စပိန် နဲ့ ရီးရဲ မက်ဒရစ် နည်းပြဟောင်းကြီး ဒဲလ် ဘော့စကေး နဲ့ ပြုလုပ်ခဲ့တဲ့ စကားဝိုင်းမှာ ၊ မက်ဆီ နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အခုလို ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။

“ ကျနော့် အမြင်မှာတော့ မက်ဆီဟာ ဘောလုံး လောက ရဲ့ ထာဝရ အကောင်းဆုံး ဘောလုံးသမား တစ်ယောက်လို့ ထင်ပါတယ်။ ဘောလုံး သမိုင်းမှာ အခြား ထိပ်တန်း ကစားသမားတွေ အများကြီး ပေါ်ထွက်ခဲ့ဖူးပါတယ်။

ဒါပေမယ့် ဘယ်သူကမှ မက်ဆီ ရဲ့ စွမ်းဆောင်ရည် ပုံစံမျိုးကို ဆယ်စုနှစ် နဲ့ ချီပြီး ထိန်းသိမ်းနိုင်စွမ်း မရှိခဲ့ကြပါဘူး။ အဲဒီ အထဲကမှာ ရှားရှားပါးပါး အနီးစပ်ဆုံး ပြောရရင် ပီလီ ပေါ့ဗျာ………..

အခြား တစ်ဖက်မှာတော့ မက်ဆီကြောင့် မဟုတ်ပဲ၊ စီမံခန့်ခွဲမှုတွေ လုပ်ဆောင်ရတာ တော်တော်လေးကို ခက်ခဲခဲ့တာပါ။ မိုက်ကယ် ဂျော်ဒန် ရဲ့ The Last Dance မှတ်တမ်း ရုပ်ရှင်ထဲကလို ကစားသမားတွေ ဆီမှာ မြင်တွေ့ရတတ် တစ်ချို့ အကြောင်းအရာမျိုးတွေပေ့ါ။ ကျနော်ဖြင့် အဲဒီမျိုးတွေ ရှိနေလိမ့်မယ်လို့ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပါဘူး။

မက်ဆီ က သီးသန့် နေလေ့ရှိသူပါ။ ဒါပေမယ့် သူဘာဖြစ်ချင်တယ် ဆိုတာတော့ နည်းပြ သဘောပေါက်နေအောင် ပြောပြတတ်ပါတယ်။ စကားလုံးတွေ အများကြီး ရှုပ်တဲ့သူ မဟုတ်ပါဘူး။

ကျနော် ဘာစီလိုနာ နည်းပြ ရာထူးကနေ နှုတ်ထွက်လိုက်ရတဲ့ အချိန်က စလို့ ၊ တစ်ချို့ ဆုံးဖြတ်ချက်တွေကို ရဲရဲဝံ့ဝံံ့ လုပ်ဆောင်ခဲ့သင့်တယ်လို့ ပွင့်ပွင့်လင်းလင်း ပြောခဲ့ဖူးပါတယ။် ဒါပမေယ့် အဲဒီလို လုပ်ဆောင်ရမယ့် အရာတွေက ကိုယ့်ရာထူးထက် ပိုပြီး ကြီးမှ အဆင်ပြေနိုင်မယ့် အရာတွေ ဖြစ်ပါတယ်။

ပြောရရင် ကလပ်အသင်း ဆိုတာ ဥက္ကဌ ၊ နည်းပြ နဲ့ ကစားသမားတွေ ရဲ့ အထက်မှာပဲ အမြဲတမ်း ရှိနေရမယ်လေ။ ကလပ်ဆိုတာ ပရိသတ်တွေ ပိုင်ဆိုင်တဲ့ အရာ တစ်ခုပါ။ ဒါကြောင့်မို့ သူတို့ အတွက် ကောင်းမွန်တဲ့ ဆုံးဖြချက်တွေကို လေးစားမှု အပြည့်ထားပြီး ချပေးနိုင်ရမှာပေါ့။

လက်ရှိ အနေအထားမှာ မက်ဆီ (သို့) အခြား ကစားသမား တစ်ဦး တစ်ယောက်ဟာ ကလပ်အသင်းရဲ့ အထက်မှာတောင် ရှိနေတယ်လို့ ယူဆနေတဲ့ ပရိသတ်ပေါင်း သန်းချီရှိပါတယ်။ မက်ဆီ နဲ့ စီနီယာ ကစားသမား အများစုဟာ ဒီကလပ်မှာ 14 နှစ် အကြာလောက် ကျင်လည်ထားပြီးပြီ ဖြစ်ပြီး ၊ ဆုဖလားပေါင်း မျိုးစုံကိုလဲ သိမ်းပိုက် ထားခဲ့ပြီးပြီလေ။

ကျနော့်မှာ မက်ဆီ အပါအဝင် ၊ အဲဒီ ကစားသမားတွေ ကို ကိုင်တွယ်ဖို့ အတွက လုံလောက်တဲ့ အတွေ့ကြုံတွေ ရှိခဲ့ပါတယ်။

ဒါပေမယ့် ဆုဖလားတွေ အမြဲတမ်း ရယူထားတဲ့ ကစားသမားတွေ ဆိုတော့ စီမံခန့်ခွဲရတာ ခက်ပါတယ်။ သူတို့ ရဲ့ အတွင်းပိုင်း စိတ်ဓါတ်တွေမှာ ကိုက အလိုမကျမှုတွေ အမြဲတမ်း စိုးမိုးနေခဲ့တာပါ။ အဲဒီ အတွက်ကြောင့်လဲ အကွဲအပြဲတွေ အများကြီး ဖြစ်ခဲ့ပါတယ်။

လက်ရှိ မော်ဒန် ဘောလုံး လောက ရဲ့ အယူအဆ မှာ ဆုဖလားတွေကို အများကြီး ဆွတ်ခူးနိုင်ရမယ် ဆိုတဲ့ ယုံကြည်ချက်ဟာ မက်ဆီ နဲ့ အပေါင်းအပါ တစ်စု မကြာမှာ စွဲစွဲမြဲမြဲ ရှိနေတာလေ။

ဒါကြောင့် အဲဒီ အုပ်စုကို ကိုင်တွယ်ပြီး စီမံခန့်ခွဲမှုတွေ လုပ်ဆောင်ရာတ အရမ်း ခက်ခဲ ခဲ့ပါတယ်။ အဲဒီ အထဲမှာ မက်ဆီလဲ ပါ ပါတယ်။ ဒါတွေက အမှန်တရားတွေပါပဲ။

ကျနော့် အနေနဲ့ ဒါကြီးကို ပြောင်းလဲ ပစ်ရမှာလား? သူတို့တောင် မက်ဆီ ရဲ့ လက်ရှိ ပုံစံကို လက်ခံ ပေးထားခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သလို ၊ ဘာအပြောင်းအလဲမှ ဖြစ်အောင် လုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ဘူးလေ” လို့ ပြောပြသွားခဲ့ ပါတယ်။

ဆက်တီယန် ဟာ ဘိုင်ယန် မြူးနစ် ကို 8-2 နဲ့ ရှုံးနိမ့်တဲ့ ပွဲစဉ် အပြီးမှာ ရာထူးကနေ ဖယ်ရှားခံလိုက်ရတာ ဖြစ်ပြီး ၊ အဲဒီ ပွဲ မတိုင်ခင် ကတည်းက ထုတ်ပယ် ခံရတော့မယ် ဆိုတာ သတင်းကြိုတင် ရရှိခဲ့တဲ့ အကြောင်း ဘာစီလိုနာ နည်းပြဟောင်းကြီးက ဆက်လက် ဖွင့်ချသွားခဲ့ ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular