မက်ဆီက ဖလားတွေ ယူပေးခဲ့တာပါ ၊ ဂွာဒီယိုလာ မဟုတ်ပါဘူး ‘ လို့ ပက်ကို အထူး ဝေဖန် ထိုးနှက်လိုက်တဲ့ ဘိုင်ယန် နည်းပြဟောင်း

ဘိုင်ယန် မြူးနစ် အသင်းရဲ့ နည်းပြဟောင်း တစ်ဦးဖြစ်သူ ဖီးလစ် မက်ဂတ်သ် က မန်စီးတီး အသင်း ရဲ့ နည်းပြ ဖြစ်သူ ပက် ဂွာဒီယိုလာဟာ ‘ ပျင်းရိဖွယ် ကောင်းတဲ့ ‘ တီကီတာကာ ကစားဟန် ကြောင့် ချန်ပီယံလိဂ် ဆုဖလား တွေကို နောက်ထပ် မဆွတ်ခူး နိုင်ခဲ့တာ ဖြစ်ကြောင်း အထူး ဝေဖန် ထိုးနှက် သွားခဲ့လိုက် ပါတယ် ။

ပက် ဂွာဒီယိုလာ ဟာ ဘာစီလိုနာ အသင်းကို ကိုင်တွယ် ခဲ့တဲ့ 2011 ခုနှစ် တုန်းက ဥရောပ ရဲ့ ဂုဏ်သိက္ခာ အကြီးမားဆုံး ဆုဖလား ဖြစ်တဲ့ ချန်ပီယံလိဂ် ဖလားကို နောက်ဆုံး အကြိမ် အဖြစ် ရယူ ဆွတ်ခူး ထားနိုင် ခဲ့တာ ဖြစ်ပြီး ကတ်တလန် အခြေစိုက် အသင်းမှ ထွက်ခွာ ခဲ့တဲ့နောက် တတိယမြောက် ချန်ပီယံ လိဂ် ဖလားကို ဆွတ်ခူး နိုင်ဖို့ ရုန်းကန် ခဲ့ရ ပါတယ် ။

myan789

ဂွာဒီယိုလာဟာ ဘာစီလိုနာ အသင်းမှာ အောင်ပွဲအလီလီ ဆင်ခဲ့စဉ် တုန်းက အာဂျင်တီးနား လက်ရွေးစင် လီယွန်နယ် မက်ဆီဟာ အထူး တောက်ပ နိုင်ခဲ့ပြီး ဇာဗီ နဲ့ အင်နီယေစတာ တို့ကလည်း ကွင်းလယ် ကနေပြီး အကောင်းဆုံး စွမ်းဆောင်ရည် တွေကို နှစ်စဉ် နှစ်တိုင်း ပြသ ထားနိုင်ခဲ့ ကြပါတယ် ။

အခုတော့ ဂွာဒီယိုလာဟာ ဘာစီလိုနာ အသင်းမှ ထွက်ခွာ ခဲ့တဲ့ နောက်ပိုင်း ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ဖိုင်နယ် အဆင့် ကိုတောင် တက်ရောက် နိုင်ခြင်း မရှိခဲ့သေး ပါဘူး ။ ဒါ့ကြောင့် မက်ဂတ်သ် က ဂွာဒီယိုလာ ရဲ့ အောင်ပွဲတွေမှာ မက်ဆီဟာ အထူး အရေးပါ ခဲ့ကြောင်း ၊ မက်ဆီ မရှိရင် ဥရောပမှာ အောင်ပွဲဆင်ဖို့ မဖြစ်နိုင်ကြောင်း ဝေဖန် သွားခဲ့လိုက် ပါတယ် ။

” မက်ဆီက ဆုဖလား တွေကို ဆွတ်ခူး ပေးထားနိုင် ခဲ့တာပါ ၊ ဂွာဒီယိုလာ မဟုတ် ပါဘူး ။ မက်ဆီ မပါပဲ ဂွာဒီယိုလာရဲ့ ကစားကွက်က အောင်မြင် နိုင်တဲ့ အထိ အလုပ် မဖြစ်ခဲ့ဖူး ပါဘူး ။ ဖြစ်နိုင်ခြေ ရှိခဲ့မယ် ဆိုရင် သူဟာ အရင်ထဲက ဘိုင်ယန် မြူးနစ် ၊ မန်စီးတီး အသင်းတွေမှာ ချန်ပီယံလိဂ် ဆုဖလား တွေကို ဆွတ်ခူး ပြနိုင် ခဲ့ပြီးလောက် ပါပြီ ”

” တီကီတာကာ ဆိုတာ ခင်ဗျားရဲ့ အသင်းမှာ ပြိုင်ဖက် တွေထက် နည်းစနစ်ပိုင်း ပိုကောင်းလွန်းတဲ့ ကစားသမားတွေ ရှိနေမှ အလုပ် ဖြစ်နိုင်တဲ့ ကစားကွက်မျိုးပါ ။ ပွဲကြည့် ပရိသတ် တစ်ဦး အနေ နဲ့ ပြောရမယ် ဆိုရင် ဘောလုံးကိုင် ကစားလွန်းတာ ကြီးက ပျင်းရိ စရာ ကောင်းလှ ပါတယ် ။ ထိပ်တန်း အသင်း တစ်သင်း က ဒါမျိုး လုပ်ပြဖို့ မလိုအပ် ပါဘူး ”

” ကျွန်တော့်ရဲ့ အမြင်မှာ ပြောရမယ် ဆိုရင် ဂွာဒီယိုလာဟာ ပွဲစဉ် မစတင်ခင် ကတည်းက ယေဘုယျ အားဖြင့် နိုင်ပွဲ ရရှိလိုစိတ် ပျောက်ဆုံး နေသလို ပါပဲ ။ ဘောလုံးကိုင် ကစားဖို့ နံပါတ် တစ် ဆိုတဲ့ ဒီ နည်းစနစ်ကြီး က အဆုံးသတ်မှာ မှားယွင်းတဲ့ လမ်းကြောင်း အပေါ် ရောက်သွား သလို ပါပဲ ။ ဒါက အောင်မြင်မှုကို အဟန့်အတား ဖြစ်စေနိုင် ပါတယ် ” လို့ ဖီးလစ် မက်ဂက်သ် က ဝေဖန် သုံးသပ် သွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ စီးတီး အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ကွာတား ဖိုင်နယ် အဆင့်မှာ လိုင်ယွန် အသင်းကို 3 – 1 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် ခဲ့တဲ့ နောက်ပိုင်း ရာသီသစ် မှာ နိုင်ပွဲတွေ ဆက်တိုက် ရရှိ နိုင်ဖို့ အတော်လေး ရုန်းကန် နေခဲ့ရ ပါတယ် ။

မန်စီးတီး အသင်းဟာ လက်ရှိ ဘောလုံး ရာသီ အတွင်း ဝုလ်ဗ် အသင်းကို 1 – 3 ( နိုင် ) ၊ လက်စတာ စီးတီး အသင်း ကို 2 – 5 ( ရှုံး ) နဲ့ လိဒ် ယူနိုက်တက် အသင်းကို 1 – 1 ( သရေ ) ရလဒ်သာ ထွက်ပေါ်အောင် ကစားထား နိုင်ခဲ့ ပါတယ် ။ အခြား တစ်ဖက် မှာတော့ မန်စီးတီး အသင်း နဲ့ စာချုပ် သက်တမ်း ကုန်ဆုံး တော့မယ့် ပက်ဟာ စာချုပ်သစ် ချုပ်ဆိုဖို့ ကြန့်ကြာ နေဆဲပဲ ရှိနေ ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular