ဘေးလ် ဟာ ရိုနယ်ဒို ၊ မက်ဆီ တို့လိုပဲ ပြောင်းလဲမှုတွေ ရှိလာပါပြီလို့ ဆိုသွားတဲ့ မော်ရင်ဟို

တော့တင်ဟမ် ဟော့စပါး အသင်းရဲ့ နည်းပြကြီး မော်ရင်ဟို ကတော့ ရီးရဲ မက်ဒရစ် ကနေ အငှား နဲ့ ပြန်ရောက် လာတဲ့ စပါး ကစား သမားဟောင်း ဂါရတ်ဘေးလ် ဟာ ရိုနယ်ဒို ၊ မက်ဆီ တို့လို ပဲ အသက် အရွယ် ကြီးမြင့် နေပြီ ဖြစ်တာကြောင့် စပိန် ကို ထွက်ခွာ သွားခဲ့ တုန်းက အခြေအနေနဲ့ စပိန် ကနေ ပြန်ရောက် လာတဲ့ အခြေအနေ တွေကို နှိုင်းယှဉ် ပြောဆို နေတာမျိုး မဖြစ်သင့်ဘူး လို့ ကာကွယ် ပြောဆို သွားခဲ့ ပါတယ် ။

ဘေးလ် ဟာ ပြီးခဲ့တဲ့ အပြောင်း အရွှေ့ တုန်းက ရီးရဲ မက်ဒရစ် ကနေ စပါး ကို နောက်တစ်ကြိမ် ပြန်ရောက် လာခဲ့သူ ဖြစ်ပြီး ယခု အချိန် အထိ ပုံစံကောင်း ပြသ နိုင်ခြင်း မရှိခဲ့ ပါဘူး ။ စပါး ပရိသတ်တွေ ကတော့ ဘေးလ် ကို လွန်ခဲ့တဲ့ 7 နှစ် တုန်းက ခြေစွမ်းမျိုး ရှိနေဦးမယ် လို့ မျှော်လင့် ထားကြတာ ကြောင့် မှန်းချက် မကိုက်တဲ့ အခါတွေမှာ ဝေဖန်သံတွေ ထွက်ပေါ် လာခဲ့ ပါတယ် ။

myan789

မော်ရင်ဟို ကတော့ ဘေးလ် ဟာ အင်္ဂလန် မှာ စပြီး ကစား ခဲ့တုန်းက နဲ့ ခြားနားတဲ့ ကစား သမား ဖြစ်သွားပြီ လို့ ပြောဆို ခဲ့သလို လက်ရှိ ခေတ်ရဲ့ အကောင်းဆုံး ၂ ဦး ဖြစ်တဲ့ ရိုနယ်ဒို ၊ မက်ဆီ တို့လိုပဲ အကျဘက် ကို ရောက်လာတဲ့ ကစား သမား ဖြစ်နေပြီ ဖြစ်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

ဘရိုက်တန် နဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲကြို သတင်းစာ ရှင်းလင်း ပွဲမှာ ဘေးလ် ကို ထည့်သုံးမလား ဆိုတဲ့ မေးခွန်း နဲ့ ပတ်သက်ပြီး မော်ရင်ဟို က “ခင်ဗျား တို့ ဒီပွဲ ကို ဘယ်ဂျီယံ က လူစာရင်း အတိုင်းပဲ မြင်ချင် ကြတာလား ၊ ကျွန်တော့ကို ဒီ အတိုင်းပဲ ပွဲထုတ် စေချင်တာလား ? ခင်ဗျား တို့ ဉာဏ်ကောင်း ပါတယ် ။ ကျွန်တော် ဘာဆိုလို သလဲဆိုတာ သိကြ မှာပါ” လို့ ပြန်လည် ဖြေကြား သွားခဲ့ ပါတယ် ။

ဆက်လက်ပြီး “ 7 နှစ် ဆိုတာ က အရမ်း ကြာနေပါပြီ ။ ကစား သမား တစ်ယောက် က လွန် ခဲ့တဲ့ 7 နှစ် တုန်းက နဲ့ အခု နဲ့ တူနိုင် ပါဦး မလား ။ ရိုနယ်ဒို ၊ မက်ဆီ တို့ကိုပဲ ကြည့်ကြပါ ။ လွန်ခဲ့တဲ့ 7 နှစ် တုန်းက သူတို့ နဲ့ အခု သူတို့ မတူကြတော့ ပါဘူး ။ အခြား ကစား သမား အများစုလည်း ဒီအတိုင်းပါပဲ ။ ဘေးလ် လည်း ဒီလိုပါပဲ ။ သူလည်း အရင်ကလို မဟုတ်တော့ ပါဘူး”

“ဘာပဲ ဖြစ်ဖြစ် သူက ကြိုးစား နေပါတယ် ၊ တိုးတက်မှုလည်း ရှိပါတယ် ။ လေ့ကျင့်ရေး ကွင်းမှာ တစ်မိနစ် မှတောင် မလွတ်ခဲ့ ပါဘူး ။ မိနစ် ၉၀ လုံး ကစားဖို့ ကတော့ ခက်နေ ဦးမှာပါ ။ ဒါပေမယ့် တဖြည်းဖြည်း သူ ပိုပို ကောင်းလာ ပါပြီ ။ မကြာခင် မှာ အရင်က ပုံစံမျိုး ပြန်ရဖို့ မျှော်လင့် ထားပါတယ်” လို့ မော်ရင်ဟို က ပြောဆို သွားခဲ့ ပါတယ် ။

စပါး ဟာ ယူရိုပါ လိဂ် အဝေးကွင်း ပွဲစဉ် ကို ရှုံးနိမ့် ထားခဲ့ တာကြောင့် ဘရိုက်တန် နဲ့ ပွဲကို အနိုင် ပြန်ကစားပြီး ယုံကြည်မှုတွေ ပြန်လည် တည်ဆောက်ဖို့ လိုအပ် နေပါတယ် ။ ဒါပေမယ့် စပါး ဟာ ဒီနှစ် ပရီးမီးယားလိဂ် မှာ အဝေးကွင်း ပွဲ အားလုံး နိုင်ထားပြီး အိမ်ကွင်း မှာတော့ တစ်ပွဲမှ အနိုင် မရ ဖြစ်နေ ခဲ့ ပါတယ် ။

စပါး ဟာ အိမ်ကွင်းမှာ ကစားထား တဲ့ ၃ ပွဲမှာ ၂ ပွဲ သရေ ကျပြီး အဲဗာတန် ကို ရှုံးနိမ့် ထားခဲ့ ပါတယ် ။ ၂၀၁၃ – ၁၄ ဘောလုံး ရာသီ တုန်းက အိမ်ကွင်း ၄ ပွဲ ဆက်တိုက် နိုင်ပွဲ မရရှိမှု ဆိုတဲ့ စံချိန် ကို ထပ်မဖြစ် စေဖို့ ဒီပွဲ ကို စပါးတို့ မဖြစ် မနေ အနိုင် ကစား ရမှာပဲ ဖြစ် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular