ဘေးလ်ကို ဘာကြောင့် ပွဲထွက် ကစားခွင့် မပေးတာလဲ ဆိုတဲ့ မေးခွန်း အပေါ် ပရိသတ်တွေ သဘောကျမယ့် အဖြေတစ်ခု ပေးလိုက်တဲ့ မော်ရင်ဟို

တော့တင်ဟမ် ဟော့ စပါး အသင်းဟာ မနေ့ည တုန်းက အိမ်ကွင်းမှာ ဝက်စ်ဟမ်း အသင်းကို ဧည်ခံ ကစားခဲ့ ရပြီး 3 – 3 ဆိုတဲ့ သရေ ရလဒ် ထွက်ပေါ် ခဲ့ရ ပါတယ် ။ အခုတော့ တော့တင်ဟမ် တို့ဟာ အမှတ်ပေး ဖလား ပြိုင်ပွဲမှာ 5 ပွဲ ကစား ခဲ့တဲ့နောက် 2 ပွဲနိုင် ၊ 2 ပွဲ သရေ ၊ 1 ပွဲရှုံး ဆိုတဲ့ ရလဒ် ပိုင်ဆိုင် ထားခဲ့ရ ပါပြီ ။

အဆိုပါ ပွဲစဉ် မှာတော့ တော့တင်ဟမ် ဟော့ စပါး အသင်း အတွက် သွင်းဂိုး တွေကို ပွဲချိန် 16 မိနစ် အတွင်း ဆွန်ဟောင်မင်း နဲ့ ဟယ်ရီကိန်း ( 2 ဂိုး ) တို့က သွင်းယူ ပေးနိုင်ခဲ့ကြ ပါတယ် ။ ထိုအတူ အဆိုပါ ရလဒ် အတိုင်းပဲ ပထမပိုင်း က ပြီးဆုံး သွားခဲ့တဲ့ အတွက် ဒုတိယပိုင်းမှာ တော့တင်ဟမ် တို့ နောက်ထပ် ဂိုးတွေ ဘယ်လောက် သွင်းမလဲ ၊ ကိန်း ဟတ်ထရစ် ရနိုင် မလား ဆိုတာ စိတ်ဝင်စား စရာ ဖြစ်လာခဲ့ရ ပါတယ် ။

myan789

ဒါပေမယ့် ဒုတိယပိုင်း မှာတော့ ထင်မှတ် ထားတဲ့ အရာ တွေဟာ လုံးဝ ဖြစ်မလာခဲ့ပဲ ဝက်စ်ဟမ်း အသင်းက ပွဲချိန် 82 မိနစ် ၊ 85 မိနစ် နဲ့ 94 မိနစ် တွေမှာ ဂိုးတွေ ဆက်တိုက် သွင်းယူပြရင်း အံ့ဖွယ် ခြေစွမ်း တွေနဲ့ အတူ အကောင်းဆုံး ComeBack လုပ်ပြရင်း အိမ်ရှင်တွေ ဆီက သရေ တစ်မှတ် အရ ယူသွား နိုင်ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ တော့တင်ဟမ် ပရိသတ်တွေက ညာ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဂါးရတ် ဘေးလ် ပွဲထွက် ကစားသမား အဖြစ် ပထမဆုံး အကြိမ် ပွဲထွက် ပါဝင် နိုင်လိမ့်မယ်လို့ မျှော်လင့် ခဲ့ကြ ပေမယ့် လက်တွေ့ မှာတော့ ဘေးလ်ဟာ အရံ ကစားသမား အဖြစ်သာ ပါဝင်ခွင့် ရရှိ ခဲ့ပြီး မိနစ် 20 ကျော်သာ ကစားခွင့် ပိုင်ဆိုင်ခဲ့ ပါတယ် ။

ဒါ့ကြောင့် ပွဲစဉ် အပြီးမှာ ဂါးရတ် ဘေးလ်ဟာ ဘာကြောင့် ပွဲထွက် ကစားသမား အဖြစ် ပါဝင်ခွင့် မပိုင်ဆိုင် ခဲ့တာလဲ ဆိုတာ အမေးခံလိုက် ရချိန် မှာတော့ မော်ရင်ဟို က ဝေးလ် လက်ရွေးစင် ကို ပွဲထွက် ကစားသမား အဖြစ် မသုံး မပြုခဲ့ခြင်းက ကောင်းမွန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ကြောင်း ပြောကြား သွားခဲ့လိုက် ပါတယ် ။

ဒါ့အပြင် အသင်းမှာ ဘယ်သူကမှ အလိုအလျောက် ပွဲထွက် ကစားခွင့်တွေ ရရှိမှာ မဟုတ်ကြောင်း သိရှိစေလိုတဲ့ အတွက် အရံလူ အဖြစ်သူ ကစား စေခဲ့တာ ဖြစ်ကြောင်း ရှင်းပြ သွားခဲ့လိုက် ပါတယ် ။ ဘေးလ် ရောက်ရှိ လာတဲ့ အတွက် အသင်းမှာ ရှုပ်ထွေးမှု ဖြစ်လာပြီး နောက်ကျ ဂိုးတွေ ပေးခဲ့ ရတာလား လို့ အမေး ခံလိုက် ရတဲ့ အခါ မှာတော့ …

” ရိုးရိုးသားသား ပြောရရင် ကျွန်တော် ကတော့ အဲ့ဒီလို မထင်ပါဘူး ။ သူ့ကို ပွဲထွက် ကစားသမား အဖြစ် အသုံး မပြ ခဲ့တာက ကောင်းမွန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဒီ ဆုံးဖြတ်ချက် က အသင်းမှာ သူ့ကို အသင့် စောင့်ဆိုင်း နေမယ့် လှပတဲ့ ထိုင်ခုံကြီး တစ်ခု ရှိမနေဘူး ဆိုတာကို သိရှိ စေခဲ့တဲ့ ဆုံးဖြတ်ချက် တစ်ခု ပါပဲ ”

” သူဟာ ပထမဆုံး ပွဲစဉ် အတွင်း အရံခုံ ပေါ်မှာပဲ ရှိနေသင့် ပါတယ် ။ ဒါက အသင်းမှာ ပွဲထွက် ကစားခွင့် ရရှိ နိုင်ရေး အတွင် အသင်းသား တိုင်းဟာ အစွမ်းကုန် တိုက်ပွဲဝင် ကြရမယ်လို့ မက်ဆေ့ ပေးဆောင် လိုက်ခြင်း ပါပဲ ” လို့ ဟိုဆေး မော်ရင်ဟို က ဘယ်သူ့ ကိုမှ မျက်နှာသာ ပေးသွားမှာ မဟုတ်ကြောင်း သူ့ရဲ့ ဆုံးဖြတ်ချက် ပြောပြ သွားခဲ့လိုက် ပါတယ် ။

” သူ ( ဘေးလ် ) ဟာ အသင်းမှာ ကောင်းကောင်း ကြိုဆို ခံခဲ့ရ ပါတယ် ။ လူတိုင်းက သူ့ကို နှစ်သက်ကြ ပါတယ် ။ သူလည်း ဒီမှာ ရရှိခဲ့တဲ့ အရာ တွေကို ကြိုက်နှစ်သက် လိမ့်မယ်လို့ ကျွန်တော် ယုံကြည် နေပါတယ် ။ အရာရာ တိုင်းက အပေါင်း လက္ခဏာ ဆောင်ကျဉ်း နေခဲ့ ပါတယ် ။ ဒါပေမယ့် အာရုံ စူးစိုက်မှုက သူ့ အပေါ် မရှိခဲ့ကြ ပါဘူး ”

” အားလုံး ပွဲစဉ် အပေါ် အာရုံ စူးစိုက်ခဲ့ ကြပြီး သူ ကိုယ်တိုင်လည်း အရံခုံပေါ် 65 မိနစ်ကျော် ထိုင်နေ ခဲ့ရ ပါတယ် ။ အသင်း အတွက် စတုတ္ထမြောက် သွင်းဂိုးကို သူ မသွင်းယူနိုင် ခဲ့တာက နှမျောစရာ ပါပဲ ။ အဲ့တာက ပွဲစဉ်ကို သေဆုံး စေနိုင်မယ့် ဂိုးပါ ။ ဒါပေမယ့် ဒါဟာ ဘောလုံး အားကစား ပဲလေ ” လို့ မော်ရင်ဟို က မှတ်ချက် ပေးသွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular