ဘာတိုမြူ နဲ့ လုပ်ဖော် ကိုင်ဖက် ဘုတ်အဖွဲ့ဝင်တွေ အားလုံး နှုတ်ထွက်

ဘာစီလိုနာ ဖန်တွေ အတွက် သတင်းကောင်းကြီး တစ်ခုကို ကြေငြာချင်ပါတယ်။

“ ဘာတိုမြူ နဲ့ ဘုတ်အဖွဲ့ ဝင်တွေ အားလုံး နှုတ်ထွက်သွားပါပြီ” ။

myan789

တနင်္လာနေ့ညက အစည်းအဝေးပွဲ အပြီးမှာ ဘာတိုမြူဟာ ရာထူးကနေ နှုတ်ထွက်ပေးစရာ အချိန်မတန်သေးဘူး လို့ အခိုင်အမာ ပြောဆိုပြီး ၊ ကြားဖြတ် ခံယူပွဲကို လက်လက် ခံယူသွားမယ့် အကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါသေးတယ်။ သို့သော် အခြေအနေတွေ က 24 နာရီ အတွင်းမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့ပါတယ်။

ဘာတိုမြူ တို့ တစ်သိုက် မျှော်လင့်ထားတာက ကြားဖြတ်ခံယူပွဲကို နူးကမ့် တစ်နေရာထဲမှာပဲ ကျင်းပဖို့ တောင်းဆိုလိုက်မယ် ဆိုရင် ၊ ပရိသတ် အများစု လာရာက် မဲပေးနိုင်မှာ မဟုတ်တဲ့ အတွက် သက်တမ်းကုန် အထိ ရာထူးမှာ ဆက်ရှိဖို့ မျှော်လင့်ချက် များတယ်လို့ ယူဆခဲ့ကြတာပါ။

သို့သော် အစိုးရ က တရားဝင် တုန့်ပြန်လိုက်တဲ့ ပုံစံက ပရိသတ်တွေ အားလုံး ပါဝင်ပြီး လက်လှမ်းမီ နိုင်တဲ့ ပုံစံမျိုး နဲ့ ဆန္ဒခံယူပွဲ ကျင်းပပေးရမယ်လို့ လမ်းညွန်ချိန်မှာတော့ အခြေအနေတွေဟာ ရုတ်ချည်းပြောင်းလဲ သွားပါတယ်။ ဒီကိစ္စကြောင့် ဘာစီလိုနာ ပရိသတ်တွေ အားလုံး အပြင်ထွက် ရတာတွေ ၊ တရားဝင် ပရိသတ် စာရင်းဝင် သက်ကြီးရွယ်အိုတွေလဲ ဒုက္ခ ဒုက္ခ များလာနိုင်တာကြောင့် ၊ မနေ့ညက အရေးပေါ် အစည်းအဝေး လုပ်ကာ နှုတ်ထွက်စာ တင်သွားခဲ့ ပါတယ်။

ဒါကြောင့် ဘာတိုမြူဟာ ဘာစီလိုနာ ရဲ့ ဥက္ကဌ မဟုတ်တော့ပါဘူး။

ရလာဒ် အနေနဲ့တော့ ဘုတ်အဖွဲ့ တစ်ခုလုံး နှုတ်ထွက်ပေးလိုက်တာကြောင့် ၊ ကြားဖြတ်ဆန္ဒ ခံယူပွဲ ကျင်းပပေးစရာ မလိုတော့ပဲ ၊ ရွေးကောက်ပွဲ အသစ် ကျင်းပရတော့မှာ ဖြစ်ပါတယ်။

ဘာစီလိုနာ ကလပ်အသင်း ရဲ့ အခြေခံ ဖွဲ့စည်းမှု ပြဌာန်းထားတဲ့ ဥပဒေတွေ အရ ဘုတ်အဖွဲ့ဝင်တွေ အားလုံး နှုတ်ထွက် အပြီး ရက်ပေါင်း 40 နဲ့ 90 အတွင်း ရွေးကောက်ပွဲသစ် ကျင်းပရမှာ ဖြစ်တာကြောင့် ၊ ဇန်နဝါရီ မတိုင်ခင်မှာပဲ Management Team အသစ် ပေါ်ပေါက်လာတော့မှာ ဖြစ်ပါတယ်။

ဘာစီလိုနာ ရဲ့ အပြောင်းအလဲကြောင့် ရိုတ်ခတ်လာနိုင်တာကတော့ ရော်နယ် ကိုးမန်း ၊ အယ်ဆတ် နဲ့ မန်စီးတီး တို့လို အသင်းတွေပါ။

ရော်နယ် ကိုးမန်းဟာ လက်ရှိ ဘုတ်အဖွဲ့ဝင်တွေ က ခန့်အပ်ထားတဲ့ နည်းပြ ဖြစ်ပြီး ၊ ပထမဆုံး ကိုင်တွယ်ထားတဲ့ လာလီဂါ 5 ပွဲ မှာ 2 ပွဲ နိုင် ၊ 1 ပွဲ သရေ ၊ 2 ပွဲ ရှုံး ရလာဒ် အထိ ထွက်ပေါ်ထားလို့ ၊ လာမယ့်ရာသီ အထိ ရာထူးမှာ ဆက်ရှိဖို့ ဆိုတာ ဖြစ်နိုင်ချေ နည်းတဲ့ အနာဂတ် တစ်ခုကို ညွှန်ပြလျှက် ရှိနေပါတယ်။

တစ်ချိန်တည်းမှာပဲ ဥက္ကဌ နေရာကို ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ ကလဲ “ဇာဗီ ကို နည်းပြ ခန့်အပ်ပြီး ၊ လာမာစီယာ ရဲ့ ပုံရိပ်ကို ပြန်လည် မြင့်တင်နိုင်ဖို့ ကြိုးစားမယ်” လို့ တရားဝင် ထုတ်ဖော် ပြောဆိုထားသလို ၊ အသင်းနဲ့ အတူ အမြင့်ဆုံး အောင်မြင်မှုတွေ ရှာဖွေ နိုင်ခဲ့တဲ့ ပက် ဂွာဒီယိုလာ ကို ပြန်ခေါ်ပေးမယ့် အကြောင်း ကတိတွေ ပေးထားကြပါတယ်။

ထူးခြားတာက အဲဒီ နည်းပြ နှစ်ယောက် စလုံးဟာ ဒီရာသီ အကုန်မှာပဲ စာချုပ် သက်တမ်းတွေ အသီးသီး ကုန်ဆုံးကြတော့မှာပါ။

အယ်ဆတ် အသင်းကတော့ အစောကတည်းက တစ်နှစ် စာချုပ် သက်တမ်းပဲ တိုးထားတဲ့ အတွက် ဇာဗီ ကို လက်လွှတ်ဆုံးရှုံးရမယ် ဆိုရင်တောင် ၊ ပြောင်းလဲမှုတွေ အများကြီး ဖြစ်လာမှာ မဟုတ်ပါဘူး။

သို့သော် မန်စီးတီး နဲ့ ပက် တို့ရဲ့ အနေအထားက လက်ရှိ အချိန်မှာ ကတည်းက ေ၀ဝါးလျှက် ရှိပါတယ်။ လတ်တလော ရလာဒ်တွေ မတည်မငြိမ် ဖြစ်ရတဲ့ အကြောင်းအရင်းမှာလဲ ပက် ရဲ့ စာချုပ် ကိစ္စကြောင့်လဲ ပါဝင်တယ်လို့ ပြောဆိုမှုတွေလဲ ကျယ်လောင်လာလျှက် ရှိပါတယ်။

ပက်ဂွာဒီယိုလာ ကိုယ်တိုင် နည်းပြဘ၀ တစ်လျှောက် အဆိုးဝါးဆုံး ရာသီအဖွင့် မှတ်တမ်းကို ပိုင်ဆိုင်ထားသလို ၊ အီတီဟတ် မှာလဲ ဆက်နေသွားမယ့် အကြောင်း လုံး၀ ဖွင့်ဟထားခြင်း မရှိသေးပါဘူး။

ဒါကြောင့် ဘာစီလိုနာ ဘုတ်အဖွဲ့ အပြောင်းအလဲဟာ အခြား ကလပ်အသင်းတွေကိုပါ ရိုတ်ခတ်လာဖွယ် ရှိနေပါတယ်။

ဘာစီလိုနာ ဖန်တွေ အတွက်တော့ လပေါင်းများစွာ တောင့်တခဲ့ရတဲ့ အခိုက်အတန့်ကို ရောက်ရှိလာခဲ့ပြီပေါ့ဗျာ….

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular