ဘာစီလိုနာ vs ရီးရဲယ်မက်ဒရစ် တို့ရဲ့ အယ်ကလာစီကို ပွဲစဉ်ကို ခန့်မှန်းလိုက်တဲ့ မက်မာနာမန်

စတီဗီမက်မာနာမန် က ယနေ့ည ဘာစီလိုနာ နဲ့ ရီးရဲယ်မက်ဒရစ် တို့ နူးကမ့်မှာ ရင်ဆိုင် ကစားသွားမယ့် အယ်ကလာစီကို ပွဲစဉ်ကို ခန့်မှန်း ပေးသွားခဲ့ ပါတယ်။ လာလီဂါ အင်အားကြီး ကလပ် ၂ ခုစလုံးဟာ ဒီရာသီ ခြေစွမ်းပိုင်း တည်ငြိမ်မှု မရှိကာ ရုန်းကန် နေကြရပြီး ဘာစီလိုနာဟာ နောက်ဆုံး ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ် ၂ ပွဲမှာ ဆီဗီလာကို အိမ်ကွင်းမှာ သရေ ၊ ဂီတာဖေးကို အဝေးကွင်းမှာ ရှုံးကာ ရမှတ်တွေ ဆုံးရှုံး ထားခဲ့ ပါတယ်။

ဘာစီလိုနာဟာ ကြားရက်က ချန်ပီယံလိဂ် ပွဲစဉ်မှာ ဖီရန်ဖာရို့စ် ကို ၅-၁ နဲ့ အနိုင် ရရှိ ခဲ့တာကြောင့် ဒီပွဲစဉ် အတွက် အနည်းငယ် ယုံကြည်မှု မြင့်တက် လာခဲ့ ပေမယ့်လည်း ရီးရဲယ်မက်ဒရစ် ကတော့ ကတ်တလန် ကလပ်ထက် အခြေအနေ ဆိုးနေကာ နောက်ဆုံး ကစားခဲ့တဲ့ ၂ ပွဲမှာ တန်းတက် ကာဒစ် နဲ့ အဓိက ကစားသမား ၆ ယောက် မပါတဲ့ ရှက်တာဒိုးနက် တို့ကို အိမ်ကွင်းမှာ ရံှုးပွဲတွေ ကြုံတွေ့ ခဲ့ရပါတယ်။

myan789

ဒါပေမယ့်လည်း မက်မာနာမန် က နောက်ဆုံး မှာတော့ ဒီနှစ်သင်းစလုံး ပုံစံကောင်း ပြန်တွေ့ကာ လာလီဂါကို ထပ်မံ လွှမ်းမိုး လိမ့်အုံးမယ်လို့ ဆိုလိုက်ပြီး ရော်နယ်ကိုးမန်း ရဲ့ ဘာကာ နည်းပြ ဘ၀ အစ ဖြတ်သန်းမှုတွေ အပေါ် သူ့ရဲ့ အမြင်ကို ချပြ သွားခဲ့ပါတယ်။ ဆက်လက်ပြီး လီဗာပူးနဲ့ ရီးရဲယ် ကွင်းလယ်လူဟောင်းက ယနေ့ည နူးကမ့်မှာ ကစားရမယ့် အယ်ကလာစီကိုမှာ ဘယ်အသင်း နိုင်ပွဲ ရသွားမလဲ ဆိုတာကိုလည်း ခန့်မှန်း ပေးလိုက်ပါတယ်။

မက်မာနာမန် က “ပုံမှန်အားဖြင့် ကျွန်တော်ဟာ အယ်ကလာစီကိုမှာ အနိုင်ရမယ်လို့ ထင်တဲ့ အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစား သွားရမယ့် အသင်းတွေကိုပဲ ရွေးချယ်လေ့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ သိကြတဲ့ အတိုင်းပဲ အယ်ကလာစီကိုရဲ့ အငွေ့အသက်တွေဟာ အရမ်းကို ပြင်းထန် လွန်းလို့ပါ။ လာလီဂါ ပွဲစဉ် တော်တော်များများမှာ အိမ်ရှင် အသင်းတွေဟာ အဝေးကွင်း ပရိတ်သတ်တွေကို ပုံမှန် အားဖြင့် ဘောလုံးကွင်းရဲ့ အမြင့်ဆုံး ခုံတွေမှာ နေရာချ ပေးလေ့ ရှိပါတယ်။ ဆိုလိုတာ ကတော့ အိမ်ကွင်း ပရိတ်သတ်တွေရဲ့ အသံကိုပဲ ကြားနိုင်အောင် လို့ပါ။

အကယ်၍ အယ်ကလာစီကို ကို ဘာနေဗျူးမှာ ကျင်းပတဲ့ အခါ ပုံမှန် အတိုင်းသာ ဆိုရင် ကျွန်တော် ရီးရဲယ်မက်ဒရစ် ကိုပဲ ရွေးချယ် ပါတယ်။ ဒါပေမယ့် နူးကမ့်မှာ ကစားမယ် ဆိုရင်လည်း ကျွန်တော် ဘာစီလိုနာ ကိုပဲ ရွေးချယ် ပါတယ်။ ဒီအချိန်မှာ နှစ်သင်းစလုံးရဲ့ ကစားပုံ အရ ကျွန်တော် ကတော့ ရီးရဲယ်မက်ဒရစ်ဟာ ပိုမို ကောင်းမွန်တဲ့ အသင်းလို့ ထင်ပါတယ်။ ရီးရဲယ်မက်ဒရစ်ဟာ ခံစစ်ပိုင်းမှာ ဘာကာထက် ပိုကောင်းပါတယ်။ ဒါ့ကြောင့် ကျွန်တော် ဒီပွဲမှာ ရီးရဲယ် အနိုင် ရမယ်လို့ ရွေးချယ်ပါတယ်။” လို့ ဆိုသွား ပါတယ်။

ကိုးမန်းဟာ သူ့ရဲ့ ဘာစီလိုနာ နည်းပြ ဘဝကို ဗီလာရီးရဲယ် ၊ ဆဲလ်တာဗီဂို တို့ကို အနိုင်ယူကာ ဖွင့်လှစ် နိုင်ခဲ့ပြီး အဲဒီနောက် ဆီဗီလာ ၊ ဂီတာဖေး တို့နဲ့ ပွဲတွေမှာ ရမှတ် ဆုံးရှုံးမှုတွေ ရှိခဲ့ပေမယ့်လည်း ကြားရက်က ချန်ပီယံလိဂ် ပွဲစဉ်မှာ ပြန်လည် အနိုင် ရရှိခဲ့ပါတယ်။ မက်မာနာမန်က ကိုးမန်း အနေနဲ့ ဘာကာမှာ အောင်မြင်မှု ရလိမ့်မယ်လို့ ယုံကြည်နေပြီး ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ကွာတားမှာ ဘိုင်ယန်ကို ၈-၂ နဲ့ ရှုံးခဲ့ခြင်းဟာ ကြီးမားတဲ့ တွန်းအား ဖြစ်လိမ့်မယ်လို့ ဆိုသွားပါတယ်။

မက်မာနာမန်က “အခုဆိုရင် ရာသီပြန်စနေပါပြီ။ ဘာကာဟာ ရလဒ်ကောင်း တစ်ချို့ ရယူထားနိုင် ပါတယ်။ ကျွန်တော်ကတော့ သူတို့ အိုကေမယ်လို့ ထင်ပါတယ်။ သူတို့အသင်းကို ကြည့်လိုက်ပါ။ ကော်တင်ညို ၊ ဂရစ်မန်း ၊ မက်ဆီ ၊ ဖာတီ တို့လို ကစားသမားတွေ ရှိနေပြီး သူတို့ဟာ လာလီဂါဖလားကို စိန်ခေါ် နိုင်ရန် လုံလောက်တဲ့ ကောင်းမွန်မှု ရှိပါတယ်။ မက်ဆီ အနေနဲ့ ကြံ့ခိုင်မှု ပြည့်ဝနေဖို့တော့ လိုပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ တိုက်စစ်ကို မောင်းနှင်ကာ ဂိုးတွေ သွင်းယူနေသူ ဖြစ်လို့ပါ။ ဒါပေမယ့် သူတို့ဟာ ဘိုင်ယန်ကို ၈-၂ နဲ့ ရှုံးခဲ့သလောက် ဆိုးနေတဲ့ အသင်း မဟုတ်ဘူးဆိုတာကို အသင်း တစ်သင်း အနေနဲ့ သက်သေပြချင်နေမယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် ကတော့ သူတို့ ဒါကို ချေဖျက်ရန် အပြင်းအထန် ကြိုးစားကာ ဒီနှစ်မှာ ကောင်းကောင်း လုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။” လို့ ပြောခဲ့ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular