ဘာစီလိုနာ ဘုတ်အဖွဲ့ အပေါ် ဆက်တိုက် ဝေဖန်မှု လုပ်နေတဲ့ ဆွာရက်ဇ် အပေါ် တုန့်ပြန် မက်ဆေ့ချ် ပေးလာတဲ့

ဥရုဂွေး ဝါရင့် တိုက်စစ်မှူးကြီး လူးဝစ် ဆွာရက်ဇ် ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်း ၊ သူ ၆နှစ်တာ ဖြတ်သန်းခဲ့တဲ့ ကတ်တလန် ကလပ် ဘာစီလိုနာ အသင်း ကို စွန့်ခွာခဲ့ကာ ၊ အက်သလက်တီကို အသင်း သို့ ပြောင်းရွှေ့သွားခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကပဲ ဆွာရက်ဇ် က သူဟာ ဆန္ဒမပါပဲနဲ့ ဘာစီလိုနာ အသင်း ကနေ နှင်ချခံလိုက်ရတဲ့ သဘောမျိုး ရှိခဲ့ပြီး ၊ နည်းပြသစ် ရော်နယ်ကိုးမန်း ရဲ့ အနာဂတ် အစီအစဉ် မှာ မပါဝင်တော့တာ သိလိုက်ရတဲ့ နောက်ပိုင်း ဘုတ်အဖွဲ့ က သူ့ကို အသင်း ကနေ ပထုတ်ဖို့ ကြိုးစားခဲ့ကြောင်း ဖွင့်ဆိုခဲ့ပါတယ် ။

myan789

အသက် ၃၃ နှစ် အရွယ် ဆွာရက်ဇ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကလည်း ဒဏ်ရာ ပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရသည့်တိုင် ဘာစီလိုနာ အသင်း အတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၂၁ ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ် ။ အသင်းသစ် အက်သလက်တီကို နဲ့ လာလီဂါ အဖွင့်ပွဲမှာလည်း ဆွာရက်ဇ် ဟာ သွင်းဂိုး ၂ဂိုး စတင် ရယူနိုင်ခဲ့ပါတယ် ။

ဘာကာ နည်းပြသစ် ရော်နယ်ကိုးမန်း ကတော့ ဆွာရက်ဇ် အနေနဲ့ သူ ဆန္ဒ မရှိခဲ့ဘူး ဆိုရင် ဘာစီလိုနာ အသင်း ကနေ ထွက်ခွာဖို့ မလိုအပ်ကြောင်း နဲ့ လူငယ် ခြေတက် တအုပ် အကြားမှာ သူ ဘာတွေ ဆက်လုပ်ပြနိုင်သေးလဲ ဆိုတာ သက်သေပြနိုင်ရင်ကို အဆင်ပြေနေကြောင်း တုန့်ပြန် ပြောဆိုလာခဲ့ပါတယ် ။

NOS သတင်းဌာန နဲ့ အင်တာဗျူး မှာ ရော်နယ်ကိုးမန်း က ” ဆွာရက်ဇ် အသင်းပြောင်းခဲ့တဲ့ ကိစ္စရပ်မှာ ဘာစီလိုနာ အသင်း ရဲ့ ပွဲထွက် စာရင်း မှာ သူ့ကို ပွဲထုတ်ပေးဖို့ ခက်ခဲတဲ့ အကြောင်း ကျွန်တော် ကပဲ စပြောခဲ့တာ ဖြစ်ပါတယ် ။ ဒီ အခြေအနေ နဲ့ ပတ်သက်ပြီး သူဟာ အသင်း မှာ နေရာရဖို့ ခက်ခဲသွားပြီ လို့ ခံစားခဲ့ရတဲ့ပုံပါ ။ ”

” ဒါပေမယ့် သူနဲ့ ကျွန်တော့ အကြားမှာ ဘာပြဿနာ တစုံတခု မှ မရှိခဲ့ပါဘူး ။ အသင်း မပြောင်းခင် အချိန်တုန်းကလည်း သူဟာ လေ့ကျင့်ရေး အစီအစဉ်တွေမှာ ပုံမှန်ပဲ လေ့ကျင့်ခဲ့ပါတယ် ။ အဆုံးမှာတော့ သူ့ အနာဂတ် နဲ့ ပတ်သက်ပြီး သူ ကိုယ်တိုင် ရွေးချယ်မှု လုပ်သွားခဲ့ပါတယ် ။ ”

” ခင်ဗျား ဟာ ဘယ်လို အကြောင်း အမျိုးမျိုးကြောင့် ၊ အသင်းမပြောင်းချင်ဘူး ဆိုရင် လက်ရှိ အစုအဖွဲ့ ရဲ့ တစိတ်တပိုင်း အဖြစ် ဆက်လက် ပါဝင်နေဦးမှာပါ ။ ပြီးတော့ ဒီ အသင်း မှာ ခင်ဗျား ဟာ ဘာကြောင့် နေရာ ရထိုက်လဲ ဆိုတာ သက်သေပြရမှာပါ ။ ဟုတ်ပါတယ် ။ ဆွာရက်ဇ် ဟာ ဘာစီလိုနာ မှာ ဆက်ကစားခွင့် ရှိခဲ့ပါတယ် ။ ”

” ကျွန်တော့မှာ လူးဝစ် နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေသာ ရှိပါတယ် ။ ဒါပေမယ့် ကလပ် တာဝန်ရှိသူတွေက သွေးသစ်လောင်းဖို့ အလိုရှိနေကြပါတယ် ။ အခု လက်ရှိ အသင်း က လူငယ် ကြယ်ပွင့် ကစားသမား တချို့ ကို ကြည့်ရင် ခင်ဗျားတို့ သိနိုင်ပါလိမ့်မယ် ။ ”

” ပွဲထွက် ကစားခွင့် ရနေတဲ့ အန်ဆု ဖာတီ ဆိုရင် အသက် ၁၇နှစ်ပဲ ရှိပါသေးတယ် ။ နောက်ပြီး ကစားခွင့် တချို့ ရထားတဲ့ ပီဒရီ ဆိုရင်လည်း အသက် ၁၇နှစ်ပါပဲ ။ ရော်နယ် အာရူဟို ဆိုရင်လည်း ၂၁ နှစ်ပဲ ရှိပါသေးတယ် ။ ထရင်ကာအို ဆိုရင်လည်း အရည်အသွေးကောင်း များစွာ ရှိနေပြီး ၊ အသက် ၂၀ အရွယ်ပဲ ရှိပါသေးတယ် ။ ”

” နောက်ပြီး အသစ်ဝင်လာတဲ့ ဆာဂျီနိုဒက်စ် ဆိုရင်လည်း ၁၉နှစ်ပဲ ရှိပါတယ် ။ ဒီ ကစားသမားတွေ အားလုံး ဟာ ဘာစီလိုနာ ရဲ့ အနာဂတ်တွေပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular