ဘာစီလိုနာ ပွဲမစခင်မှာ သူ့ကို ဘာပေ ဘာပြောခဲ့သလဲဆိုတာ ဖွင့်ဟပြောဆိုသွားတဲ့ ပိုချက်တီနို

PSG အသင်းရဲ့ နည်းပြ မော်ရီစီယို ပိုချက်တီနို က တိုက်စစ်မှူးလေး အမ်ဘာပေ ဟာ ဘာစီလိုနာ ကို သူ့အတွက် အနိုင် ကစားပေးမယ် လို့ ပွဲမစခင် မှာ ကတိပေးခဲ့ကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ပါတယ် ။ ပိုချက်တီနို ရဲ့ PSG ဟာ ဘာစီလိုနာ ကို အဝေးကွင်း စပိန်မြေပေါ်မှာ သွားရောက် ရင်ဆိုင်ခဲ့ပြီး ၄ – ၁ ရလဒ် နဲ့ အနိုင် ရခဲ့ ပါတယ် ။ ဘာပေ ဟာ PSG အတွက် သူရဲကောင်း ဖြစ်ခဲ့ပြီး ဟက်ထရစ် သွင်းယူ ခဲ့ပါတယ် ။

မကြာသေးခင် ကမှ PSG နည်းပြ ဖြစ်လာခဲ့တဲ့ ပိုချက်တီနို ဟာ စပိန်မြေပေါ်မှာ ရှိခဲ့စဉ် ကာလ အတွင်း ဘာစီလိုနာ ကို တစ်ကြိမ်သာ ( အက်စ်ပန်ညို နည်းပြအဖြစ် ) အနိုင် ရရှိခဲ့ ဖူးပါတယ် ။ ဒါကြောင့် ယမန်နေ့ ညက ပွဲ မကစားခင် မှာ ဘာပေ က သူ့ကို ဒုတိယမြောက် နိုင်ပွဲ ရယူ ပေးမယ့်အကြောင်း ကတိပေး ခဲ့တယ် လို့ ပိုချက်တီနို က ပြောပြ လာခဲ့တာ ဖြစ်ပါတယ် ။

myan789

“ပွဲမကစားခင် မှာ သူ ( ဘာပေ ) တည်တည်ငြိမ်ငြိမ်ပါပဲ ။ ကျွန်တော့ ဘ၀မှာ ဘာစီလိုနာ ကို ဘယ်နှစ်ခါ နိုင်ခဲ့ဖူးလဲ ဆိုပြီး သူ မေးပါတယ် ။ အက်စ်ပန်ညို နဲ့ တစ်ခါပဲ လို့ ကျွန်တော် ပြန်ဖြေ ခဲ့တာပါ” လို့ ပိုချက်တီနို က ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“သူက အခု ဒုတိယ အကြိမ် အနိုင်ရအောင် ကျွန်တော်တို့ လုပ်ပေးမယ် လို့ ပြောသွားခဲ့ ပါတယ် ။ ပွဲပြီး ချိန် မှာတော့ ရော့ ဒီမှာ ဒုတိယနိုင်ပွဲ ဆိုပြီး သူ ကျွန်တော့ကို လာပြော ခဲ့တာပါ” လို့လည်း အာဂျင်တီးနား နည်းပြကြီး က ဆက်လက် ပြောဆို သွားခဲ့ ပါတယ် ။

လီယွန်နယ် မက်ဆီ ဟာ အိမ်ရှင် ဘာစီလိုနာ အတွက် ပွဲချိန် 27 မိနစ် မှာ ပင်နယ်တီ က တဆင့် ဦးဆောင်ဂိုး စတင် သွင်းယူပေးခဲ့ ပါတယ် ။ ဒါပေမယ့် ဘာပေ က ၅ မိနစ် အကြာမှာပဲ ပြန်လည် ချေပခဲ့ပြီး ဒုတိယပိုင်း မှာတော့ ဘာပေ က ၂ ဂိုး ၊ မွိုက်စ်ကိန်း က ၁ ဂိုး ထပ်သွင်းကာ အဝေးကွင်း ဂိုးပြတ် နိုင်ပွဲကို ဖော်ဆောင် သွားခဲ့ ပါတယ် ။

“ဒီပွဲက ပြီးပြည့်စုံတဲ့ ပွဲလို့ ကျွန်တော် မထင်ထား ပါဘူး ။ ကျွန်တော်တို့ ပြီးပြည့်စုံခြင်း ဆီ ရောက်ဖို့ အတွက် တိုးတက်စရာတွေ လိုပါသေးတယ် ။ အရင်ကထက် ပိုကောင်းအောင် လုပ်လာ နိုင်တာ ကတော့ အသေအချာ ပါပဲ ။ ဘာပဲ ဖြစ်ဖြစ် ဒီရလဒ် အတွက် ကျေနပ် ပါတယ်”

“အခု ပြည်တွင်း ဘက်ကို ပြန် အာရုံစိုက်လိုက် ပါဦးမယ် ။ နောက်တစ်ကျော့ အတွက် ၃ ပတ် အချိန် ရဦး မှာပါ ။ အဲ့ကျမှာ အခုအကြောင်းကို ပြန်ပြော ကြတာပေါ့” လို့ ပိုချက်တီနို က ပြောဆို သွားခဲ့ ပါတယ် ။ Sky Sports ရဲ့ တင်ဆက် သုံးသပ်သူ အဖြစ် လုပ်ကိုင် နေတဲ့ ရီယို ဖာဒီနန် ကတော့ ဘာပေ ကို ချီးကျုးစကား ဆိုသွားခဲ့ကာ မက်ဆီ ၊ ရိုနယ်ဒို တို့ရဲ့ ဆက်ခံသူ ဖြစ်လာမယ်လို့ ညွှန်းဆို သွားခဲ့ ပါတယ် ။

“ကိုင်လီယံ က ငယ်ပါသေးတယ် ၊ ဒါပေမယ့် ကမ္ဘာ့ အကောင်းဆုံး တွေထဲက တစ်ယောက်ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး ။ အရမ်း အံ့သြစရာတွေ ကို သူ လုပ်ပြ ထားပြီး ပါပြီ ၊ ဒါပေမယ့် ကျွန်တော်တို့ ဒီလောက်နဲ့ ရပ်နေလို့ မရသေးပါဘူး” လို့ ပိုချက်တီနို က ဘာပေ ကို ချီးကျုးရင်း လာမယ့် ပွဲစဉ်တွေ မှာလည်း အခုလို ရလဒ်ကောင်းတွေ ရရှိအောင် ကစား ကြဖို့ တိုက်တွန်း ပြောဆို သွားခဲ့ ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular