ဘာစီလိုနာ နဲ့ သတင်းတွေထွက်ခဲ့ပေမယ့် အာဆင်နယ် ကို ပြောင်းရွှေ့ခဲ့တဲ့ အကြောင်းအရင်းကို ပြောကြားလိုက်တဲ့ ဝီလီယံ

အာဆင်နယ် အသင်း တောင်ပံ ကစားသမား ဝီလီယံ က အီဒူး နဲ့ အာတီတာ တို့ဟာ သူ့ကို ခေါ်ယူဖို့ အကြီးအကျယ် စိတ်ဝင်စားမှု ပြသခဲ့ကြတဲ့အပြင် အာဆင်နယ် မှာ သူ့ရဲ့ ရည်မှန်းချက် နဲ့ ကိုက်ညီတဲ့ အစီအစဉ်မျိုး ရှိတာကြောင့် ပြောင်းရွှေ့ခဲ့တာ ဖြစ်ကြောင်း ဆိုပါတယ် ။

ဒါ့အပြင် ဝီလီယံ က ဘာစီလိုနာ အသင်းဟာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် တရားဝင် ကမ်းလှမ်းတာမျိုးတော့ မရှိခဲ့ကြောင်း ပြောကြား သွားခဲ့ပါတယ် ။

myan789

ဝီလီယံ ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ချဲလ်ဆီး အသင်း ကနေ အာဆင်နယ် အသင်းကို အလွတ်ပြောင်းရွှေ့ကြေး နဲ့ပြောင်းရွှေ့လာသူ ​ဖြစ်ပါတယ် ။ ဝီလီယံ ဟာ အခု အချိန်မှာ အာဆင်နယ် အတွက် ပရီးမီးယားလိဂ် ၈ ပွဲ ကစားထားပြီး ဖြစ်ပါတယ် ။

ဝီလီယံ က FourFourTwo နဲ့ အင်တာဗျူးမှာ အာဆင်နယ် အသင်းထံ ပြောင်းရွှေ့ဖြစ်ခဲ့ပုံကို “မီခေးလ် အာတီတာ ၊ အီဒူး တို့နဲ့ ပထမဆုံး အကြိမ် စကားပြောကြည့် ကတည်းက သူတို့ဟာ ကျနော့်ကို စိတ်ဝင်စားမှု ရှိကြောင်း ပြသ ခဲ့ကြပါတယ် ။ “

” ဒါက အာဆင်နယ် ကို ပြောင်းရွှေ့ရာမှာ သိပ်ကို အရေးပါ ခဲ့ပါတယ် ၊ သူတို့က ကျနော့် အပေါ် ပရော်ဖက်ရှင်နယ် တစ်ဦး အနေနဲ့ လေးစားမှု ပြသ ခဲ့သလို အသင်း ဟာ ဘယ်လို အောင်မြင်မှုတွေ ရယူဖို့ ကြိုးစား နေသလု ဆိုတာ ပြောပြ ခဲ့ပါတယ် ။ “

” အာဆင်နယ် ဘက်က သူတို့ရဲ့ နည်းစနစ် နဲ့ ကျနော်ဟာ ဘယ်လို အံဝင်ကြောင်း ၊ အသင်း ရည်မှန်းချက်တွေ ပြည့်မှီအောင် ကျနော့်ဘက်က ဘယ်လို ကူညီ ပေးနိုင်ကြောင်း ပြောပါတယ် ။ အာဆင်နယ်က လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပါတယ် ၊ အဲ့ဒါကြောင့် ဒီမှာ ကစားရတာကို ပျော်ရွှင်မိပါတယ် ။ “

ဆက်လက်ပြီး ဝီလီယံ က ဘာစီလိုနာ နဲ့ သတင်းတွေ ထွက်ခဲ့တဲ့ အကြောင်း အခုလို ပြောပါတယ် ။ ” ကောလဟလတွေကတော့ ထွက်နေတာပါပဲ ၊
ဒါပေမယ့် ဘာစီလိုနာ ဘက်က တရားဝင် ကမ်းလှမ်းတာ ရှိသလား ဆိုတာတော့ ကျနော်လည်း မသိပါဘူး ။ “

” ပြီးခဲ့တဲ့ နှစ်တွေတုန်းက ဘာစီလိုနာ အကြောင်း အများကြီး ကြားခဲ့ရပါတယ် ၊ ဒါပေမယ့် ဘာကာ ဖြစ်နေရုံနဲ့တော့ ကျနော် သွားမှာ မဟုတ်ပါဘူး ၊ သူတို့ရဲ့ ပစ်မှတ်က ဘာလဲ ၊ ကျနော့်ဆီက ဘယ်အရာတွေ လိုချင်သလဲ သေချာ မသိရပဲနဲ့တော့ မသွားပါဘူး ။ “

” သူတို့ရဲ့ အစီအစဉ်မှာလည်း ပါဝင်ခွင့်မရ ၊ ကစားခွင့်လည်း များများစားစား မရရင်တော့ အဲ့လို အသင်းကို မသွားတာ ကောင်းပါတယ် ။ အာဆင်နယ် တစ်သင်းတည်းကသာလျှင် ကျနော့်ရဲ့ရည်မှန်းချက် နဲ့ ကိုက်ညီတဲ့ အစီအစဉ်ကို ချပြ နိုင်ခဲ့ပါတယ် ၊ အာဆင်နယ် က ကမ္ဘာ့ အကြီးမားဆုံး အသင်းတစ်သင်းပါပဲ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular