ဘာစီလိုနာ နဲ့ စိမ်းနေတဲ့ ကစားကွက်သစ် ကို ခြေစမ်းပွဲမှာ စမ်းသုံးသွားတဲ့ နည်းပြသစ် ရော်နယ်ကိုးမန်း

ဘာစီလိုနာ အသင်း နည်းပြသစ် ရော်နယ် ကိုးမန်း ဟာ ယမန်နေ့ က ကစား ခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲမှာ အသင်းသစ် ကို ပထမဆုံး အကြိမ် တာဝန်ယူ ကိုင်တွယ် ခဲ့ ပါတယ် ။ ဘာစီလိုနာ ဟာ Gimnastic de Tarragona အသင်း နဲ့ ယမန်နေ့ က ခြေစမ်းပွဲ ကစား ခဲ့ပြီး ၃ – ၁ နဲ့ အနိုင် ရခဲ့ ပါတယ် ။ ဘာစီလိုနာ အတွက် ဂိုးတွေ ကိုတော့ ကော်တင်ဟို ၊ ဂရစ်ဇ်မန်း နဲ့ ဒမ်ဘီလီ တို့က သွင်းယူ ပေးခဲ့ ကြပါတယ် ။

ဘာစီလိုနာ ဟာ ၄-၂-၃-၁ နဲ့ ပွဲထွက် လာခဲ့ပြီး ဒီ ကစားကွက် ဟာ အသင်းရဲ့ သမိုင်းမှာ အသုံးနည်းတဲ့ ကစားကွက် ဖြစ်ခဲ့ ပါတယ် ။ ဒါပေမယ့် နည်းပြ ကိုးမန်း ကတော့ ဒီကစားကွက် ကို အထိုင်ချ သွားဖို့ ရှိနေပြီး အသင်းက ကစား သမားတွေ ကို တစ်ပိုင်းစီ စမ်းသပ် အသုံးပြု သွားခဲ့ ပါတယ် ။

myan789

ဘာစီလိုနာ အတွက် အော့စမိန်း ဒမ်ဘီလီ က ပွဲအစ ၅ မိနစ် မှာတင် အဖွင့်ဂိုး သွင်းပေး ခဲ့ပြီး ပြင်သစ် တိုက်စစ်မှုး ဂရစ်ဇ်မန်း က ပင်နယ်တီ ကနေ ဒုတိယမြောက် ဂိုးကို သွင်းယူခဲ့ ပါတယ် ။ ဘိုင်ယန် ကနေ အငှား စာချုပ် ပြည့်လို့ ပြန်ရောက် လာတဲ့ ဖိလစ်ပီ ကော်တင်ဟို က တတိယ မြောက်ဂိုးကို သွင်းပေး ခဲ့ပြီး ဘာစီလိုနာ ကို သက်တောင့် သက်သာ အနိုင် ရရှိ စေခဲ့ ပါတယ် ။

ကိုးမန်း ဟာ မနေ့ ညက ပွဲမှာ ဆာဂျီယို ဘက်စကွက် နဲ့ လူငယ်လေး ကားလက်စ် အေလီနာ တို့ ကို ကွင်းလယ် အထိုင် အဖြစ် ပွဲထုတ် လာခဲ့ပြီး ပထမပိုင်း အပြီး မှာတော့ ဖရန်ကီ ဒီယွန် ၊ ရီကွီပစ်ဂ် တို့ နဲ့ အစားထိုး လဲလှယ် သွားခဲ့ ပါတယ် ။ ပွဲအပြီး မှာ ကိုးမန်း က ဘာကြောင့် ၄-၂-၃-၁ ကို အသုံးပြု ခဲ့သလဲ ဆိုတာ ကို ထုတ်ဖော် ပြောပြ သွားခဲ့ ပါတယ် ။

“ဘာကာ ပရိသတ်တွေ အနေနဲ့ ကတော့ ဒီ ကစားကွက် က စိမ်း နေမှာပါ ။ ဒါပေမယ့် ကွင်းလယ် အထိုင် ၂ ယောက် ထားတာက ခံစစ်ကို ပိုပြီး ခိုင်မာ စေပါတယ် ။ ဘာကာ ဟာ လွန်ခဲ့တဲ့ နှစ် အနည်းငယ် လောက်က စပြီး ခိုင်မာတဲ့ ခံစစ် မရှိခဲ့ ပါဘူး”

“ခံစစ် ကို စိတ်ချ ရတဲ့ အခါမျိုးမှာ ရှေ့က ကစား သမားတွေ ပိုပြီး လွတ်လွတ် လပ်လပ် နဲ့ ကစား နိုင်ပါတယ် ။ နောက်တန်း အတွက် တွေးပူ စရာ မလိုဘဲ ကိုယ် လုပ်စရာ ရှိတာကို အကောင်းဆုံး လုပ်နိုင် မှာပါ ။ ဒီ ကစားကွက် ကို ကျွန်တော်တို့ သုံးနိုင် ပါတယ် ။ ဒီလို ကစားနိုင်တဲ့ ကွင်းလယ်လူတွေ ကျွန်တော်တို့ မှာ ရှိနေလို့ ပါပဲ” လို့ ရော်နယ်ကိုးမန်း က ပြောဆို သွားခဲ့ ပါတယ် ။

ကိုးမန်း ဟာ ယူဗင်တပ် ကနေ ပြောင်းရွှေ့ လာတဲ့ ဘော့စနီးယား ကွင်းလယ်လူ ပီယာနစ် ကို ကိုရိုနာ ဗိုင်းရပ်စ် စစ်ဆေးထားမှု ရှိတဲ့ အတွက် ခြေစမ်းပွဲမှာ ချန်လှပ် ထားခဲ့သလို အသင်း ပြောင်းဖို့ နီးစပ် နေတဲ့ လူးဝစ် ဆွာရက် နဲ့ ဗီဒယ် တို့ကိုလည်း ထည့်သွင်း မသွားခဲ့ ပါဘူး ။ ဒါပေမယ့် အသင်း ခေါင်းဆောင် မက်ဆီ ကတော့ ၄၅ မိနစ် ပါဝင် ကစား သွားခဲ့ ပါတယ် ။

“ဒီခြေစမ်းပွဲ နဲ့ ပတ်သက်ပြီး တန်ဖိုး အရှိဆုံးက ဘယ်သူမှ ဒဏ်ရာ မရခဲ့ ကြတာပါ ၊ ပြီးတော့ လူတိုင်း နီးပါး ၄၅ မိနစ်စီ ကစားခဲ့ ကြရ ပါတယ် ။ ဒါက တကယ်ကို ကောင်းတဲ့ အရာပါ ။ ကျွန်တော်တို့ မှာ တိုးတက် စရာတွေ ကျန်နေ ပါသေးတယ် ။ ဒါတွေကို လာလီဂါ မစခင် ဖြည့်ဆည်း နိုင်ဖို့ ကြိုးစား သွားမှာပါ” လို့ ရော်နယ် ကိုးမန်း က ထပ်လောင်း ပြောကြား သွားခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ လာမယ့် စက်တင်ဘာ ၁၆ ရက်နေ့ မှာ ဂမ်ပါ ဖလားပွဲ အဖြစ် ဂီရိုနာ အသင်းနဲ့ ထပ်မံ ကစား ဦးမှာ ဖြစ်ပြီး လာလီဂါ အဖွင့် ပွဲစဉ် ကိုတော့ စက်တင်ဘာ ၂၆ ရက်နေ့ မှာ ဗီလာရီးရဲ အသင်းနဲ့ စတင် ယှဉ်ပြိုင် ကစား ရမှာပဲ ဖြစ်ပါတယ် ။

ဘာစီလိုနာ ဟာ ယမန်နေ့ က အသင်းခေါင်းဆောင် ရွေးပွဲ ကို ပြုလုပ် ခဲ့ပြီး မက်ဆီ က အသင်းဖော်တွေ ရဲ့ မဲ အများဆုံးကို ရရှိကာ ပထမ အသင်းခေါင်းဆောင် အဖြစ် ဆက်ရှိ နေခဲ့ ပါတယ် ။ ဝါရင့် ကွင်းလယ်လူ ဆာဂျီယို ဘက်စကွက် က ဒုတိယ ၊ ပီကေး က တတိယ နဲ့ ဆာဂျီ ရော်ဘတ်တို က စတုတ္ထ အသင်း ခေါင်းဆောင် အဖြစ် အသီးသီး ရွေးချယ် ခံခဲ့ ရတယ်လို့ လည်း ကြားသိရ ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular