ဘရူနို ဖာနန်ဒက်စ်ကို ယူနိုက်တက် ဂန္တဝင် ခေါင်းဆောင် နှစ်ဦးနဲ့ ခိုင်းနှိုင်းရင်း ဆိုးလ်ရှားကို သတိပေး လိုက်တဲ့ ပေါလ် ပါကား

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နောက်ခံ ကစားသမား ဟောင်း တစ်ဦး ဖြစ်တဲ့ ပေါလ် ပါကား က လက်ရှိ အသင်းမှ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ကို ဘရိုင်ယန် ရော့ဘ်ဆင် ၊ ရွိုင်ကိန်းတို့ လုပ်ဆောင်ခဲ့ သလိုမျိုး အသင်းကို မြှင့်တင် ပေးနိုင်စွမ်း ရှိကြောင်း ချီးကျူး သွားခဲ့လိုက် ပါတယ် ။

ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ တုန်းက စပို့တင်း လစ္စဘွန်း အသင်းမှ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပေါင် 67.8 သန်း နဲ့ ပြောင်းရွှေ့ ရောက်ရှိ လာခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ဟာ အင်္ဂလန် မြေကို ရောက်ရောက်ချင်း မှာပဲ အသင်းသစ် အတွက် ပုံစံကောင်း တွေကို ဆက်တိုက် ပြသ ထားနိုင်ခဲ့ ပါတယ် ။

myan789

သူဟာ ယူနိုက်တက် အသင်းကို ရောက်ရှိခဲ့တဲ့နောက် ပွဲထွက် ကစားပေး ခဲ့တဲ့ ပြိုင်ပွဲစုံ ပွဲစဉ် 35 ပွဲမှာ ကိုယ်တိုင် 21 ဂိုး သွင်းယူ နိုင်ခဲ့ သလို 13 ကြိမ် အထိ ဂိုး ဖန်တီး ထားနိုင်ခဲ့ပြီး သွင်းဂိုး 34 ဂိုးနဲ့ တိုက်ရိုက် ပတ်သက် နိုင်ခဲ့တဲ့ အပြင် winner တစ်ဦး ဖြစ်ကြောင်း ပြသ နိုင်ခဲ့ ပါတယ် ။

အထူးသဖြင့် သူဟာ ယူနိုက်တက် အသင်း အတွက် နောက်ဆုံး ကစားပေး ခဲ့တဲ့ ပွဲစဉ် 3 ပွဲမှာ 5 ဂိုး အထိ သွင်းယူ ပေးနိုင် ခဲ့ပြီး အနိုင် ရရှိစေရေးမှာ အဓိက ကျသူ တစ်ဦး ဖြစ်နိုင် ခဲ့တဲ့နောက် ချီးကျူးမှု တွေကို ဆက်တိုက် ဆိုသလို ပိုင်ဆိုင် ထားနိုင်ခဲ့ ပါတယ် ။

အခုတော့ ယူနိုက်တက် အသင်းရဲ့ နောက်ခံ ကစားသမားဟောင်း ဖြစ်သူ ပေါလ် ပါကား က ဘရူနို ဖာနန်ဒက်စ်ဟာ ခေါင်းဆောင်ကောင်း တစ်ဦးအဖြစ် ဆက်လက် တိုးတက် လာခဲ့ပြီ ဖြစ်ကြောင်း ၊ သူ့ရဲ့ အရည်အသွေးတွေက အသင်းဖော်ဟောင်း နှစ်ဦး ဖြစ်ကြတဲ့ ရော့ဘ်ဆင် ၊ ရွိုင်ကိန်း တို့နဲ့ ဆင်တူကြောင်း ဆောက်သမ်တန် နဲ့ ပွဲစဉ် မတိုင်မီ ခိုင်းနှိုင်း သွားခဲ့လိုက်ပါတယ် ။

” အိုလီ ဂန်နား ဆိုးလ်ရှားက ဘယ်လို အသင်းကို ပွဲထွက် ကစားစေမလဲ ? သူဟာ ရုတ်တရက်ကြီး ကွင်းလယ် ခံစစ် ကစား သမား နှစ်ဦး ပြန်ထားပြီး ကစားစေမလား ? သူဟာ ဘယ်လို ကစားကွက်ပဲ ထုတ်သုံးနေပါစေ ၊ ဘရူနို ဖာနန်ဒက်စ် ကိုတော့ လိုအပ် နေမှာ ပါပဲ ”

” သူ ဒီမှာ ရှိနေတာက အခြား ကစားသမား တွေကို မြှင့်တင် ပေးနိုင် ပါတယ် ။ သူ ကစားတဲ့ အချိန်မှာ အခြားသူ တွေလည်း ယုံကြည်မှု မြင့်တက်လေ့ ရှိခဲ့ကြ ပါတယ် ။ သူက ဘရိုင်ယန် ရော့ဘ်ဆင် ၊ ရွိုင်ကိန်း တို့လို ကစားသမားမျိုး ဖြစ်လာခဲ့ပါပြီ ” လို့ ပေါလ် ပါကား က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

ဘရူနို ဖာနန်ဒက်စ် ကို အထူး ချီးကျူး သွားခဲ့တဲ့နောက်တော့ ပေါလ် ပါကား က ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား အနေနဲ့ ဒီနေ့ ကစား ရမယ့် ဆောက်သမ်တန် အသင်းကို လျှော့တွက် သွားလို့ မရနိုင်ကြောင်း ဆက်လက် သတိပေး သွားခဲ့လိုက် ပါတယ် ။

” ကျွန်တော် ကတော့ သူ ( ဆိုးလ်ရှား ) အနေနဲ့ ဆောက်သမ်တန် နဲ့ ပွဲစဉ်မှာ အီဒင်ဆန် ကာဗာနီ ကို ပွဲထွက် ကစားစေ သင့်တယ် လို့ ထင်မိ ပါတယ် ။ သူဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ မိနစ် 90 ပိုင်ဆိုင် နေသင့် ပါပြီ ။ သူက မေဆွန် ဂရင်းဝုဒ် ၊ ဒန်နီယယ် ဂျိမ်းစ် တို့နဲ့ ပွဲကို ရှေ့ဆက် မလား ? ”

” အကယ်လို့ သူသာ အဲ့တာမျိုး လုပ်ဆောင် ဖြစ်ခဲ့မယ် ဆိုရင် တူညီတဲ့ ကစားသမား တွေကို အပါတ်စဉ် ပွဲထုတ် ကစားစေရင်း ရလဒ်ကောင်း တွေကို ပိုင်ဆိုင်နေခဲ့တဲ့ ဆောက်သမ်တန် အသင်းနဲ့ အလှမ်းဝေး သွားပါ လိမ့်မယ် ။ ဒါက အမှား ကျူးလွန်ခြင်း ဖြစ်သွားပါ လိမ့်မယ် ” လို့ ပေါလ် ပါကား က သတိပေး သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular