ဘရူနိုဟာ ယူနိုက်တက် အသင်းအတွက် ဘာလို့ perfect ဖြစ်နေသလဲ ဆိုတာ ရှင်းပြလိုက်တဲ့ နာနီ

ဘရူနို ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ တုန်းက စပို့တင်း လစ္စဘွန်း အသင်းမှ မန်ချက်စတာ ယူနိုက်တက် အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင် 67.8 သန်းနဲ့ ပြောင်းရွှေ့ ရောက်ရှိ လာခဲ့သူပဲ ဖြစ်ပါတယ် ။ သူဟာ ယူနိုက်တက်ကို ရောက်လာတာ တစ်နှစ် မပြည့်သေးပါဘူး ။ ဒါပေမယ့် ထူးကဲတဲ့ အကျိုး သက်ရောက်မှု တွေကို လုပ်ဆောင် ပေးနိုင်ခဲ့ ပါတယ် ။

သူဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ထိပ်သီး လေးသင်း စာရင်း ဝင်နိုင်ခြေ နည်းပါး နေခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို အဆင့် 3 နေရာ နဲ့ ရာသီ ပိတ်သိမ်း သွားနိုင်အောင် ကူညီပေးခဲ့ပါ သေးတယ် ။ ဒါ့အပြင် ယူရို ပါလိဂ်နဲ့ FA ဖလား ပြိုင်ပွဲမှာလည်း ဆီမီး ဖိုင်နယ် အထိ တက်ရောက်အောင် ကူညီ ပေးနိုင်ခဲ့ ပါတယ် ။

myan789

ဒါ့အပြင် လက်ရှိ ဘောလုံး ရာသီ မှာလည်း တည်ငြိမ်မှု အားနည်း နေခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ရလဒ် တွေကို ကောင်းမွန်အောင် သူက အတော်လေး ဦးဆောင် အကျိုးပြု ပေးထား နိုင်ခဲ့ ပါတယ် ။ လက်ရှိ ဘောလုံး ရာသီ အတွင်း ယူနိုက်တက် အသင်းမှာ တည်ငြိမ်တဲ့ ပုံမှန် ခြေစွမ်း ပြနိုင်သူ တစ်ဦးကို ပြပါ ဆိုရင် ဘရူနို ကိုပဲ ဦးစွာ ပြရပါ လိမ့်မယ် ။

သူဟာ လက်ရှိ ဘောလုံး ရာသီ အတွင်း မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် အမှတ်ပေး ဖလား ပြိုင်ပွဲမှာ 8 ပွဲ ကစားပေးပြီးချိန် ကိုယ်တိုင် 6 ဂိုး အထိ သွင်းယူ ပေးထား နိုင်ခဲ့ပြီး အသင်းဖော်တွေ အတွက် 3 ကြိမ် ဂိုး ဖန်တီး ပေးထား နိုင်ခဲ့ ပါတယ် ။ ဒါ့အပြင် ချန်ပီယံလိဂ် ပြိုင်ပွဲ မှာလည်း 3 ပွဲ ပွဲထွက် ကစားပြီးချိန် 3 ဂိုး သွင်းယူပြီး 1 ဂိုး ဖန်တီး ပေးနိုင်ခဲ့ ပါတယ် ။

အချုပ်အရ ဆိုရရင် သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီကို စတင် ရောက်ရှိ ကတည်းက 35 ပွဲ အထိ ပွဲထွက် ကစားပေးခွင့် ပိုင်ဆိုင် ထားခဲ့ရာမှာ ကိုယ်တိုင် 21 ဂိုး သွင်းယူ ၊ 13 ကြိမ် အထိ ဂိုး ဖန်တီး ပေးထား နိုင်ခဲ့ပြီး အသင်းရဲ့ သွင်းဂိုး 34 ဂိုး အထိ နဲ့ တိုက်ရိုက် ပတ်သက် နိုင်ခဲ့တဲ့ အထိ တောက်ပ နိုင်ခဲ့ ပါတယ် ။

အခုတော့ ယူနိုက်တက် အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမားဟောင်း ဖြစ်သူ လူးဝစ် နာနီက ဘရူနို ဖာနန်ဒက်စ်ရဲ့ ကစားပုံတွေက ပရိသတ်တွေ အကြိုက်တွေ့နိုင်မယ့် ပုံစံ ဖြစ်ကြောင်း ၊ သူဟာ စွန့်စားမှုတွေ လုပ်ဆောင်ရတာကို နှစ်ခြိုက်သူ ဖြစ်တဲ့ အပြင် တာဝန်ယူလိုစိတ် အပြည့်ရှိတာကြောင့် အသင်း အတွက် ပြည့်စုံတဲ့ ကစားသမား တစ်ဦး ဖြစ်သွားခဲ့ကြောင်း ရှင်းပြ သွားခဲ့လိုက် ပါတယ် ။

” သူ ဘောလုံး ကစားတဲ့ ပုံစံတွေက ယူနိုက်တက် ပရိသတ်တွေ အကြိုက်တွေ့မယ့် ပုံစံမျိုးပါပဲ ။ သူဟာ ပွဲစဉ် အတွင်း စွန့်စားမှု တွေကို လုပ်ဆောင်ရတာ နှစ်ခြိုက်တဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ် ။ သူဟာ ကွင်းထဲမှာ တာဝန်ယူလိုစိတ်လည်း အပြည့် ရှိသူ တစ်ဦး ဖြစ်ပါတယ် ”

” သူဟာ ခက်ခဲတဲ့ ဘောလုံးပေးပို့မှု တွေကို ဖြစ်မြောက်အောင် လုပ်နိုင်စွမ်း ရှိတဲ့အပြင် လိမ်ခေါက်မှု စွမ်းရည် ကောင်းမွန်ပြီး ဂိုးပေါက် ကန်သွင်းမှုလည်း အတော်လေး ကောင်းသူ တစ်ဦးပဲ ဖြစ်ပါတယ် ။ သူဟာ အမှားတွေ ကျူးလွန်မိတာမျိုးကို ကြောက်ရွံ့ တုန်လှုပ်လေ့ မရှိပါဘူး ”

” သူဟာ အောင်မြင်မှု အကြောင်းပဲ တွေးတောသူ ဖြစ်ပြီး အသင်း အောင်မြင်စေဖို့ ကြိုးစားသူပဲ ဖြစ်ပါတယ် ။ အောင်မြင်မှု ရဖို့ အတွက် ဘာတွေ လိုအပ်လဲ ဆိုတာ သူသိပါတယ် ။ ဒါက မန်ချက်စတာ ယူနိုက်တက် အသင်းလေ ၊ အောင်မြင်မုှ တွေကို ရယူချင်တဲ့ အသင်းမျိုး ဆိုတာ သူ နားလည် ပါတယ် ”

” ယူနိုက်တက် အသင်းဟာ စွန့်စားမှှု တွေကို လုပ်ဆောင်ရင်း အောင်မြင်မှု အများကြီး ရယူနိုင်ခဲ့တဲ့ အသင်းပါ ။ အသင်းမှာ ရှိတဲ့ ဂိုးသမား ကနေ တိုက်စစ်မှူး အထိ စွန့်စားမှု တွေကို လုပ်ဆောင်ရမယ် ဆိုတာ ကောင်းကောင်း သိခဲ့ကြ ပါတယ် ။ ကျွန်တော်တို့ အချိန်ကိုက် လှုပ်ရှားမှု ၊ ဘယ်အချိန်မှာ တည်ငြိမ်ရမလဲ ဆိုတဲ့ အကြောင်း ကောင်းကောင်း သိခဲ့ကြ ပါတယ် ”

” ဒါပေမယ့် ကျွန်တော်တို့ရဲ့ ပွဲစဉ်တိုင်းမှာ အသင်း ချစ်တဲ့စိတ် ၊ အရည်အသွေး တွေနဲ့ ရလဒ် မကောင်းတဲ့ အချိန်မှာ စွန်းစားမှု တွေကို လုပ်ဆောင်ဖို့ အတွက် လွတ်လပ်မှု အပြည့်အဝ ရှိခဲ့ ပါတယ် ။ ဘရူနို ကလည်း အခုထက်ထိ အကောင်းဆုံး ပုံစံ တွေကို အဆက်မပြတ် ပြသ ထားနိုင်ခဲ့ ပါတယ် ”

” သူဟာ အသင်းအတွက် ဂိုးတွေ သွင်းယူ ပေးခဲ့သလို ဖန်တီးမှု တွေကိုလည်း အများကြီး လုပ်ဆောင် ပေးနိုင်ခဲ့ပါတယ် ။ ဒါပေမယ့် သူဟာ ဆက်လက် တိုးတက် နေဆဲ ကစားသမား တစ်ဦး ဖြစ်တာကြောင့် အသင်းကို ပိုကောင်းအောင် ကူညီ ပေးနိုင် လိမ့်ဦးမယ် လို့ ကျွန်တော် တွေးနေ ပါတယ် ” လို့ နာနီ က ထုတ်ဖော် ချီးကျူး သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular