ဘရူနိုကို ဝေဖန်လိုက်တဲ့ ပေါလ် စခိုးလ် ၊ ပင်နယ်တီ ကန်သွင်းရေး တာဝန် ခွဲယူမှု အကြောင်း ရှင်းပြလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် တို့ဟာ ဒီနေ့ နံနက် မှာတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ အစ္စတန်ဘူလ် ဘာဆက်ဆီဟာ အသင်းကို ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် 4 အဖြစ် ဧည့်ခံ ကစား ခဲ့ပြီး 4 – 1 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် အနိုင်ယူ သွားနိုင်ခဲ့ ပါတယ် ။ အဆိုပါ နိုင်ပွဲကြောင့် ယူနိုက်တက်တို့ဟာ နောက်တစ်ဆင့် တက်ရောက်ဖို့ နီးစပ် သွားပြီလို့ ဆိုရ ပါ့မယ် ။

ဒီပွဲမှာတော့ ယူနိုက်တက် အသင်းအတွက် ဦးဆောင်ဂိုး တွေကို ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် က ပွဲချိန် 7′ ၊ 19′ မိနစ် တွေမှာ သွင်းယူ ပေးခဲ့ပြီး ပွဲချိန် 35 မိနစ်မှာ ပင်နယ်တီမှ တစ်ဆင့် ဟတ်ထရစ်ဂိုး သွင်းယူ နိုင်ဖို့ နီးစပ်ခဲ့ ပေမယ့် အသင်းဖော် ရပ်ရှ်ဖို့ ကို ပင်နယ်တီ ကန်သွင်းစေခဲ့ ပါတယ် ။ ဒါကို အင်္ဂလန် လက်ရွေးစင်က ဂိုးအဖြစ် ပြောင်းလဲ နိုင်ခဲ့ ပါတယ် ။

myan789

ဒါပေမယ့် ယူနိုက်တက် ဂန္ဓဝင် ပေါလ် စခိုးလ် ကတော့ ဘရူနို ဟာ ဘာကြောင့် အခုလို လုပ်တာလဲ ဆိုတာကို သူ နားမလည် နိုင်အောင် ဖြစ်ခဲ့ရကြောင်း ၊ သူဟာ ပင်တိုင် ပင်နယ်တီ ကန်သူ ဖြစ်တဲ့ အတွက် ဟတ်ထရစ် ရယူခဲ့သင့်ကြောင်း ဝေဖန်လိုက်ပြီး ဘယ်လိုပဲ ဖြစ်ပါစေ ဂိုး ရခဲ့တဲ့ အတွက် အဆင်ပြေကြောင်း ပြောခဲ့လိုက် ပါတယ် ။

” ကျွန်တော် ဒါကို နားမလည်ခဲ့ ပါဘူး ။ ဘရူနို ဖာနန်ဒက်စ်က အသင်း အတွက် ကစားပေး ခဲ့တဲ့ အခါတိုင်း ပင်နယ်တီ တွေကို ဦးဆောင် ကန်သွင်းခဲ့ ပါတယ် ။ သူဟာ ဥရောပ ပွဲစဉ်ရဲ့ ညချမ်းမှာ ဟတ်ထရစ် ရယူ နိုင်ဖို့ အခွင့်အလမ်းတောင် ပိုင်ဆိုင် နိုင်ခဲ့ ပါတယ် ။ ဒီလို လုပ်ခဲ့တာကို ကျွန်တော် တကယ်ပဲ နားမလည်နိုင် ဖြစ်ခဲ့ရ ပါတယ် ”

” ဘယ်လိုပဲ ဖြစ်နေ ပါစေ ၊ အဆုံးသတ် အရတော့ ကျွန်တော်တို့ တွေဟာ တူညီတဲ့ ဂိုးရလဒ်ကို ပိုင်ဆိုင် နိုင်ခဲ့ကြရ ပါတယ် ။ အချုပ် ပြောရရင် ပင်နယ်တီကို ပေးကန်လိုက်တာက အသင်း အတွက် ထိခိုက်မှု မရှိခဲ့ ပါဘူး ” လို့ ပေါလ် စခိုးလ် က ဝေဖန်ရင်း မှတ်ချက် ပေးခဲ့လိုက် ပါတယ် ။

ဘရူနို ဖာနန်ဒက်စ် ကိုယ်တိုင် ကတော့ နောက် တစ်ကြိမ် ပင်နယ်တီ ရရှိ ခဲ့မယ် ဆိုရင် အသင်းဖော် ရပ်ရှ်ဖို့ ကို ပေးကန်မယ် လို့ ကတိပေး ထားတာ ဖြစ်ကြောင်း ၊ ဒါ့အပြင် သူဟာ ချန်ပီယံလိဂ် ပြိုင်ပွဲ ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား တစ်ဦး ဖြစ်တဲ့ အတွက် သူ ဂိုးရတာ ပိုကောင်းလိမ့်မယ်လို့ ထင်ခဲ့ကြောင်း မှတ်ချက် ပေးခဲ့ပါ သေးတယ် ။

ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ကတော့ ဘရူနို ဖာနန်ဒက်စ် မှ မားကပ်စ် ရပ်ရှ်ဖို့ ကို ပင်နယ်တီ ပေးကန် ခဲ့တဲ့ အပေါ် မှတ်ချက် ပေးဖို့ အမေးခံလိုက် ရချိန် မှာတော့ ဘရူနို က ပင်တိုင် ပင်နယ်တီ ကန်သူ ဖြစ်ကြောင်း ၊ ဒါပေမယ့် သူသာ အသင်းဖော် ဖြစ်သူကို ပင်နယ်တီ ပေးကန်ချင်တယ် ဆိုရင်လည်း ပြသနာ မရှိကြောင်း ဖြေကြား သွားခဲ့လိုက် ပါတယ် ။

” မားကပ်စ် ဟာ ကစားသမားကောင်း တစ်ဦး ဖြစ်သလို ပင်နယ်တီ ကန်သွင်းတာပါ ကောင်းလွန်းသူ တစ်ဦးလည်း ဖြစ်ပါတယ် ။ ဒါ့ကြောင့် ဘရူနို က သူ ကန်ရမယ့် ပင်နယ်တီ ကို ရပ်ရှ်ဖို့ ကန်ပါစေ ဆိုပြီး ပေးကန်ချင်မယ် ဆိုရင် ၊ ဒါကို သူကိုယ်တိုင်လည်း လုပ်ပိုင်ခွင့် ၊ ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ် ”

” အန်သိုနီ မာရှယ် တောင်မှ RB လက်ပ်ဇစ် အသင်း နဲ့ ပွဲစဉ် တုန်းက တစ်ကြိမ် ကန်သွင်းခဲ့ သေးတယ်လေ ။ ဒါက ဘာလို့ မဖြစ်နိုင် ရမှာလဲ ဗျာ ” လို့ ဆိုးလ်ရှား က ယခင် ပွဲတုန်းက အနေအထား တစ်ရပ် နဲ့ ဥပမာပေးရင်း ပြန်လည် ဖြေကြား သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular