ဘရူနိုကို စီရော်နယ်ဒိုနဲ့ ခိုင်းနှိုင်းလိုက်ပြီး ဆောက်သမ်တန်နဲ့ ပွဲစဉ်အပေါ် မှတ်ချက်ပေးလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား က အသင်းဖော်ဟောင်း ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုဟာ အသင်းမှာ ခမ်းနား ထည်ဝါခဲ့ သလိုမျိုး လက်ရှိ အသင်း ရဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ကလည်း အသင်း အပေါ် အကျိုး သက်ရောက်မှု ပြုလုပ် နေခဲ့ကြောင်း ခိုင်းနှိုင်း ချီးကျူး သွားခဲ့လိုက် ပါတယ် ။

ဘရူနို ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပေါင် 67.8 သန်း နဲ့ ပြောင်းရွှေ့ ရောက်ရှိ လာခဲ့သူဖြစ်ပြီး အသင်းအတွက် ပွဲထွက် ကစားပေးခဲ့တဲ့ ပွဲစဉ် 35 ပွဲမှာ 21 ဂိုး သွင်းယူ ၊ 13 ကြိမ် ဂိုး ဖန်တီး ပေးနိုင်ခဲ့ကာ အသင်းရဲ့ သွင်းဂိုး 34 ဂိုးနဲ့ တိုက်ရိုက် ပတ်သက် နိုင်ခဲ့ ပါတယ် ။

myan789

ဒါ့အပြင် အစ္စတန်ဘူလ် ဘာဆက်ဆီဟာ အသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း 2 ဂိုး သွင်းယူပြီးချိန် ပင်နယ်တီ ရရှိခဲ့ပေမယ့် ဟတ်ထရစ် ရယူလိုစိတ်ထက် အသင်းဖော် ရပ်ရှ်ဖို့ ကို ပင်နယ်တီ ပေးကန်မယ် ဆိုတဲ့ ခေါင်းဆောင် စိတ်ဓါတ် ၊ ကတိတည်သူ ဖြစ်ကြောင်း ကိုလည်း လက်တွေ့ ပြသ သွားနိုင်ခဲ့ ပါတယ် ။

ဒါ့ကြောင့် ဆောက်သမ်တန် အသင်း နဲ့ ရင်ဆိုင် ရမယ့် ပွဲစဉ် မတိုင်မီ ဘရူနို ဖာနန်ဒက်စ်ဟာ တစ်နိုင်ငံတည်းသား ဖြစ်တဲ့ ခရစ္စတီယာနို ရောက်နယ်ဒို လိုမျိုး ပုံစံ တူတဲ့ အကျိုး သက်ရောက်မှု တွေကို လုပ်ဆောင် ပေးနေခဲ့ သလားလို့ အမေး ခံလိုက် ရချိန် မှာတော့ ဆိုးလ်ရှား က ထောက်ခံ စကား ပြောကြား သွားခဲ့လိုက် ပါတယ် ။

” သူဟာ လက်ရှိ အချိန်မှာ အသင်းဖော်တွေ အပေါ် လွှမ်းမိုးမှု ၊ အကျိုး သက်ရောက်မှု တွေကို ( စီရော်နယ်ဒို နည်းတူ ) လုပ်ဆောင် ပေးနိုင်ခဲ့ ပါတယ် ။ သူ ရောက်လာ ကတည်းက ရလဒ် တွေကို ကြည့်ရှုလိုက်ပါ ။ သူဟာ စွမ်းအင်ရှိသူ ၊ ခေါင်းဆောင်လိုစိတ် ရှိသူ ၊ အသင်းကို တိုက်စစ်ဆင် နိုင်အောင် လုပ်ဆောင် ပေးခဲ့တဲ့ အသင်းသား တစ်ဦး ဖြစ်သူ ဆိုတာ တွေကို ပြသ သွားနိုင်ခဲ့ ပါတယ် ”

” အချို့ ကစားသမား တွေဟာ အရံခုံ ပေါ်မှာ ရှိနေ ပေးဖို့တော့ လိုအပ် ပါလိမ့်မယ် ။ ကျွန်တော်က ဘရူနိုကို လက်ပ်ဇစ် နဲ့ ပွဲစဉ်မှာ တုန်းက အနားယူဖို့ ပြောခဲ့တဲ့ အကြောင်းကို ပြောကြား နေမှာတော့ မဟုတ် ပါဘူး ။ မားကပ်စ်လည်း အတူတူပါပဲ ။ ဒါပေမယ့် အဲ့တာက အဆင်ပြေခဲ့ ပါတယ် ။ အသင်းရဲ့ ယဉ်ကျေးမှု အစဉ်အလာ က တစ်ဦးတစ်ယောက် အပေါ်မှာ မှီခိုတာမျိုး မဟုတ်ခဲ့ပါဘူး ။ ဘရူနို ကတော့ သူ့ရဲ့ အရည်အသွေးကောင်း တွေကို သက်သေ ပြပြီးရင်း ပြသ နိုင်ခဲ့ ပါတယ် ” လို့ ဆိုးလ်ရှား က ထုတ်ဖော် ချီးကျူး သွားခဲ့လိုက် ပါတယ် ။

ယူနိုက်တက် တို့ဟာ တနင်္ဂနွေ ည 8:30 အချိန် မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် 10 အဖြစ် ဆောက်သမ်တန် အသင်းနဲ့ စိန့် မေရီ ကွင်းမှာ ရင်ဆိုင် ကစားသွားရဖို့ ရှိနေ ပါတယ် ။ ဆိုးလ်ရှား ကတော့ လေးပွဲဆက် နိုင်ပွဲ ရရှိဖို့ ရှေးရှု နေပေမယ့် ဒါဟာ ခက်ခဲတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်လာလိမ့်မယ်လို့ သုံးသပ် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ဟုတ်ပါတယ် ၊ ကျွန်တော်တို့ နိုင်ပွဲဆက်ချင်ကြပါတယ် ။ ဒါပေမယ့် ဆောက်သမ်တန်ဟာ နောက်ပိုင်း ပွဲစဉ် တွေမှာ ဘယ်လောက် အထိ ကောင်းခဲ့သလဲ ဆိုတာကို ကျွန်တော်တို့ သိရှိကြ ပါတယ် ။ ကျွန်တော်တို့ တွေဟာ အဝေးကွင်း ရလဒ် ကောင်းမွန် နေခဲ့ကြ ပါတယ် ။ ပြီးခဲ့တဲ့ ဇန်နဝါရီ ကတည်းက ကျွန်တော်တို့ မှတ်တမ်းကောင်း တွေကို ပိုင်ဆိုင် နိုင်ခဲ့ကြ ပါတယ် ”

” လက်ရှိ အချိန်က ကျွန်တော်တို့ အတွက် ကြီးမားတဲ့ အလှည့်အပြောင်း ဖြစ်စေတဲ့ အချိန်ကာလ တစ်ခုပါ ။ ကျွန်တော်တို့တွေဟာ အဲ့ဒီ ကတည်းက အမှတ်ပေး ဇယား ထိပ်ပိုင်းကို တက်လှမ်း နိုင်ဖို့ ကြိုးစားခဲ့ ကြပြီး တည်ငြိမ်မှု တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ လုပ်ဆောင် ခဲ့ရ ပါတယ် ။ ဒီပွဲက ကျွန်တော်တို့ အတွက် ကောင်းမွန်တဲ့ စိန်ခေါ်မှု တစ်ခုပါ ”

” ကျွန်တော် တို့ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ဆောက်သမ်တန် အသင်း နဲ့ ရင်ဆိုင် ခဲ့စဉ် တုန်းက ရရှိ ခဲ့တဲ့ သင်ခန်းစာ တွေကို ကောင်းကောင်း လေ့လာ နိုင်ခဲ့ပြီလား ဆိုတာကို စမ်းသပ်မယ့် ပွဲကောင်း တစ်ပွဲ ပါပဲ ။ ဒါဟာ လက်တွေမှာ ခက်ခဲ နေလိမ့်မယ် ဆိုတာကို ကျွန်တော်တို့ ကောင်းကောင်း သိရှိ ထားကြ ပါတယ် ”

” သူတို့ တွေဟာ ပြီးခဲ့တဲ့ ပွဲစဉ် တွေမှာ ဆက်လက် ကစားပုံနဲ့ ရလဒ်တွေ ကောင်းမွန်ခဲ့ ကြတယ်လေ ။ အကယ်လို့ လွန်ခဲ့တဲ့ ပွဲစဉ် 30 – 40 လောက်ကို ပြန်လည် ကြည့်ရှု လိုက်မယ် ဆိုရင် သူတို့တွေက ထိပ်တန်း အသင်း တစ်သင်း ဖြစ်တယ် ဆိုတာကို တွေ့မြင် ရပါ လိမ့်မယ် ” လို့ ဆိုးလ်ရှား က ရလဒ် ကောင်းနေခဲ့တဲ့ ပြိုင်ဖက် အသင်းကို ချီးကျူး သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular