ဘရိုက်တန်နဲ့ ပွဲစဉ်မှာ တော့တင်ဟမ် အတွက် အနိုင်ဂိုးကို သွင်းယူ ပေးခဲ့ပြီးနောက် ရီးရဲယ်မက်ဒရစ်ကို တိုက်ခိုက်မှု လုပ်ခဲ့တဲ့ မော်ရင်ညို

ဂျိုဆေးမော်ရင်ညိုဟာ မနေ့ညက ဘရိုက်တန်နဲ့ ပွဲစဉ်မှာ အသင်း အတွက် အနိုင်ဂိုးကို သွင်းယူ ပေးခဲ့သူ ဂါရက်ဘေးရဲ့ personality ကို ချီးကျူး သွားခဲ့ပြီး တော့တင်ဟမ် အတွက် ၎င်းရဲ့ နိုင်ပွဲ ရယူပေးခဲ့တဲ့ စွမ်းဆောင်ရည် အပေါ် မက်ဒရစ် ဘက်က ဘယ်လို တုန့်ပြန် သွားမလဲ ဆိုတာ သူစောင့်ဆိုင်း နေတယ်လို့ ဆိုလိုက် ပါတယ်။

ဘေးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက လာလီဂါ ချန်ပီယံ ရီးရဲယ်မက်ဒရစ် အသင်းထံ ကနေ စပါးကို အငှား စာချုပ်နဲ့ ပြောင်းရွေ့ လာခဲ့တာ ဖြစ်ပြီး မနေ့ညက ဘရိုက်တန်ကို ၂-၁ နဲ့ နိုင်ခဲ့တဲ့ ပွဲမှာ အသင်း အတွက် ခေါင်းတိုက် အနိုင်ဂိုးကို သွင်းယူ ပေးခဲ့ပြီး တော့တင်ဟမ်ကို အမှတ်ပေးဇယားရဲ့ ဒုတိယ နေရာကို ပို့ဆောင် ပေးခဲ့ပါတယ်။

myan789

ကိန်းဟာ ပွဲချိန် ၁၃ မိနစ်မှာ ပင်နယ်တီ ကနေ တဆင့် တော့တင်ဟမ် အတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ပေမယ့်လည်း လမ်တေးက ၅၆ မိနစ်မှာ ပြန်လည် ချေပ ခဲ့တာကြောင့် ပွဲဟာ အကြိတ်အနယ် ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း မိနစ် ၇၀ မှာ လူစားဝင် လာခဲ့တဲ့ ဘေးဟာ ကွင်းထဲဝင်ပြီး ၃ မိနစ် အကြာမှာပဲ ရယ်ဂီလွန်ရဲ့ ဖြတ်တင်ဘောကို ခေါင်းတိုက်ကာ စပါး အတွက် အနိုင်ဂိုးကို သွင်းယူ ပေးခဲ့တာ ဖြစ်ပါတယ်။

နည်းပြ မော်ရင်ညို ကတော့ ဝေးလ်လက်ရွေးစင်ရဲ့ ကွင်းတွင်း ပေးဆပ်ပုံ အားလုံးကို ဝမ်းမြောက် နေခဲ့ပြီး ၎င်းရဲ့ မိခင်ကလပ် အပေါ် ထိုးနှက်မှုလည်း လုပ်သွား ခဲ့ပါသေးတယ်။ စပိန်မှာ ရီးရဲယ်မက်ဒရစ် ပရိတ်သတ်တွေ နဲ့ ဇိဒန်း တို့ဟာ ဘေးနဲ့ ဆက်ဆံရေး ပျက်တောက်ခဲ့ပြီး နောက်ဆုံးမှာတော့ ကလပ်မှာ အနာဂတ် မရှိတော့တဲ့ ဝေးလ်လက်ရွေးစင်ဟာ စပါးကို ပြန်လည် ပြောင်းရွေ့ဖို့ ဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ်။

မော်ရင်ညိုက “သူဟာ တစ်ပတ်တာ ကာလ အတွင်း တိုးတက် လာနေ ခဲ့ပါတယ်။ သူ့ကို ကြည့်ပြီး ပြောတာ မဟုတ်ပါဘူး။ အချက်အလက်တွေက သက်သေ ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း သိသလို ဂါရက်လည်း သိပါတယ်။ ကျွန်တော်တို့ အိုင်ဒီယာတွေ ခံစားချက်တွေ share လုပ်ကြပါတယ်။ သူဟာ ဒီဂိုးနဲ့ ထိုက်တန်ပါတယ်။ ကျွန်တော့်မှာ အချိန် ငါးမိနစ် ရှိမယ်ဆိုရင် မက်ဒရစ်ဝက်ဆိုက်ကို သွားကာ ဘေးနဲ့ ပက်သက်ပြီး သူတို့ ဘာတွေ ပြောကြမလဲ ဆိုတာကို သွားရောက် ရှာဖွေ သွားမှာပါ။

သူဟာ အရမ်းကို ကောင်းတဲ့ စရိုက်လက္ခဏာကို ပြသ ထားခဲ့ပြီး အသင်း အပေါ် ကြီးမားတဲ့ သက်ရောက်မှု ပေးထားပါတယ်။ ပြီးတော့ ကျွန်တော်တို့ အတွက် အရမ်းကို အရေးပါတဲ့ ဂိုးကို သွင်းပေးခဲ့ပါတယ်။ သူဟာ လက်ကျန် ပွဲချိန် ၁၅ မိနစ်မှာ ဟယ်ရီနဲ့ အတူ အရမ်းကို အတွေ့အကြုံရှိတဲ့ ပုံစံနဲ့ ပူးပေါင်း ကစား သွားခဲ့ပါတယ်။ သူတို့ဟာ အရမ်းကို ပါးနပ်စွာ ဉာဏ်သုံး ကစား သွားခဲ့ကြပြီး အထူးသဖြင့် ဘောလုံးကို ကိုင်ကစားပုံတွေ ၊ ပြိုင်ဘက် အသင်း ကျွန်တော်တို့ကို နာကျင်မှု မပေးနိုင်တဲ့ဇုန်တွေကို ဘောလုံး ယူဆောင်ပုံတွေ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ သူ့ကို ဂရုစိုက်တယ် ဆိုတာ သူသိပါတယ်။ သူဟာ ကလပ်နဲ့ ပက်သက်ပြီး ဂရုစိုက်ပါတယ်။ ဒါဟာ လုံးဝကို အံဝင်မှု ရှိတဲ့ အရာ ဖြစ်ပါတယ်။ သူဟာ အရမ်းကို တည်ငြိမ်ပြီး ဉာဏ်ရည် မြင့်မားသူပါ။ အနိုင်ဂိုးကို သွင်းယူ ပေးခဲ့တဲ့ သူ့အတွက် ကျွန်တော် အရမ်း ကျေနပ်မိပါတယ်။” လို့ ဆိုသွားပါတယ်။

ဘေးဟာ မြောက်လန်ဒန်ကလပ်ကို ရောက်လာပြီးနောက် ၁ ပွဲ ပွဲထွက်ကာ ၃ ပွဲ လူစားဝင် ကစား သွားခဲ့ပြီး တစ်ဖြည်းဖြည်း ကြံ့ခိုင်မှု ပြည့်လာအောင် လုပ်ဆောင် နေပါတယ်။ မော်ရင်ညိုက လာမည့် ကြာသပတေးနေ့ လူဒိုဂိုးရက်နဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ ဘေး ပါဝင် ကစားသွားဖို့ ရှိနေပေမယ့် ကလပ်ဟာ သူနဲ့ ပက်သက်ပြီး အလောတကြီး မရှိဘူးလို့ ထုတ်ဖော်လိုက် ပါတယ်။

ဘေးက “သူဟာ မိနစ် ၉၀ အပြည့် မကစားနိုင်သေးပါဘူး။ ကျွန်တော်တို့ ယူရိုပါလိဂ်မှာ သူ့အတွက် ပွဲကစားချိန်တွေ ရအောင် အသုံးပြုပေးနေသလို ပရီးမီးယားလိဂ်မှာလည်း တက်နိုင်သမျှ သုံးပေး နေပါတယ်။ သူဟာ တစ်ဖြည်းဖြည်း ကောင်းသထက် ကောင်းလာပြီ ဖြစ်ပါတယ်။ သူဟာ လာမည့် ကြာသပတေးနေ့မှာ ပွဲထွက် သွားမှာပါ။ ဒါပေမယ့် သူ မိနစ် ၉၀ ကစား သွားမှာ မဟုတ်ပါဘူး။ ကျွန်တော် သူ့ကို မှန်ကန်တဲ့ ပုံစံနဲ့ အသုံးပြု သွားမှာပါ။” လို့ ဆိုခဲ့ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular