ဘယ်လာရင် ကို ခေါ်ယူဖို့ တရားဝင် ဆွေးနွေးမှုတွေ စတင်နေပြီ ဖြစ်တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီ ဟာ အာဆင်နယ် အသင်းရဲ့ ညာနောက်ခံလူ ဘယ်လာရင် ကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေတဲ့ အကြောင်း လန်ဒန် ကလပ် ထံ တရားဝင် အသိပေးလာခဲ့ပြီ ဖြစ်သလို ၊ လက်ရှိမှာတော့ နှစ်ဖက်တာ ဝန်ရှိသူတွေ အကြားမှာ ဆွေးနွေးစရာ ရှိတဲ့ ကိစ္စရပ်တွေ အားလုံး စတင်ထားခဲ့ပြီ ဖြစ်ပါတယ်။

ပြင်သစ် ချန်ပီယံဟာ ဘယ်လာရင် ရဲ့ ခြေစွမ်းကို သဘောကျနေတာ ကြာပါပြီ။ ဒါကြောင့် ဒေါ့မွန်အသင်းဆီ အလွတ်ကြေး နဲ့ ပြောင်းရွှေ့ သွားခဲ့တဲ့ မူနီယာ ရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။

myan789

အာဆင်နယ် ကလဲ ဘယ်လာရင် ကို အသင်းမှာပဲ ဆက်ပြီး ထိန်းထားချင်နေသလို ၊ စာချုပ်သစ် ကမ်းလှမ်းဖို့ အတွက်တောင် ပြင်ဆင်ခဲ့တာပါ။ သို့သော် လက်ရှိ အနေအထားမှာတော့ သင့်တော်တဲ့ ပြောင်းရွှေ့ကြေး ပမာဏမျိုးသာ ရရှိမယ် ဆိုရင်တော့ အပြောင်းအရွှေ့ ကိစ္စကို လက်ခံ စဉ်းစားပေးသွားမှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ ဟာ အပြောင်းအရွှေ့ ပမာဏ တိတိကျကျ ဖော်ပြထားတဲ့ ကမ်းလှမ်းမှုမျိုးကို ပေးပို့ဖို့ ပြင်ဆင်လျှက်ရှိနေပါပြီ။ ထုံးစံအတိုင်း အာဆင်နယ် က လိုချင်နေမယ့် ဈေးထက်တော့ နည်းပါးနေမှာ ဖြစ်ပေမယ့် ၊ နှစ်ဦး နှက်ဖက် လက်ခံနိုင်တဲ့ ပမာဏမျိုး အထိရောက်အောင် အပေးအယူ မျှမျှတတ နဲ့ ဆက်လက် ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။

ဘာလို့လဲ ဆိုတော့ တစ်ဖက်မှာလဲ အာဆင်နယ် ဟာ သူတို့ရဲ့ အဓိက ပစ်မှတ်တွေ ခေါ်ယူနိုင်ဖို့ အတွက် ငွေက လိုနေတာပါ။ အထူးသဖြင့် အေတီကို က သောမတ် ပါတေး ၊ လီယွန် က အာအူရာ တို့ကို ခေါ်ယူဖို့ ဟာ လက်ရှိ အသင်းရဲ့ ဦးစားပေး အစီအစဉ်တွေ ဖြစ်လို့ ၊ မလိုအပ်တော့တဲ့ ကစားသမား အများစုကို အရောင်း စာရင်းတောင် တင်ထားပါတယ်။

သို့သော် ရီးရဲ မက်ဒရစ် အသင်းရဲ့ ကွင်းလယ် ကစားသမား စီဘယ်လော့ ကို ပြန်လည် ခေါ်ယူထားတာကြောင့် ၊ အဲဒီ ပစ်မှတ်တွေ အကြားမှာ အပြောင်းအလဲတွေ ဖြစ်သွားလား ဆိုတာတော့ ဘယ်သူမှ ရှင်းရှင်းလင်းလင်း မသိသေးပါဘူး။

စီဘယ်လော့ဟာ ဒီတစ်ပတ် ထဲမှာ အသင်းဆီ ပြန်လည် ရောက်ရှိလာမှာ ဖြစ်ပြီး ၊ ယူကေ အစိုးရက ချမှတ်ထားတဲ့ စည်းမျဉ်းတွေ အရ 14 ရက် ကွာရာတင်း ဝင်ရဦးမှာပါ။ ဒီတစ်ကြိမ်မှာတော့ အာဆင်နယ် ဟာ သူ့အတွက် အငှားခ အပြင် ၊ လစာပေးချေမှု တစ်စိတ် တစ်ပိုင်းကိုသာ ပေးချေရမှာ ဖြစ်ပါတယ်။

နည်းပြ အာတီတာ အတွက် ကံကောင်းတာ တစ်ခုက ညာတောင်ပံ ခံစစ်နေရာမှာ စီးဒရစ် လဲ ရှိနေသလို ၊ မေလန်းနိုင်းကလဲ ပုံစံကောင်းတွေ ရနေတာမို့ ၊ အရေးပေါ် ပြန်လည် ဖြည့်တင်းတာမျိုးတွေ လုပ်ဆောင်စရာ မလိုဘူးလို့ ပြောရမှာပါ။

ဘယ်လာရင်ဟာ 2011 ခုနှစ် က ဘာစီလိုနာ ကနေ အာဆင်နယ် ဆီ ပြောင်းရွှေ့ လာခဲ့သူ ဖြစ်ပြီး ၊ အသင်းအတွက် ပွဲပေါင်း 205 ပွဲ အထိ ပါဝင် ကစားပေးခဲ့ပြီးပြီ ဖြစ်သလို ၊ စာချုပ် သက်တမ်းကလဲ 2023 ခုနှစ် အထိ ချုပ်ဆိုထားတာ ဖြစ်ပါတယ်။

ဘယ်လာရင် ရဲ့ အပြောင်းအရွှေ့ သတင်းတွေဟာ ပြီးခဲ့တဲ့ လပိုင်း ကတည်းက သဲ့သဲ့လေးတွေ ထွက်နေခဲ့တာ ဖြစ်သလို ၊ ဘိုင်ယန် နဲ့ ဂျူဗီ တို့က စိတ်ဝင်စားတဲ့ အကြောင်းလဲ သတင်းထွက်ခဲ့ပါတယ်။

သို့သော် ပီအက်စ်ဂျီ က စားပွဲဝိုင်းပေါ်ကို ရောက်နေပါပြီ။ အာဆင်နယ် ကလဲ အခြား ပစ်မှတ်တွေ အတွက် ငွေလိုနေချိန် ဖြစ်သလို ၊ ပီအက်စ်ဂျီ ကလဲ ငွေပေးနိုင်တဲ့ ကလပ်မို့ သဘောတူညီမှု ရရှိလိမ့်မယ်လို့ပဲ မျှော်လင့်ထားလိုက်ကြရအောင်ဗျာ….

ဖက်ရှင် မင်းသား ကတော့ ပဲရစ် ကို ပြောင်းရမယ့် အခွင့်အရေး ကို လုံး၀ လက်လွှတ်ခံမှာ မဟုတ်တာလဲ သေချာနေပါတယ်။ သူဟာ ဘောလုံးကစားနည်း အပြင် ၊ သူ့ရဲ့ နောက်ထပ် ဝါသနာ တစ်ခုဖြစ်တဲ့ ဖက်ရှင် ပညာတွေကိုပါ လေ့လာခွင့် ရနိုင်သွားတယ် မဟုတ်လား…………

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular