ဘန်လေအသင်းအား ရှုံးနိမ့်ခြင်းမှာ မိမိအမှားသာဖြစ်သည်ဟု ကလော့ပ် ဆို

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ဘန်လေအသင်းအား ရှုံးနိမ့်ခြင်းမှာ မိမိအမှားသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ကြာသပတေးနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဘန်လေအသင်းကို အိမ်ကွင်း အန်ဖီးလ်၌ (၁-၀)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ယင်းမှာ အသင်းအတွက် ပရီးမီးယားလိဂ်နောက်ဆုံး (၅)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ခြင်းလည်း ဖြစ်သည်။

myan789

ထို့ပြင် လီဗာပူးလ်အသင်းသည် ဘန်လေအသင်းကို အန်ဖီးလ်ကွင်းတွင် ရှုံးနိမ့်ခဲ့ခြင်းကြောင့် ပရီးမီးယားလိဂ်အိမ်ကွင်း (၆၈)ပွဲဆက် ရှုံးပွဲမရှိ စံချိန်ရပ်တန့်သွားခဲ့သလို၊ အမှတ်ပေးဇယားထိပ်ဆုံးမှ မန်ယူ (၄၀ မှတ်)နှင့် (၆)မှတ်အထိ ကွာဟသွားခဲ့သည်။

ကလော့ပ်က “မရှုံးနိုင်တဲ့ပွဲတစ်ပွဲကို ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါက ကျွန်တော့်အမှားပါ။ ကစားသမားတွေကို ခံစားချက်ကောင်းမွန်အောင်နဲ့ ယုံကြည်မှုရှိအောင် လုပ်ပေးဖို့က ကျွန်တော့်တာဝန်ပါ။ ဒါပေမဲ့ ကျွန်တော် မလုပ်ပေးနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့အနေနဲ့ ဂိုးရနိုင်တဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမဲ့ အဆုံးသတ်ကတော့ မကောင်းခဲ့ပါဘူး။ ပြီးခဲ့တဲ့အပတ်က ကျွန်တော် ပြောခဲ့သလိုပါပဲ။ အခုအချိန်မှာ ကျွန်တော်တို့ လုပ်နိုင်တာက အကောင်းဆုံးကြိုးစားဖို့ပါပဲ”ဟု ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ် နောက်ဆုံး(၅)ပွဲတွင် (၃)ပွဲသရေ၊ (၂)ပွဲရှုံးရလဒ် ထွက်ပေါ်ခဲ့ခြင်းဖြစ်ပြီး ယင်းပွဲ(၅)ပွဲတွင် (၁)ဂိုးသာ သွင်းယူနိုင်ခဲ့သလို၊ နောက်ဆုံး(၄)ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိပေ။

ထို့ပြင် ကလော့ပ်က မိမိတို့အနေဖြင့် လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို မစဉ်းစားနိုင်သေးကြောင်းနှင့် ချန်ပီယံလိဂ်ဝင်ခွင့်ရရန်သာ အာရုံစိုက်ရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular