ဘန်လေနဲ့ ပွဲမှာ သူ ဗီလိန် မဖြစ်အောင် ကာကွယ်ပေးခဲ့တဲ့ အာဆင်နယ် အသင်းဖော်ကို ကျေးဇူးတင်လိုက်တဲ့ ဘန်ဝှိုက်

အာဆင်နယ် အသင်း နောက်ခံလူ ဘန်ဝှိုက် က ဘန်လေ နဲ့ ပွဲတွင် သူ့ရဲ့ နောက်ပြန်ပေးပို့မှု မှားသွားချိန်မှာ နှလုံး ခုန် အရမ်းမြန်သွားသလို မျိုး ဖြစ်ခဲ့ရကြောင်း ဝန်ခံလိုက်ပြီး ဂိုးသမား အာရွန် ရမ်စ်ဒဲလ် ကို ကျေးဇူးတင် စကားဆိုသွားခဲ့ပါတယ် ။

ဘန်လေ နဲ့ ပွဲမှာ အိုဒီဂွါဒ် ရဲ့ဖရီးကစ် သွင်းဂိုးနဲ့ အာဆင်နယ် အသင်းဟာ အနိုင် ရရှိ သွားခဲ့ပြီး ၂ ပွဲဆက် နိုင်ပွဲကို ပုံဖော် နိုင်ခဲ့ပါတယ် ။ ဘန်လေ နဲ့ ပွဲမှာ ဘန်ဝှိုက်ဟာ အာဆင်နယ် ပရိသတ်တွေ စိုးရိမ် ရင်ခုန်ရအောင် အခိုက်အတန့် တစ်ခု ပြုလုပ် ခဲ့မိပါတယ် ။

myan789

နွေရာသီမှာ ဘရိုက်တန် အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ နဲ့ ရောက်ရှိလာတဲ့ ဘန်ဝှိုက် ဟာ ဒုတိယပိုင်း ပွဲချိန်အတွင်း ဂိုးသမားကို ဘောလုံး ပြန်ပေးရာမှာ အားပျော့သွားခဲ့ပြီး တစ်ဖက် ပြိုင်ဘက် ကစားသမား က ကြားဖြတ် ရယူ သွားခဲ့ပါတယ် ။

အဲ့ဒီ အချိန်မှာ ဂိုးသမား ရမ်စ်ဒဲလ် ဟာ ဘောလုံးကို ရှင်းထုတ်ခဲ့ရပြီး ပြိုင်ဘက် ကစားသမား လဲကျသွားတာကြောင့် ဒိုင်လူကြီးက ပင်နယ်တီ အဖြစ် သတ်မှတ် ပေးခဲ့ပါတယ် ။ ဒါပေမယ့် VAR ပြန်ကြည့်အပြီးမှာတော့ ဒိုင်လူကြီး အန်တိုနီတေလာဟာ ပင်နယ်တီကို ပြန်လည် ပယ်ဖျက်ပေးခဲ့ပါတယ် ။

VAR ကြည့်ရာမှာ ရမ်စ်ဒဲလ် ဟာ ဘောလုံးကို အရင်ထိလိုက်နိုင်တာကြောင့် လူ​ပေးမှားတဲ့ ဘန်ဝှိုက် တစ်ယောက် ဗီလိန် မဖြစ်သွားခဲ့ရတာ ဖြစ်ပါတယ် ။ ပွဲအပြီးမှာတော့ ဘန်ဝှိုက် ဟာ အသင်းဖော် အာရွန် ရမ်စ်ဒဲလ် ကို ကျေးဇူးတင် စကားဆိုသွားခဲ့ပါတယ် ။

” အဲ့ဒီ အခိုက်အတန့် က ကျွန်တော့်အတွက် တကယ့်ကို ခက်ခဲပါတယ် ၊ နှလုံးခုန်တောင် စည်းချက် မမှန်တော့သလို အထိ ဖြစ်သွား ခဲ့ရတာပါ ၊ ကျွန်တော်တို့ ကစားရတဲ့ ကွင်းရဲ့ မြက်ခင်းက အတော်လေးကို ခြောက်သွေ့နေခဲ့ပါတယ် ။ ”

” ဒါကြောင့် ကျွန်တော့်ရဲ့ နောက်ပြန်ပေးမှုက လိုရာကို မရောက်ပဲ ဖြစ်သွားခဲ့ပါတယ် ၊ ကံကောင်းစွာနဲ့ပဲ အာရွန် က ကျွန်တော့်ကို ကယ်တင်လိုက်ပါတယ် ။ Clean-Sheet တွေ ရတာက အရမ်း အရေးပါတယ်လို့ ထင်ပါတယ် ။ ”

” ပွဲတစ်ပွဲမှာ ဂိုးမပေးရအောင် ကစားနိုင်ရင် အနိုင်ရနိုင်ချေ များပါတယ် ၊ ကျွန်တော်တို့ တိုက်စစ်မှာ အရည်အသွေးမြင့် ကစားသမားတွေ ရှိနေပြီးသားပါ ၊ ဒါကြောင့် Clean-Sheet တွေသာ ဆက်တိုက်ရရင် ကျွန်တော်တို့ နိုင်ပွဲတွေ ဆက်တိုက် ယူနိုင်ပါလိမ့်မယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular