ဗာနာ ရဲ့ ခြေစွမ်း တိုးတက်ရေး အတွက် လီဗာပူး ရဲ့ လမ်းစဉ် ကို လိုက်နာဖို့ လမ်းပတ် ထံ တိုက်တွန်း ပြောဆိုလာတဲ့

ချဲလ်ဆီး အသင်း ရဲ့ ဂျာမနီ လက်ရွေးစင် တိုက်စစ်မှူး တီမို ဗာနာ ဟာ လွန်ခဲ့တဲ့ ၂ပတ် က ကစားခဲ့တဲ့ ဆောက်သမ်တန် အသင်း နဲ့ တဖက် ၃ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့တဲ့ပွဲမှာ အသင်း အတွက် ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုး ၂ဂိုး နဲ့ ဂိုးဖန်တီးမှု ၁ကြိမ် စတင် စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ် ။

အဲ့ဒီနောက် ပြီးခဲ့တဲ့ အပတ် ကြားရက် မှာ ကစားခဲ့တဲ့ ဆီဗီးလား နဲ့ ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲ ၊ ပြီးခဲ့တဲ့ စနေနေ့ က ကစားခဲ့တဲ့ အိုးလ်ထရစ်ဖို့ဒ် မန်ယူနိုက်တက် အသင်း နဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲတွေမှာ ချဲလ်ဆီး တို့ ဂိုးမရှိ သရေ ရလဒ်သာ စွမ်းဆောင် နိုင်ခဲ့ပါတယ် ။

myan789

ဒီ ၂ပွဲမှာ ဗာနာ ဟာ ပုံစံကောင်း ပျောက်ဆုံးခဲ့သလို ၊ ချဲလ်ဆီး တိုက်စစ် လှုပ်ရှားပုံ ကလည်း မေးခွန်း ထုတ်စရာ ဖြစ်ခဲ့ပါတယ် ။ ခံစစ်ပိုင်း အတွက် အတောင့်တင်းဆုံး ပွဲထွက် စာရင်း ကို ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် တယောက် ရှာဖွေ တွေ့ရှိထားပြီ ဖြစ်ပေမယ့် ၊ တိုက်စစ် အတွက်တော့ အခု အချိန်ထိ အဖြေရှာမရ ဖြစ်နေပါသေးတယ် ။

အထူးသဖြင့် လမ်းပတ် အနေနဲ့ တောင်ပံ တိုက်စစ် ကစားပုံ ကို ပြန်ပြီး အားပြုဖို့ လိုနေပါတယ် ။ ဟာကင် ဇီယက်ချ် ပွဲထွက် ကစားဖို့ ကြံ့ခိုင်မှု မပြည့်သေးတာ က ချဲလ်ဆီး အသင်း ရဲ့ တောင်ပံ တိုက်စစ် ကစားအား ကို အပြည့်အဝ မမြင်ရသေးတာ ဖြစ်ပါတယ် ။

ချဲလ်ဆီး ပရိသတ်တွေ ကတော့ ပူလီဆစ် – ဗာနာ – ဇီယက်ချ် ၃ယောက်တန်း တိုက်စစ် အတွဲနဲ့ ကွင်းလယ် တိုက်စစ် နံပါတ် ၁၀ role မှာ ဟာဗက်ဇ် ကို တွဲပေးမယ့် ပုံစံ ကို ပွဲထွက် စာရင်းမှာ မြင်တွေ့လိုနေကြပါတယ် ။

ချဲလ်ဆီး ကွင်းလယ်လူဟောင်း အလန် ဟတ်ဒ်ဆန် ကတော့ ဖရန့် လမ်းပတ် အနေနဲ့ ဗာနာ ရဲ့ အရည်အသွေး ကို အပြည့်အဝ အသုံးချနိုင်ဖို့ ၊ ပွဲထိန်းဖို့ ခံစစ် အားပြုနေရတဲ့ ကစားဟန် ကို ဖျောက်ပစ်ကာ ၊ လီဗာပူး အသင်း ကဲ့သို့ မာနေး ၊ ဆာလက် တို့ကို တောင်ပံ တိုက်စစ် အသားပေး ပုံစံမျိုး စတင် ကျင့်သုံး ဖို့ လိုအပ်နေကြောင်း တိုက်တွန်း ပြောဆိုလာပါတယ် ။

Caught Offside နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာ အလန် ဟတ်ဒ်ဆန် က ” အထူးသဖြင့် ကျွန်တော် ဟာ ဗာနာ အတွက် စိတ်မကောင်း ဖြစ်မိပါတယ် ။ ဘာလို့လဲ ဆိုတော့ သူဟာ အရှေ့ မှာ တယောက်တည်း ဘောလုံး လက်ခံယူဖို့ ပြေးတက်သွားပေမယ့် ၊ သူ့ကို သတိထားမိမယ့် ၊ ဖန်တီးမှုတွေ ၊ ပေးပို့မှုတွေ လုပ်ပေးမယ့် အသင်းဖော်တွေ ရှိမနေလို့ပါ ။ ”

” ခံစစ် အသားပေး ပုံစံ ကိုသာ ကျင့်သုံးနေမယ် ဆိုရင် ဗာနာ ဟာ ဒီလို လုပ်အားကောင်းကောင်း နဲ့ ကစားတာတွေ ရပ်တန့်သွားနိုင်ပါတယ် ။ ဆောက်သမ်တန် နဲ့ ပွဲမှာ နာကျင် အချိန်ပို ချေပဂိုး ပေးခဲ့ရပြီး သူ ခေါင်းငိုက်စိုက်ပြီး စိတ်ပျက်သွားခဲ့တာကို ကျွန်တော် မြင်ခဲ့ရပါတယ် ။ သူ့ အတွေးထဲမှာလည်း ‘ နိုင်ပွဲတွေရဖို့ ငါဘာတွေ လုပ်ရမှာလဲ ‘ လို့ တွေးမိနေခဲ့ပါမယ် ။ ”

” အဲ့ဒီပွဲတုန်း က သွင်းဂိုး ၂ဂိုးလုံး မှာ ဖန်တီးပေးခဲ့သူတွေ ရှိခဲ့ပေမယ့် ၊ ဂိုးရဖို့ အတွက် က သူ တယောက်တည်း ရုန်းကန်ပြီး ကြိုးစားသွားခဲ့တာ ဖြစ်ပါတယ် ။ ဒါဟာ လီဗာပူး မှာ မာနေး ၊ ဆာလက် တို့ ကစားတဲ့ ပုံစံမျိုးပါပဲ ။ သူတို့ ၂ယောက် အရှေ့ကို ပြေးတက်သွားရင် ၊ အနောက် ကနေ ပံ့ပိုးမှုတွေက အသင့်ရှိကြပါတယ် ။ ”

” ဒါဟာ ယာဂင် ကလော့ပ် အလိုရှိတဲ့ တိုက်စစ် ကစားပုံမျိုးပါ ။ ဗီလာ နဲ့တုန်းက သူတို့ ၇ – ၂ နဲ့ အရေးနိမ့်ခဲ့တာတောင် ချေပဂိုးတွေ ပြန်ရဖို့ အတွက် တိုက်စစ် ချခဲ့တာမျိုး မရှိခဲ့ပါဘူး ။ ဒီလို ပုံစံ နဲ့ သူတို့ဟာ ချန်ပီယံလိဂ် ၊ ပရီးမီးယားလိဂ် ဖလားတွေကို ဆွတ်ခူးခဲ့တာပါ ။ ဖရန့် ဟာ ကလော့ပ် ရဲ့ ယှဉ်လိုက်ရင် ဒီလို အိုင်ဒီယာမျိုး အထိ မတွေးနိုင်သေးပါဘူး ။ ”

” သူဟာ ခြေစွမ်း မပြနိုင်တဲ့ ကစားသမား တွေကိုသာ အပြစ်ဆက်တင်ပြီး တင်နေပါတယ် ။ ဒီ အတိုင်းသာ ဆက်သွားနေမယ် ဆိုရင် ဖရန့် ဟာ ချဲလ်ဆီး အသင်း ကို ထိပ်တန်း အဆင့် အောင်မြင်မှု တွေ စွမ်းဆောင်ဖို့ အတွက် လုံလုံလောက်လောက် အရည်အသွေး ကောင်းမွန်ခြင်း မရှိသေးပါဘူး ။ ”

” မနှစ်တုန်းက သူ ကံကောင်းခဲ့ပါတယ် ။ ဘာလို့လဲ ဆိုတော့ လီဗာပူး က ချန်ပီယံဆု ကို တကောင်တည်း ပြေးတဲ့ မြင်းပြိုင်ပွဲ အသွင်နဲ့ ရယူသွားခဲ့တာ ဖြစ်ပြီး ၊ မန်ယူနိုက်တက် ၊ အာဆင်နယ် ၊ တော့တင်ဟမ် အစရှိတဲ့ အင်အားကြီး အသင်းတွေ ဆုတ်ယုတ်ချိန် နဲ့ ကြုံတွေ့ခဲ့လို့ပါ ။ ”

” ဒီနှစ်မှာတော့ အဲဗာတန် ၊ ဝုလ်ဗ် အစရှိတဲ့ အလယ်အလတ် အသင်းတွေက အစ တိုးတက် ပြောင်းလဲမှုတွေ ရှိလာပြီး ၊ တော့တင်ဟမ် ၊ အာဆင်နယ် တို့ဟာလည်း အသီးသီး ပြန်လည် ဦးမော့ဖို့ ကြိုးစားနေကြပါပြီ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular