‘ ဗာနာ မှာ သွေးအေးတဲ့ အဆုံးသတ်ပုံမျိုး မရှိနေသလို ၊ ဒီရာသီမှာ သူ ၈ဂိုးလောက် ပိုရခဲ့သင့်ပါတယ် ‘ – မင်တို

ချဲလ်ဆီး အသင်း ရဲ့ ယူရိုသန်း ၅၀တန် ဂျာမန် လက်ရွေးစင် တိုက်စစ်မှူး တီမို ဗာနာ ဟာ ဒီရာသီ အစောပိုင်း မှာ အထူး ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ၊ နောက်ပိုင်းမှာ စွမ်းဆောင်ရည်ကောင်း မပြနိုင်ခဲ့တဲ့ အပြင် ၊ ဂိုးရဖို့ အတွက်ပါ ရုန်းကန်လာရကာ ၊ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၀ပွဲဆက် ဂိုးပေါက်ပျောက်မှုနဲ့ ရင်ဆိုင်နေရပါတယ် ။

အစောပိုင်း ပွဲစဉ်တွေမှာ ဗာနာ ဟာ ချဲလ်ဆီး အသင်း ရဲ့ အထောင် တိုက်စစ် ကို အဓိက ဦးဆောင်နေခဲ့ရပေမယ့် ၊ တောင်ပံ တိုက်စစ် နေရာတွေမှာ ဒဏ်ရာ ပြဿနာ တချို့ ရှိနေလို့ ၊ ဝင်ကူဖြည့် ကစားပေးခဲ့ရတာကို တွေ့ရပါတယ် ။ ဒါဟာ ၎င်းရဲ့ ခြေစွမ်း အပေါ် အနည်း နဲ့ အများ သက်ရောက်မှု ရှိစေပါတယ် ။

myan789

တသင်းလုံး မှာ အဖက်ဖက် က ခြေစွမ်းပြနေတဲ့ အချိန်တုန်းက ဗာနာ ရဲ့ အခန်းကဏ္ဍ က သိပ်ပြီး ထူးခြားမှု မရှိဘူး လို့ ထင်ရပေမယ့် ၊ တကယ်တမ်း နိုင်ပွဲတွေ အတွက် ဂိုးတွေ လိုအပ်တဲ့ အချိန်မှာ တောင်ပံ တိုက်စစ် နဲ့ တီမို ဗာနာ နဲ့ အပ်စပ်မှု မရှိဘူး ဆိုတာ ပိုပြီး သိသာ ထင်ရှားလာခဲ့ပါတယ် ။

ချဲလ်ဆီး နောက်ခံလူဟောင်း စကော့ မင်တို ကတော့ ဗာနာ ကို နေရာ ၂မျိုးမှာ အသုံးပြုထားတဲ့ ဖရန့် လမ်းပတ် ရဲ့ နည်းစနစ် ချဉ်းကပ်ပုံ အပေါ် ရှင်းလင်း သုံးသပ်ရင်း ၊ ဗာနာ ဟာ အခု အချိန်မှာ သွေးအေးတဲ့ တိုက်စစ်မှူး တယောက် မဟုတ်ကြောင်း နဲ့ ဒီမတိုင်ခင် ကလည်း အခွင့်အရေး တချို့ ကနေ ၈ဂိုးလောက် ပိုရခဲ့သင့်တယ် လို့ ပြောဆိုခဲ့ပါတယ် ။

Stadium Astro နဲ့ တွေ့ဆုံခဲ့ရာမှာ မင်တို က ” ဗာနာ ဟာ ပြိုင်ဖက် နောက်ခံလူတွေကို အိပ်က်ဆိုးတွေ ပေးတဲ့ တိုက်စစ် ကစားသမားမျိုးပါ ။ အကယ်၍ သူ့ကို ဘယ်တောင်ပံ တိုက်စစ် မှာ ထားမယ် ဆိုရင် ၊ ဖရန့် လမ်းပတ် အနေနဲ့ ဆုံးဖြတ်ချက် တခုတော့ ချရပါမယ် ။ အရှေ့မှာ သူ့ကို အရပ်အမောင်း ကောင်းကောင်း နဲ့ အထောင် တိုက်စစ် တယောက်ယောက် တွဲထားပေးရပါမယ် ။ ”

” တမ်မီ အေဘရာဟမ် ဖြစ်ဖြစ် ၊ အိုလီဗီယာ ဂျရူး ဖြစ်ဖြစ် အထောင် တိုက်စစ်မှာ ထားပြီး ၊ ဗာနာ က ပင်နယ်တီ ဧရိယာထဲ ဘောလုံး နဲ့ အတူ ချိုးဝင်လာတဲ့အခါ ၊ ချိတ်ဆက် ကစားလို့ ရစေဖို့ အတွက် ဖြစ်ပါတယ် ။ ဒီတွဲလုံးမျိုး ကို အာဆင်နယ် နဲ့ ပွဲမှာ တချက် မြင်လိုက်ရပါတယ် ။ ”

” ဒီလိုမှ မဟုတ်ရင်တော့ ဗာနာ ကို အထောင် တိုက်စစ် နေရာ ၊ ပြိုင်ဖက် ရဲ့ နောက်ဆုံး နောက်ခံလူ နေရာမှာ ထားကစားပါ ။ ပြီးတော့ အရပ်အမောင်း သေးတဲ့ တိုက်စစ် ကစားသမား တွေနဲ့ အတိုပေး ချိတ်ဆက် ကစားဖို့ ၊ ပြိုင်ဖက် ရဲ့ သိပ်သည်းတဲ့ ခံစစ်ကြောင်း ကို သူ့ရဲ့ လျင်မြန်မှု နဲ့ ထိုးဖောက်ဖို့ ကြိုးစားရပါမယ် ။ ”

” အဆုံးသတ်ပိုင်း အကြောင်း ပြောရရင် ဒီရာသီ မှာ သူဟာ ပြိုင်ပွဲစုံ ၈ဂိုးသာ ရထားခဲ့တာ သူ့ အမှားပါပဲ ။ အခွင့်အရေးတွေ ဒီထက် အများကြီး ရခဲ့သေးတဲ့ အတွက် သူဟာ အနည်းဆုံး နောက်ထပ် ၇ဂိုး ၊ ၈ဂိုးလောက် ထပ်သွင်းနိုင်ခဲ့သင့်ပါတယ် ။ လက်ရှိ အချိန် အထိ ဗာနာ ဟာ အနည်းဆုံးတော့ ရွေ့လျားမှုကောင်းကောင်း နဲ့ နေရာယူမှန်နေပါတယ် ။ ”

” ဒါ့အပြင် တကိုယ်တော် ထိုးဖောက်မှု ၊ အံ့သြဖွယ် အတိုးအလှုပ် ၊ အတို့အထိတွေနဲ့ ဂိုးသမား နဲ့ one by one တွေ့တဲ့ အနေအထားတွေ အထိ အခွင့်အရေး ရအောင် ယူထားနိုင်ခဲ့ပါတယ် ။ ကလပ်ဖက်က မျှော်မှန်းထားတဲ့ သွေးအေးတဲ့ အဆုံးသတ်ကောင်းတဲ့ တိုက်စစ်မှူး တဦး အသွင် ကို မရောက်သေးတာပဲ ရှိတာပါ ။ ”

” ဒါပေမယ့် ကျွန်တော် ကတော့ မကြာခင် မှာ သူဟာ ပုံစံကောင်း တဖန် ပြန်ရလာမယ် ဆိုတာ ယုံမှား သံသယ မဝင်မိပါဘူး ။ နည်းစနစ်ပိုင်း အရ ၊ ခံစစ်ပိုင်း ပံ့ပိုးပေးပုံ အရ ၊ ဘယ်တောင်ပံ ထွက်ကစားနေတဲ့ ဗာနာ မှာ ပြဿနာ ရှိနေတယ် လို့ ကျွန်တော် ခံစားရပါတယ် ။ ”

” ဒီတော့ ဖရန့်ဖက်က ဗာနာ ကို သူ အားမသန်တဲ့ ဘယ်တောင်ပံ မှာ ဆက်သုံးပြီး ၊ ခုနက ကျွန်တော် ပြောခဲ့သလို ၊ အတွင်းချိုး ၊ တဖက်က အသင်းဖော် တိုက်စစ်မှူး တယောက် နဲ့ ချိတ်ဆက်ပေးမှာလား ၊ ဒါမှမဟုတ် အထောင် တိုက်စစ် နေရာကို ပြန်ပို့မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ဗာနာ ဟာ လာမယ့် နှစ်အနည်းငယ် အတွင်း ချဲလ်ဆီး အသင်း ရဲ့ ကြီးကျယ်တဲ့ ကစားသမား ဖြစ်လာမယ် လို့ ကျွန်တော် ယုံကြည်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular