ဗာဂျယ်ဗန်ဒိုက်ကြောင့် သောကများနေရတဲ့ ကလော့ရဲ့ ဝေဒနာကို လျော့ပါးအောင် လုပ်ပေးနိုင်မယ့် ကစားသမားကို ထုတ်ဖော်လိုက်တဲ့ ပီတာခရောက်ချ်

ပီတာခရောက်ချ်က လီဗာပူး အသင်းဟာ နာမည်ကျော် front three ရဲ့ နေရာမှာ ကောင်းကောင်း အစားထိုး ကစားပေး နိုင်စွမ်း ရှိတဲ့ ဟန်ချက်ညီတဲ့ Back up options တွေကို ပိုင်ဆိုင်ထား တယ်လို့ ဆိုလိုက်ပါတယ်။ ဆက်လက်ပြီး ခရော့ချ်က ဗာဂျယ်ဗန်ဒိုက် အပြင် နောက်ထပ် အဓိက ကစားသမား တစ်ဦးကို ကာလရှည် ထပ်မံ ဆုံးရှုံး သွားရမှာကို စိုးရိမ်နေတဲ့ နည်းပြ ယာဂန်ကလော့ အတွက် ဒီယေဂိုဂျိုတာဟာ ဒီသောကတွေကို လျော့ပါးစေမယ့် ကစားသမား ဆိုတာ အသေအချာပဲလို့ ယုံကြည် နေပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက ဝုဖ်အသင်း ကနေ ခေါ်ယူထားတဲ့ ဂျိူတာဟာ ဒီရာသီ လီဗာပူး အတွက် ပုံစံကောင်း ပြသနေပြီး မနေ့ညက မစ်ဂျီလန်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဥ်မှာ အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူ ပေးခဲ့ပြီး ဒါဟာ အန်ဖီးကလပ် အတွက် ၎င်းရဲ့ တတိယမြောက် သွင်းဂိုး ဖြစ်ပါတယ်။ ဒီရာသီ ပွဲစဥ်တွေ အများကြီး ဆက်တိုက် ကစားသွားရမယ့် အနေအထားကြောင့် ကလော့ အနေနဲ့ သူ့ရဲ့ ပင်တိုင် တိုက်စစ်အတွဲ ဖြစ်တဲ့ မာနေး ဆာလား ဖာမီနို တို့ကို အနားပေးမှုတွေ ပြုလုပ်ဖို့ လိုအပ်ပြီး ၎င်းတို့ရဲ့ back up အဖြစ် လက်ရှိမှာ ပေါ်တူဂီစတား အပြင် မီနာမီနို ၊ ရှကီရီ တို့ကလည်း အသင့် ရှိနေကြပါတယ်။

myan789

အိုရီဂီ ကလည်း အသင်းမှာ ရှိနေဆဲ ဖြစ်တာကြောင့် ကလော့ အနေနဲ့ ခါတိုင်းနှစ်တွေကနဲ့ ယှဥ်ရင် အများကြီး အင်အားကောင်းတဲ့ တိုက်စစ် options တွေကို ပိုင်ဆိုင်ထားခဲ့ပြီး ဒီအတွက်ကြောင့်လည်း ပရီးမီးယားလိဂ် ချန်ပီယံ အနေနဲ့ လိုရင် လိုသလို လှည့်လည် သုံးစွဲမှုတွေ လုပ်နိုင်ပြီ ဖြစ်ပါတယ်။ လီဗာပူးအတွက် ၁၃၄ ပွဲမှာ ၄၃ ဂိုးသွင်ယူ ပေးခဲ့သူ ခရောက်ချ်က ဒါဟာ သူ့အသင်းဟောင်း အတွက် ကောင်းတဲ့ အချက်လို့ ယူဆနေပြီး လီဗာပူး အရန် ကစားသမားတွေရဲ့ အရည်အသွေးကိုလည်း ချီးကျူး သွားပါတယ်။

ခရောက်ချ်က ”ပြီးခဲ့တဲ့ အိုင်ယက်နဲ့ ချန်ပီယံလိဂ် ပွဲစဥ်မှာ မာနေး ဆာလား ဖာမီနို တို့ရဲ့ နေရာမှာ ဂျိုတာ မီနာမီနို နဲ့ ရှကီရီ တို့ ၃ ယောက်စလုံး တစ်ပြိုင်နက် ဝင်ကစား ခဲ့ကြပါတယ်။ ဒါကို ကြည့်လိုက်မယ် ဆိုရင် ကစားသမား အားလုံး ဒီရာသီ အခွင့်အရေးတွေ ရရှိမယ့် ပုံစံ ဖြစ်ပါတယ်။ သူတို့ဟာ ဒီရာသီ ပွဲတွေ အများကြီး ကစားသွား ရမှာ ဖြစ်ပြီး ဗာဂျယ်ဗန်ဒိုက်ကို ဆုံးရှုံး ခဲ့ရပြီးနောက် ယာဂန်ကလော့ဟာ မာနေး ဒါမှမဟုတ် ဆာလား ၊ အရေးပါတဲ့ ကစားသမားတွေကို ကာလရှည် လက်လွှတ် ရမှာကို ပိုမို စိုးရိမ်သွားမှာ ဖြစ်ပါတယ်။

ပြီးတော့ ဂျိုတာဟာ အရည်အသွေးမြင့် ကစားသမား တစ်ဦးပါ။ သူဟာ အရမ်းကို အလုပ် ကြိုးစားတဲ့ ကစားသမား ဖြစ်ပြီး pressing တွေကိုလည်း အကောင်းဆုံး ကစား နိုင်ပါတယ်။ ဒါတွေဟာ လီဗာပူးတို့ တိုက်စစ် ကနေ စတင် လုပ်လေ့ရှိတဲ့ အရာပါ။ ဒီ ၃ ဦးတွဲ တိုက်စစ်ဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း လီဗာပူး အတွက် တအား ကောင်းခဲ့ပါတယ်။ ဒါပေမယ့် သူတို့ကို ဒီထက် ပိုကောင်းအောင် လုပ်ပေးရမယ် ဆိုတဲ့ တောင်းဆိုမှုတွေက အမြဲ ရှိနေပါတယ်။

ကျွန်တော် ကတော့ ဂျိုတာဟာ လီဗာပူး အတွက် အရမ်းကောင်းတဲ့ ခေါ်ယူမှုလို့ ထင်ပါတယ်။ သူ ဝင်ရောက် လာခဲ့ပြီးနောက် ၃ ဦးတွဲ တိုက်စစ် ကစားသမားတွေကို ဖိအား ပေးနိုင်ခဲ့ပါတယ်။ လီဗာပူး ပရိတ်သတ် အချို့ဟာ မာနေးကို အထောင်တိုက်စစ် ၊ ဂျိုတာကို ဘယ်တောင်ပံ ၊ ဆာလား ကို ညာတောင်ပံမှာ ထားကစားတဲ့ တိုက်စစ် အတွဲအဖက်ကို အလိုရှိနေကြတယ်လို့ ကျွန်တော် ကြားခဲ့ရပါတယ်။

မီနာမီနို ကလည်း ဖာမီနို ကို နေရာ တစ်နေရာ အတွက် ခြိမ်းခြောက် နေပါတယ်။ ဒါဟာ သူတို့အတွက် ရွေးချယ်စရာတွေပါ။ ကလော့ အနေနဲ့ ဒါမျိုးပုံစံတွေကို ဒီရာသီမှာ အသုံးပြု သွားနိုင်တယ်လို့ ကျွန်တော် မြင်မိပါတယ်။” လို့ ဆိုသွားပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက လီဗာပူး ကနေ ထွက်ခွာရန် အလွန် နီးစပ်နေပြီးကာမှ အန်ဖီးမှာ ဆက်ရှိနေခဲ့တဲ့ ရှကီရီ နဲ့ ပက်သက်ပြီး ခရောက်ချ်က ”နေရာတစ်နေရာ အတွက် သူ့မှာ များပြားတဲ့ ပြိုင်ဆိုင်မှုတွေ ရှိပါတယ်။ ဒါပေမယ့် သူဟာ ပွဲထွက်ကစား နိုင်လောက်အောင် ကောင်းမွန်မှု ရှိပါတယ်။ ကျွန်တော့်တုန်းကလည်း ဒီလိုမျိုး ဖြစ်ခဲ့ပါတယ်။ မှတ်မိပါသေးတယ်။ ဖာနန်ဒိုတောရက်စ် လီဗာပူးကို ရောက်လာတုန်းက ကျွန်တော် ရှိနေခဲ့ပါတယ်။ သူရောက်လာခဲ့ပြီးနောက် တစ်ရာသီမှာ ကျွန်တော် ပွဲတွေ သိပ်မကစား ခဲ့ရပါဘူး။

ဒါပေမယ့် တောရက်စ် ထွက်ခွာသွားချိန်မှာ ကျွန်တော်လည်း လီဗာပူးမှာ မရှိတော့ပါဘူး။ ကျွန်တော်သာ အဲဒီမှာ ဆက်နေဖြစ်ခဲ့မယ်ဆိုရင် ၂ ရာသီ ၃ ရာသီလောက် ဒီလို ကြီးကြယ်တဲ့ ကလပ်မှာ ကောင်းကောင်း ကစားခွင့် ရလာမှာပါ။ ကစားသမားတွေကို ကျွန်တော် ပြောချင်တာကတော့ နေရာတစ်နေရာ အတွက် တိုက်ပွဲဝင်ရတဲ့ အခါမှာ လွယ်လင့်တကူ အရှုံးမပေးဖို့ပါ။ ဘာလို့လဲဆိုတော့ ဒီလို စပယ်ရှယ် ကလပ်မှာ နေရာတစ်နေရာ အတွက် ပြိုင်ဆိုင်ရတာ ဂုဏ်ယူစရာ ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular